ယနေ့အတွက် ဖတ်စရာကဏ္ဍ


စာရေးဆရာမင်းသိင်္ခရဲ့ “မြေလျှောက်ဝိဇ္ဇာရွှေမြသာ” ( ဇာတ်သိမ်းပိုင်း ) ကို ဝန်ဇင်းမှာ ဆက်လက်ဖတ်ရှုနိုင်ပါပြီ

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီနေ့ကတော့ ဆရာမင်းသိင်္ခရဲ့ စာဖတ်ပရိသတ်တွေအဖို့ သတင်းကောင်းပါပဲ။ အကြောင်းကတော့ ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ ဆရာ့ရဲ့စာအုပ် - ဇာတ်သိမ်းပိုင်း ဆက်လက်ထွက်ရှိလာလို့ပဲ ဖြစ်ပါတယ်ခင်ဗျ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစလို့ တင်ဆက်ခဲ့တဲ့ “မြေလျှောက်ဝိဇ္ဇာရွှေမြသာ” ဝတ္ထုရှည်ရဲ့ ဇာတ်သိမ်းပိုင်းကို ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလို့ရပြီပဲ ဖြစ်ပါတယ်။ 

ဒီဝတ္ထုရှည်ဟာ ဂန္ဓာရီခရီးလမ်းကို လျှောက်လှမ်းသူ ဦးရွှေမြသာဆိုတဲ့ လူထူးဆန်းကြီးတစ်ယောက်ရဲ့ ဘဝထုပ္ပတ်ကို ရေးသားပုံဖော်ထားတာပဲဖြစ်ပြီး၊ ဦးရွှေမြသာရဲ့ ဘဝလမ်းကြောင်းတလျှောက် ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေ၊ ရင်ဆိုင်ခဲ့တဲ့ လူတွေအကြောင်းနဲ့ လေ့လာလိုက်စားခဲ့တဲ့ ကျင့်စဉ်တွေဟာ ထူးခြားဆန်းကြယ်ပြီး၊ ဘဝဒဿနနဲ့ လောကအမြင်တွေကို ပေါင်းစပ်ထားတဲ့ အတွေးအခေါ်တွေကြောင့် စာဖတ်သူအဖို့ ဖတ်ရှုတဲ့အခါ နည်းနည်းမှ ပျင်းရိငြီးငွေ့ခြင်းရှိမှာ မဟုတ်ပါဘူး။ 

“သဘာဝတရားဟာ ဘယ်တော့မှ အလောသုံးဆယ်မလုပ်ဘူး၊ လူကသာ အလောသုံးဆယ်လုပ်တာ။ အလောသုံးဆယ်ဆိုတဲ့စကားရဲ့ နောက်မှာ လောဘကြီးတာ ပါနေတယ်၊ မြန်မြန်ရချင် မြန်မြန်ဖြစ်ချင်တာပေါ့။ သဘာဝတရားမှာတော့ လောဘမရှိဘူး၊ အဲ့ဒီတော့ မြန်မြန်ဆိုတာမပါဘူး။ တန်ခိုးလိုချင်ရင်လည်း လူဟာ လုပ်လို့ရပါတယ်။ သဘာဝတရားကို နည်းယူပြီး နှေးနှေးမှန်မှန် လုပ်ရတယ်၊ မလုပ်သလို လုပ်သလိုနဲ့ တရွေ့ရွေ့သွားရတယ်၊ မြန်မြန်ဖြစ်ချင်လို့ လောလောလောလော လုပ်တဲ့သူတွေဟာ နှေးတာနဲ့မြန်တာ ပဋိပက္ခဖြစ်ပြီး နောက်ဆုံးမှာ ရူးသွပ်သွားတတ်တယ် ယောဂီကြီး” ( လက္ခနောင် ) 

“မင်းလိုချင်တာရဖို့ လမ်းကိုတော့ အဘတို့ပြနိုင်တယ်၊ ဒါပေမဲ့ မင်းဟာမင်းလုပ်ယူရမှာ၊ မင်းသဘောပေါက်ထားဖို့ကတော့ သူများအပင်က အသီးကို စားဖို့က သူများပေးမှ စားရမှာပဲ၊ ကိုယ်ကိုယ်တိုင် စိုက်တဲ့အပင်ရဲ့ အသီးကတော့ ကိုယ်စားချင်တဲ့အချိန် စားလို့ရတာပေါ့။ အဲ့ဒီတော့ တောင်းစားမှာလား၊ စိုက်စားမှာလား၊ မင်းဟာမင်းရွေးချယ်” ( ရသေ့အောင် ) 

“ဒီကောင်က သိပ်မုန်းစရာ ချဉ်စရာကောင်းလို့ ခြင်လို့ခေါ်တာ၊ ချမ်းသာတဲ့လူကို ဒုက္ခမပေးဘူး၊ ခြင်ထောင်နဲ့ မအိပ်နိုင်တဲ့လူကိုပဲ ဒုက္ခပေးတာ၊ ပြီးတော့ လူအားလုံးက ခြင်ကိုက်တယ်လို့ ပြောနေကြတယ်။ ခြင်မှာ ကိုက်စရာ ပါးစပ်မပါဘူး၊ အစွယ်ပဲပါတာ၊ အစွယ်နဲ့ထိုးတာဆိုတော့ ခြင်ထိုးတယ်လို့ ပြောရမယ်၊ ထိုးဖို့အတွက်လည်း အစွယ်ပါတယ်၊ ပျံဖို့အတွက် အတောင်ပါတယ်။ ဒီလိုသတ္တဝါကို စိတ်ကူးနဲ့ ပုံချဲ့ကြည့်ရင် တော်တော်ကြောက်ဖို့ကောင်းတာ၊ များများမဟုတ်ဘူး၊ ခွေးလောက်အရွယ် စိတ်ကူးကြည့်ရင် လောကကြီး ဆိတ်သုဉ်းသွားဖို့ ရှိတယ်” ( ခါးကုန်းမောင်ဉာဏ် ) 
…..
ဦးရွှေမြသာတစ်ယောက် ဘယ်လိုလူတွေနဲ့ ကြုံတွေ့ပြီး ဘယ်လိုပုံစံမျိုးနဲ့ ကြီးမားတဲ့ ဘဝအလှည့်အပြောင်းတွေ ရင်ဆိုင်ရမလဲ၊ ဂမ္ဘီရဆန်တဲ့ စိတ်တန်ခိုးကျင့်စဉ်တွေက ဘာတွေဖြစ်ဦးမလဲဆိုတာ စိတ်ဝင်တစားနဲ့ ဖတ်ရှုလိုတယ်ဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။
…….
ဆရာမင်းသိင်္ခရဲ့ စာအုပ်တွေအပါအဝင် အခြား သုတ၊ ရသ၊ သမိုင်း၊ ဘာသာပြန် စာအုပ်ကောင်းတွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ ဆရာမင်းသိင်္ခရဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts