ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“ကသောင်းကနင်းဖြစ်ပေါ်နေတဲ့ ပရမ်းပတာဖြစ်ရပ်များရဲ့ စနစ်ကျမှုတွေကို လေ့လာရအောင်”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများရှင့် … 

ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ဝတ္ထုဇာတ်လမ်းတွေ ဖတ်ရှုရတာပျင်းနေပြီလားရှင့်။ တကယ်လို့ ဝတ္ထုတွေချည်း ဖတ်ရှုရတာ ပျင်းနေပြီဆိုရင် ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ ထွက်ရှိလာတဲ့ စာအုပ်သစ်လေးကို ဖတ်ကြည့်လိုက်ပါဦးလို့ ဦးစွာတိုက်တွန်းလိုက်ပါတယ်နော်။ အဲ့ဒီစာအုပ်ကတော့ “ခေးအော့စ်” ဆိုတဲ့ စာအုပ်ပါပဲ။ စတီဗင်ဟော့ကင်းအက်ဆေးများ၊ အနုစိတ်သိသမျှရုပ်လောက ( ဘက်ညီမှုနှင့် လောကနိယာမများ ) စတဲ့ စာအုပ်တွေကို ဘာသာပြန်၊ ရေသားပြုစုခဲ့သူ၊ လန်ဒန်တက္ကသိုလ်မှာ ပညာသင်ခဲ့ပြီး ဒေါက်တာဘွဲ့ရရှိထားတဲ့ ရူဗေဒဆရာတစ်ဦးဖြစ်သူ ( ဆရာ ) ဘိုးလှိုင်က ရေးသားပြုစုထားတာပဲ ဖြစ်ပါတယ်။

“အင်္ဂလိပ်စကားလုံး Chaos ကို ပရမ်းပတာ၊ ကသောင်းကနင်း၊ အလွန်ရှုပ်ထွေးခြင်း၊ ဗြောင်းတိဗြောင်းဆန် စသည်ဖြင့် သာမန်အနက်ကောက်လို့ရပါတယ်။ သို့သော် သိပ္ပံအရဆိုရင်တော့ Chaos ဆိုတာ ပရမ်းပတာဖြစ်သော်လည်း ထိုပရမ်းပတာထဲမှာ အစီအစဉ်တစ်ခု ရှိနေတတ်တယ်။ စည်းရှိနေတတ်တယ်”

ဒီစာအုပ်ထဲမှာ လူသားတွေက အစပြုလို့ ကြီးမားကျယ်ပြန့်တဲ့ စကြာဝဠာကြီးအထိ ကြားမှာ ပြောင်းလဲဖြစ်ပျက်နေတဲ့ အစီအစဉ်မကျတဲ့ အရာတွေထဲက စနစ်တကျရှိမှုကို လေ့လာကြရမှာပါ။ အဆက်အစပ်မရှိဘူးလို့ ထင်တားတဲ့အရာတွေက သေသေချာချာ စဉ်းစား ဆင်ခြင်ကြည့်တဲ့အခါ အချို့အရာတွေက စနစ်တကျဖြစ်ပေါ်လေ့ရှိတာကို အံ့အားသင့်စွာ မြင်တွေ့ရပါလိမ့်မယ်။ ဆရာ့ရဲ့ ဥပမာတစ်ခုကို ကောက်နုတ်ဖော်ပြပါရစေ။ 

“ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပာနဂိုရ်ကနွားမ ပေါင်ကျိုးသလား”
မြန်မာတွေ ပြောလေ့ရှိတယ်။ မဆီမဆိုင်ရှင်၊ ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပာနဂိုရ်ကနွားမ ပေါင်ကျိုးတာ၊ မဆိုင်ရေးချမဆိုင်ပါတဲ့။ ငြင်းမယ်ဆို ငြင်းနိုင်ပါရဲ့။ သို့ပေမဲ့ နယူးဒေလီကလိပ်ပြာကြောင့် ဘော်စတွန်မှာ မိုးမုန်တိုင်းကျရတာကတော့ … ။ 

စကားရပ်လို့ ကြားဖြတ်ပြီး ဆိုရင်တော့ ဒီစာအုပ်က ဝန်ဇင်းချစ်ပရိသတ်တွေကို ဦးနှောက်မုန်တိုင်းဆင်စေမယ့် စာအုပ်ပဲ ဖြစ်ပါတယ်ရှင့်။ စာအုပ်ထဲက စိတ်ဝင်စားဖွယ် အကြောင်းအရာလေးတစ်ခုကို ထပ်မံကောက်နုတ် ဖော်ပြလိုက်ပါရစေဦး။ 
…….
နည်းနည်းကလေး ကွာခြားတာပါဆိုပြီး လျစ်လျူမရှုလေနဲ့။ အဲဒီနည်းနည်းလေးက ခြားနားမှုအများကြီး ဖြစ်စေနိုင်တယ်။ အများတကာ ကြားဖူးကြပါတယ်။ 

သံတစ်ချောင်းလိုနေလို့ မြင်းခွာကျွတ်တယ်။ 
မြင်းခွာကျွတ်လို့ မြင်းချေနာတယ်။ 
မြင်းခြေနာလို့ မြင်းသည်တော် ခရီးမရောက်။ 
မြင်းသည်တော်ခရီးမရောက်လို့ စစ်သတင်းမှန် စစ်သူကြီး မသိ။ 
စစ်သတင်းမှန် စစ်သူကြီးမသိလို့ စစ်ပွဲရှုံး။ 
စစ်ပွဲရှုံးလို့ ဧကရာဇ်မင်းမြတ် ထီးနန်းကျ။ 
…….
ခေးအော့စ်ကို 
-	သက်ရှိကောင်ရေပြဿနာမှာ တွေ့ရတယ်။ ပြီးတော့ 
-	ရာသီဥတုနဲ့ မိုးလေဝသပညာ
-	ကုန်ဈေးနှုန်းနဲ့ စီးပွားရေးပညာ
-	အီလက်ထရွန်းနစ်နဲ့ လူသုံးပစ္စည်းတွေ
-	လေဆာနဲ့ အခြေခံကျတဲ့ ရူပဗေဒပြဿနာတွေ
-	ကြယ်တာရာနဲ့ နက္ခတ္တဗေဒပညာ
-	နှလုံးခုန်နှုန်းနဲ့ ဆေးပညာ
-	အက်တမ်၊ အီလက်ထရွန်တွေနဲ့ ကွမ်တမ်မက္ကင်းနစ်
ကုန်ကုန်ပြောလိုက်ရင်တော့ ၂၀ ရာစုရဲ့ နေလိုလလို သိပ္ပံကျော်ကြီးတွေဖြစ်တဲ့ အိုင်းစတိုင်း ( Einstein ) နဲ့ နီဘိုး ( Niels Bohr ) တို့ ရင်းရင်းနှီးနှီး ( သို့သော် ပေါ်ပေါ်လွင်လွင် ) အငြင်းပွားရတဲ့ “ထာဝရဘုရား ကြွေအံကစားသလား” ( Does God Play Dice ) ဆိုတဲ့ အခြေခံ ဒဿနတရားတွေအထိ အကျုံးဝင်နေပါတယ်။ 
…….
ကဲ ၊ ဝန်ဇင်းချစ်ပရိသတ်ကြီးလည်း ကသောင်းကနင်းနဲ့ ပရမ်းပတာဖြစ်ပျက်မှုတွေထဲက အစီအစဉ်တကျ ဖြစ်ပေါ်နေတဲ့ စနစ်ကျသေသပ်မှုတွေကို လေ့လာရင်း ဦးနှောက်မုန်တိုင်းဆင်ကြမယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ခုစာအုပ်လေးကို ငွေကျပ် *၁၀၀၀* ကျပ်တည်းဖြင့် ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်နော်။ 
………….
ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ဝတ္ထုတွေ၊ စာအုပ်တွေကို ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူဖတ်ရှုလို့လည်းရ၊ ကိုယ်နဲ့မကွာ ရှိနေတဲ့ ဖုန်းထဲမှတဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ … ဒီလို အခွင့်အရေးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်တွေကို ဝန်ဇင်းမှာ ခုပဲ ဝယ်ယူဖတ်ရှုလိုက်ရအောင်နော်။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းတွေအတွက်လည်း ဒီလို စာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦး။ 
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ဆရာဘိုးလှိုင်ရဲ့ စာအုပ်တွေကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်”
“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင့်”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။  

Related Posts