ယနေ့အတွက် ဖတ်စရာကဏ္ဍ


“ဝတ္ထုတိုချစ်သူတိုင်း အတွက် စာရေးဆရာနေမျိုးရဲ့ ဝတ္ထုတိုပေါင်းချုပ်ကို ဝန်ဇင်းမှာ ဖတ်ရှုနိုင်ပါပြီ”

စာအုပ်အမည် - ဝတ္ထုတိုပေါင်းချုပ် ( NAY MYO COLLECTION )
စာရေးဆရာ - နေမျိုး 
ဖတ်ညွှန်းတို - ကဗျာဆရာ ကာတွန်းဆရာ ပန်းချီဆရာ ဇာတ်ညွှန်းရေးဆရာ ဒါရိုက်တာလည်းဖြစ်တဲ့ စာရေးဆရာနေမျိုးရဲ့ ဝတ္ထုတွေကို ဝန်ဇင်းစာချစ်သူတို့ အနည်းငယ် မြည်းစမ်း ဖတ်ရှုကြည့်ဖူးပါလိမ့်မယ်။ သမားရိုးကျ ရေးရိုးရေးစဉ်ထဲက ဖောက်ထွက်ထားတဲ့ မော်ဒန်အရေးအသားနဲ့ အကြောင်းအရာတွေ ပါဝင်တင်ပြထားတဲ့ ဝတ္ထုတိုတွေကို စာဖတ်သူအနေနဲ့ မေ့ဖျောက်ရခက်နေပါလိမ့်မယ်။ ဒီစာအုပ်ထဲမှာ ဝတ္ထုတို ( ၅၀ ) ခန့်ကို မြင်တွေ့ရမှာဖြစ်ပြီး အချို့ဝတ္ထုတိုတွေက ဘယ်မဂ္ဂဇင်းမှာမှ ပုံနှိပ်ဖော်ပြခြင်း မပြုရသေးတဲ့ ဝတ္ထုတိုတွေပဲ ဖြစ်ပါတယ်။ တစ်ပုဒ်ဖတ်ပြီးတိုင်း တစိမ့်စိမ့်နဲ့ ဝတ္ထုတိုအရသာကို ခံစားရင်း နောက်တစ်ပုဒ် ဖတ်ရင်း ဝတ္ထုတိုတွေ ကုန်သွားမှာစိုးတဲ့ ဖီလင်မျိုး ခံစားရပါလိမ့်မယ်။ 

ဝတ္ထုတချို့ရဲ့ ခေါင်းစဉ်တွေကို ပြောပြရရင် …

-	ပြန်ပေးဆွဲခံရသောညများ ( Story of The Month ) 
-	အခန်းထဲမှာ သူမ မရှိဘူး
-	တောကျီးကန်း
-	ကြေကွဲဖွယ် ရတနာသိုက် 
-	မှတ်ဉာဏ်ထဲမှာ 
-	ကြေးရုပ်မြို့တော်
-	သိန်း ၂၀ တန် နေ့လယ်ခင်း
-	သံနဲ့လုပ်ထားတဲ့ အိပ်မက်
-	ဤဝတ္ထုထဲတွင် ဘုရားသခင်သည် ကျွန်တော့်ဇာတ်ကောင် မဟုတ်ပါ
-	အိပ်မက်အမှတ် 009 N
-	King of the Writers 
-	အင်္ဂါဂြိုဟ်သားနှင့် ကဗျာဆရာ စကားပြောခြင်း 
-	ရေစိုနေတဲ့စက္ကူ
-	ခိုတွေနဲ့ည

ကဲ … စာရေးဆရာနေမျိုးရဲ့ ဝတ္ထုတိုတွေကို ဖတ်ရှုခံစားမယ်ဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး  *၈၀၀* ကျပ်တည်းနဲ့ ဖတ်ရှုနိုင်ပါပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်။ 

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

“ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဦးနော်” “ဖတ်ချင်တဲ့ စာအုပ်တွေရှိရင်လည်း comment box ထဲမှာ ရေးသားခဲ့နိုင်ပါတယ်” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

-	အောင်မြင်သူတိုင်း စာဖတ်ကြသည်။ 
-	သင်လည်း အောင်မြင်ချင်ရင် ဝန်ဇင်းမှာ စာဖတ်ပါ။ 

Related Posts