ယနေ့အတွက် ဖတ်စရာကဏ္ဍ


“သွားရင်းလာရင်း၊ အိမ်မှာနေရင်း နားရင်း ဖုန်းထဲကနေ ဖတ်ဖို့ စာအုပ် ( ၂ ) အုပ်”

……………

သိုင်းဝတ္ထုချစ်သူများအတွက် >>> သိုင်းလောက၏ စိန်ခေါ်သံ - စာစဉ် ( ၁၁ ) 

စာရေးသူ >>> တက္ကသိုလ်နေလင်းအောင် 

ဖတ်ညွှန်းတို >>> နာမည်ကြီး သိုင်းဝတ္ထုရှည်ကြီးဖြစ်တဲ့ သိုင်းလောက၏ စိန်ခေါ်သံ၏ စိန်ခေါ်သံကတော့ တဖြည်းဖြည်းနဲ့ ဇာတ်သိမ်းပိုင်းကို နီးကပ်လာပြီပဲ ဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင်တော့ စာစဉ် ( ၁၁ ) ကို ဆက်လက် ဖတ်ရှုလို့ ရနေပြီပေါ့ခင်ဗျာ။ ကဲ … ဒီတော့၊ ဒီတစ်ခေါက် စာစဉ်ထဲမှာ ဘယ်လို ဇာတ်လမ်းအချိုးအကွေ့တွေ ပါဝင်လာမလဲ၊ တရုတ်သိုင်းဝတ္ထုတွေဟာ ဇာတ်သိမ်းခန်းနဲ့ နီးကပ်လာလေ၊ ပိုပြီး ရှုပ်ထွေးလာတတ်သလို မထင်မှတ်ထားတဲ့ ကြီးကြီးမားမား ဇာတ်လမ်းအချိုးအကွေ့တွေကိုလည်း ဖန်တီးလာတတ်ပါတယ်။ ဒီစာစဉ်ထဲမှာတော့ … 

“ဆရာကတော့ ငါ့ကို အရှုံးပေးခိုင်းနေပြီ။ ငါလည်း ဝါဆန်းဂိုဏ်းထဲ ပြန်ဝင်နိုင်မယ်။ ညီမလေးလိန်လိန်နဲ့ လက်ထပ်ရမယ်။ ငါ့ဘဝကတော့ ပျော်စရာ ကောင်းပြီ။ ဒါပေမဲ့ … လင်းလင်းကတော့ ဘယ့်နှယ်လုပ်မလဲ။ သူတို့သုံးယောက် ရှောင်လင်ကျောင်းမှာ ဆယ်နှစ်အချုပ်ခံရမယ်။ အသက်ရှင်လျက် ထွက်သွားဖို့ မလွယ်တော့ဘူး … ငါ့တစ်ယောက်တည်းရဲ့ အကျိုးအတွက် သူတို့အားလုံးကို ဒုက္ခရောက်အောင် လုပ်မလား” ( လင့်ဟူချုံး ) 

လင့်ဟူချုံးတစ်ယောက် - သူ့ဆရာရဲ့ အသေအကြေ တိုက်ခိုက်မှုကို အလူးအလဲ ခံနေရချိန်ပါပဲ။ ဘယ်လို အကြောင်းအရင်းခံတွေကြောင့် သူနဲ့ သူ့ဆရာကြားမှာ ခုလို တင်းမာမှုတွေ ဖြစ်လာခဲ့တာလဲ ? ပြီးတော့ နေမင်းသခင်ဂိုဏ်းကိုဝင်ဖို့ ဘယ်လိုပဲ ဆွယ်ဆွယ်၊ အနုနည်း အကြမ်းနည်းရော စုံအောင် ဆွယ်ပေမဲ့ တကယ်တမ်းမှာတော့ လင့်ဟူချုံးဟာ ဝါဆန်းဂိုဏ်းကို ပြန်ဝင်ဖို့ ဆန္ဒရှိနေတာကို မြင်ရပါလိမ့်မယ်။ ဒါပေမဲ့ ၊ တကယ်တမ်းလက်တွေ့မှာတော့ လင့်ဟူချုံးက ဘေးကျပ်နံကျပ် အခြေအနေ ….. ။ 

ကဲ …. ဘယ်လို ဇာတ်လမ်းမျိုးကို ဆက်လက် ဖတ်ရှုရမလဲ သိရအောင် ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ငွေကျပ် *၄၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုဖို့ မမေ့ပါနဲ့ဦးခင်ဗျ။ 

ဆန်းသစ်တဲ့ ဝတ္ထုမျိုးကိုမှ ဖတ်ရှုခံစားချင်သူများအတွက် >>> ကျွန်မရဲ့ ထိုပုရိသ 

စာရေးသူ >>> ခူးခူး

ဖတ်ညွှန်းတို >>> အစဉ်အလာထဲက ဖောက်ထွက် ရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ် >>> ဒီစာအုပ်ကတော့ စာရေးဆရာမ ခူးခူးရဲ့ ဆန်းသစ်တဲ့ လက်ရာတွေထဲက တစ်ပုဒ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ရှေးရိုးစဉ်လာသမား ( conservative ) တွေအတွက်ကတော့ အငြင်းပွားဖွယ်ရာ ဖြစ်မယ့် ဝတ္ထုတစ်ပုဒ်ပါပဲ။ ကဗျာဆန်တဲ့ ရေးသားတင်ပြပုံနဲ့ လတ်ဆတ်တဲ့ ဇာတ်လမ်းလေးက လူငယ်တွေရဲ့ ရင်ဘတ်ထဲ ကွက်တိဝင်သွားပါလိမ့်မယ်။ စာအုပ်ရဲ့ ရှေ့ဆုံးမှာပါတဲ့ စာစုလေးကို ဖတ်လိုက်ရကတည်းက ဒီဝတ္ထုဟာ ဘယ်လိုမျိုးဖြစ်မလဲ၊ တော်တော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဖတ်ရှုကြည့်ပါဦး …….

[ ပုံမှန်ဖြစ်စဉ်တွေလို အဲ့ဒီအမှုကို ကျူးလွန်ခဲ့တာ ကျွန်မ အရက်မူးနေလို့လည်း မဟုတ်ပါဘူး။ 

တခြား မူးယစ်စေတဲ့ ဆေးဝါးတစ်မျိုးမျိုးကို သုံးစွဲထားလို့လည်း  မဟုတ်ပါဘူး။ 

သူနဲ့ အကျွမ်းတဝင် ရှိနေလွန်းလို့လည်း မဟုတ်ပါဘူး။ 

ကိုယ့်မှာ ချစ်သူရှိနေရဲ့သားနဲ့ ဘာကြောင့် အလွယ်တကူ ကျွန်မရဲ့ အပျိုစင်ဘဝကို သူ့ဆီ ပေးအပ်ခဲ့မိတယ်ဆိုတာ ကျွန်မကိုယ် ကျွန်မလည်း နားမလည်နိုင်သေးပါဘူး။ 

ကျွန်မဟာ သိပ်လွယ်တဲ့ မိန်းမသားတစ်ယောက် မဟုတ်သလို၊ ကြေးစားတစ်ယောက်လည်း မဟုတ်ပါဘူး။ ] 

ဆယ်ကျော်သက်ရွယ် လူငယ်ဇာတ်လမ်းပဲ ဖြစ်ပြီး ဝတ္ထုဇာတ်အိမ်က ရိုးရိုးရှင်းရှင်းပါပဲ။ ဒါပေမဲ့ ဆန်းနေတာက ဇာတ်ကောင်တွေရဲ့ အဖြစ်အပျက်၊ ပြီးတော့ စာရေးသူရဲ့ ရေးသားတင်ပြပုံ … ကဲ၊ ဘယ်လိုဝတ္ထုဇာတ်လမ်းမျိုးကို ဖတ်ရှုမြင်တွေ့ရမလဲသိရအောင် ဒီစာအုပ်ကို ဝန်ဇင်းမှာသာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ 

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 

………….

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

…………

“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”

……

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts