ယနေ့အတွက် ဖတ်စရာကဏ္ဍ


[ စာဖတ်သူရဲ့ စိတ်ထဲကို ကြီးစိုးဝင်ရောက်သွားမယ့် ဂျစ်ပစီမလေး ‘ကာမင်း’ ….. ] 
…….

မင်္ဂလာပါဗျို့ ….

ဝန်ဇင်းစာချစ်သူများထဲက ဘာသာပြန်ရသစာပေကို တစိုက်မတ်မတ် ဖတ်ရှုကြသူတွေအဖို့ ဝန်ဇင်းမှလည်း ဘာသာပြန်စာအုပ်ကောင်းတွေကို အမြဲတင်ဆက်ပေးနေပါတယ်။ ဟော … ဒီနေ့မှာဆိုလည်း နောက်တစ်အုပ်။ ဒီတစ်အုပ်ကတော့ ထူးခြားတယ်။ တကယ်ကို ထူးခြားတယ်။ စာဖတ်သူရဲ့ စိတ်ကို အပြည့်အဝ လွှမ်းမိုးကြီးစိုးသွားတဲ့ ဂျစ်ပစီကောင်မလေး ‘ကာမင်း’ ကို မြင်လိုက်ရတဲ့အချိန်မှာ စာဖတ်သူဟာ ခေတ္တခဏ ဆွံ့အသွားလိမ့်မယ်။ အဲ့လောက်ကိုပါပဲ ….. ။ 

မူရင်းစာအုပ်က - - - ပြင်သစ်စာရေးဆရာ ပရော့စ်ပါးမာရီမီး ( Prosper Merimee ) ရဲ့ ‘KARMEN’

မြန်မာပြန်သူက - - - ပင်ကိုရေးနှင့် ဘာသာပြန်စာရေးဆရာ မောင်ထွန်းသူ 

စာအုပ်အမည် - - - ကာမင်း

ဖတ်ညွှန်း - တွေ့နေကြ ဝတ္ထုတွေလို ချစ်ကြိုက် လွမ်းဆွေး ကွဲညား သမားရိုးကျဇာတ်လမ်း မဟုတ်ဘူး။ ဝတ္ထုတစ်ပုဒ်လုံးကို လက်ကမချချင်အောင် ညှို့ယူထားတဲ့ အဓိက တရားခံက ဂျစ်ပစီမလေး ကာမင်း။ 

ဂျစ်ပစီမလေး ကာမင်း

ဂျစ်ပစီမလေးတွေက အများဖြင့် ရုပ်ဆိုးလေ့ရှိကြတယ်။ ဒါပေမဲ့ လှပြီဟေ့ ဆိုရင်လည်း အသားအရေ မျက်နှာအကျအပေါက်ကအစ အာရှသူတွေ လိုက်မမီအောင် လှကြတယ်။ အခု ‘ကာမင်း’ ဆိုတာ အဲ့ဒီလို အလွန်လှ အလွန်ချောတဲ့ ဂျစ်ပစီမလေးတစ်ယောက်ပေါ့။ ကျက်သရေရှိတဲ့ အလှပိုင်ရှင်။ ဒါပေမဲ့ …

ဒါပေမဲ့ ကာမင်းဟာ သူ့အလှကို တန်ဖိုးမထား။ ပရိယာယ်မာယာ အလွန်များတယ်။ စံတင်ရလောက်အောင် လိမ်တတ် ညာတတ်တယ်။ ပြီးတော့ ခိုးတတ်ဝှက်တတ်တယ်။ လိုချင်တာကို နည်းမျိုးစုံနဲ့ ရအောင်ယူတတ်တယ်။ ပြီးတော့ လိုအပ်လာရင် လူသတ်ဖို့လည်း လက်နှေးသူမဟုတ်။ ချုံ့ပြောရင် ကာမင်းဟာ …

“ဂျစ်ပစီမလေး ကာမင်းဟာ မကောင်းမှု ဒုစရိုက်မှာ မွေ့လျော်သူတစ်ယောက်”

မကောင်းမှုမှာ မွေ့လျောပေမယ့် သူမရဲ့ နှလုံးသားမှာ 

-	ချစ်တတ်တဲ့စိတ်တော့ ရှိသေးတယ်။ 
-	သံယောဇဉ်ကင်းသောအချစ်၊ လျှပ်တပြက်အချစ်မျိုး။ 
-	တစ်ဖက်လူအတွက် စဉ်းစားငဲ့ညှာပေးခြင်းမရှိတဲ့ အချစ်မျိုး။

ကာမင်းရဲ့ အလှကွန်ရက်ထဲ တိုးဝင်ငြိတွယ်သူမှန်သမျှ ဘဝပျက်ကြရတယ်။ ဒီကြားထဲမှာပဲ ကာမင်းရဲ့ ချစ်စရာ ခင်စရာ မြတ်နိုးစရာ နှစ်လိုဖွယ်ရာ သနားစရာကောင်းတဲ့ အကျင့်စရိုက်ကလေးတွေကိုလည်း ဖျတ်ခနဲ မြင်တွေ့ရတတ်သေးတယ်။ 

[ တကယ်တော့ ကာမင်းသည် လွတ်လပ်မှုမှတစ်ပါး အခြားဘာကိုမှ တွယ်တာမြတ်နိုးသူ မဟုတ်။ သူ့ကိုယ်သူ ‘ကာမင်းဟာ အမြဲတမ်း လွတ်လပ်နေမှာပါ’ ဟုပင် ပြောခဲ့သူ ဖြစ်၏။ ထို့ကြောင့်လည်း သူခိုးမကလေးဘဝ၊ မိန်းမရွှင်ဘဝနှင့် အလိမ်အညာမကလေးဘဝတွင် ကျင်လည်ကျက်စားခဲ့ရသော ကာမင်းသည် အမြင့်မြတ်ဆုံးနှင့် သနားစရာ အကောင်းဆုံးသော မိန်းမလှကလေးတစ်ဦးအဖြစ် ကမ္ဘာ့ခေတ်သစ်စာပေတွင် ထင်ရှားနေခြင်း ဖြစ်သည်ဟု စာပေဝေဖန်ရေးဆရာများက ဆိုခဲ့ကြပါသည်။ ] ( မောင်ထွန်းသူ ) 

ကာမင်းအပေါ် ဆရာမောင်ထွန်းသူ ညွှန်းဆိုထားတဲ့အချက် - ကာမင်းဟာ အမြင့်မြတ်ဆုံးနှင့် သနားစရာ အကောင်းဆုံးသော မိန်းမလှကလေးတစ်ဦးအဖြစ် ကမ္ဘာ့ခေတ်သစ်စာပေတွင် ထင်ရှားနေခြင်း - ဆိုတာ ဘယ်လောက်ထိ မှန်ကန်မှုရှိမလဲ၊ ကာမင်းဟာ စာဖတ်သူရဲ့ စိတ်ကို ဘယ်လောက်ထိ စိုးမိုးထားနိုင်မလဲ ?

အရမ်းကောင်းတဲ့ စာအုပ်လေးမို့ ဝန်ဇင်းစာချစ်သူများကိုလည်း လက်တို့လိုက်ရပါတယ်။
တကယ်လို့ ဖတ်မယ်ဆိုရင်လည်း ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုနိုင်ပြီဖြစ်ကြောင်း တစ်ဆက်တည်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။  

အခြား စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 
…………

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………

“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ ‘ကာမင်း’ ကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts