ယနေ့အတွက် ဖတ်စရာကဏ္ဍ


သိုင်းဝတ္ထုချစ်သူတွေအတွက် ဘာသာပြန်သိုင်းစာအုပ်အသစ် ထွက်ပြီဗျို့ !!!
…..
စာအုပ်အမည် - ပြိုင်ဘက်ကင်း သိုင်းနတ်ဘုရား
စာစဉ်အမှတ် - ( ၁ ) / သေခြင်းရှင်ခြင်း စိန်ခေါ်ပွဲကွင်းပြင်မှ တိုက်ပွဲခေါ်သံ
ဘာသာပြန်စာရေးဆရာ - သန်းထက်အောင်
ဖတ်ညွှန်း ။	။ 

လူတစ်ယောက်ရဲ့ သေခြင်းရှင်ခြင်းကိုသာမက ကံကြမ္မာကိုပါ ဆုံးဖြတ်ပေးနိုင်တဲ့ ‘သိုင်းပညာ’ ၊ လူတစ်ယောက်ရဲ့ မွေးရာပါစွမ်းရည်ကို ‘သိုင်းဝိညာဉ်’ နှင့် ဆုံးဖြတ်ခြင်း ၊ စိတ်ဝိညာဉ်စွမ်းအားကို အဓိကထားတဲ့ ဒီလို ကမ္ဘာကြီးထဲကို ကမ္ဘာမြေကနေ လူငယ်တစ်ယောက် ရောက်လာခဲ့။ သူ့ရဲ့ နာမည်က - လင်းဖန် - မိဘမဲ့ … ။

သူ့ရဲ့ ဘဝမှာ စွပ်စွဲခံရမှုနဲ့ ဖိနှိပ်ခံရမှုတွေနဲ့ ပြည့်နေပြီး ဘယ်လောက်ကြိုးစားကြိုးစား အရာမထင် အဓိပ္ပာယ်မဲ့နေတဲ့ လူငယ်တစ်ယောက်အဖြစ်နဲ့ပေါ့။ ဟွာရှကျန်းနန်းကျောင်းရဲ့ စီနီယာကျောင်းသားဖြစ်တဲ့ လင်းဖန်ဟာ ရုတ်တရက် ကားတိုက်ခံရမှုကြောင့် အခြားကမ္ဘာကို စိတ်ဝိညာဉ် လွင့်မျောရောက်ရှိသွားပြီး သူ့နာမည်နဲ့တူတဲ့ သခင်လေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်လာခဲ့တယ်။ ‘သခင်လေး’ ဆိုပေမဲ့ မူလခန္ဓာပိုင်ရှင်ရဲ့ စိတ်ဝိညာဉ် level ဟာ တော်တော်လေး နိမ့်ကျတယ်။ 

စာမြည်း ။	။ “အမှောင်ဝိညာဉ်က အမြင်အာရုံနဲ့ အကြားအာရုံကို တိုးလာစေရုံသာမက လျင်မြန်မှုနဲ့ နားလည်နိုင်စွမ်းလည်း တိုးလာပုံပေါ်တယ် …”

လင်းဖန် ပြုံးလိုက်၏။ ညံ့ဖျင်းသော နားလည်နိုင်စွမ်းနှင့် မြွေဝိညာဉ်ကြောင့် သူ့ကို အသုံးမကျသည့်ကောင်လို့ ခေါ်ခဲ့ကြသည်။ သူ့အသက်အရွယ်နှင့်ဆိုလျှင် ချီစုဆောင်းမှုအဆင့် ၆ နှင့်အထက်သို့ ရောက်ရှိနေရပေမည်။ ထို့ပြင် သူ၏ နားလည်နိုင်စွမ်းကလည်း အခြားသူများနှင့်ယှဉ်လျှင် နိမ့်နေခဲ့၏။ သိုင်းကျင့်စဉ် တစ်မျိုးတည်းသာ သူလေ့ကျင့်ခဲ့တာတောင်မှ ရေလှိုင်းငါးသွယ်သာ ရောက်ရှိခဲ့သည်။ ထို့ကြောင့် သူ အမြဲတမ်း အနောက်ပြောင် ခံခဲ့ရ၏။ 
…….
ကဲ … ထပ် spoil ရရင် ဒီဝတ္ထုကတော့ စကတည်းက ကြမ်းတာခင်ဗျ။ ဝတ္ထုအစမှာတင် ဇာတ်ရှိန်မြင့်နေတာမျိုးပေါ့။ လင်းဖန်ရဲ့ စိတ်ဝိညာဉ်နိုးထခြင်းအဆင့်က ဆက်တိုက်ဆိုသလို စိတ်ဝင်စားဖို့ ကောင်းလာချက်ကတော့ ဖုန်းကို လက်ကမချချင်တော့ဘူး … ဟဲဟဲ ။
ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်။

ခုမှ စာစဉ်အသစ် စတာမို့ ခုပဲ ဝယ်လိုက်တော့ဗျို့။ 

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09969998500 မှာ မေးမြန်း စုံစမ်းနိုင်ပါတယ်ခင်ဗျ။

Related Posts