ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


‘တွေးစရာ များစွာ ချန်ခဲ့ပေးမယ့် ဆရာကြီး ဦးအောင်သင်းရဲ့ စာအုပ်တစ်အုပ်’

စာအုပ်အမည် 	-	ကိုယ်ကျင့်နဲ့ ပညာ
စာရေးသူ	-	အောင်သင်း
စာညွှန်း 	-	

လူငယ်တွေအတွက် စိတ်ဓာတ်ခွန်အား ရရှိစေမယ့် စာပေတွေကို ရေးသားခဲ့တဲ့ စာရေးဆရာကြီးတွေထဲမှာ ဆရာ ဦးအောင်သင်းလည်း အပါအဝင် ဖြစ်ပါတယ်။ ဆရာကြီး ဦးအောင်သင်းဟာ စာပေဟောပြောခြင်း၊ ရေးသူဖတ်သူ ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခြင်း၊ စာပေဝေဖန်ရေး ဆောင်းပါးများ ရေးသားခြင်း၊ လူငယ်များအတွက် စာဖတ်အသင်း ယဉ်ကျေးမှု ထွန်းကား ဖွံ့ဖြိုးရေးအတွက် ဆော်သြ ရေးသားဟောပြောခြင်း၊ ပညာရေးဆိုင်ရာ ကျင့်ဝတ်ဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ သုတ/ရသ စာပေများ ရေးသားခြင်း၊ လူငယ်များ၏ ပစ္စုပ္ပန်နှင့် အနာဂတ်ဘဝများ၊ ကိုယ်ရည်ကိုယ်သွေး တောက်ပြောင် စိမ်းလန်းရေးအတွက် စာပေရေးသားဟောပြောခြင်း စတဲ့ လူငယ်ဗဟိုပြု စာပေရေးသားမှုတွေကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တဲ့ စာရေးဆရာကြီး တစ်ဦးပဲ ဖြစ်ပါတယ်။ 

အခုစာအုပ်ကတော့ ဆရာကြီး ဦးအောင်သင်းရဲ့ ဟောပြောချက်တွေကို စုစည်း ထုတ်ဝေထားတဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။ ကိုယ်ကျင့်ကောင်းများရှိသော ပညာ လူ့အဖွဲ့အစည်းဝင်များအတွက် ရှိသင့်ရှိအပ်သော စိတ်ယဉ်ကျေးမှု နှင့် ဖြန့်ဝေအပ်သော မျှဝေအပ်သော အသိပညာ၊ အတတ်ပညာ၏ တန်ဖိုးကို မိမိတို့ ဘယ်လို စိုက်ပျိုး မွေးမြူကာ ဘယ်လို သီးပွင့်ဖြစ်ထွန်းမလဲ၊ ဘယ်လို ဆွတ်ယူစားသုံးကြမလဲ၊ မိမိတို့ လူ့အဖွဲ့အစည်း၏ ချစ်ခြင်းမေတ္တာ၊ ဉာဏ်ပညာ၊ ကိုယ်ကျင့်တရားနှင့် စိတ်ယဉ်ကျေးမှု အစုစုသော လူ့အရင်းအမြစ် သယံဇာတများကို မည်သို့ ထိန်းသိမ်းစောင့်ရှောက် ထိန်းသိမ်းပွားများစေမလဲဆိုတာ တွေးစရာ များစွာကို ပေးစွမ်းမယ့် စိတ်ခွန်အားဖြည့် စာအုပ် တစ်အုပ်ပဲ ဖြစ်ပါတယ်။

- စာချစ်သူလည်း ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကို နှိပ်ပြီး ဖတ်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09969998500 မှာ မေးမြန်း စုံစမ်းနိုင်ပါတယ်။

- အောင်မြင်သူတိုင်း စာဖတ်ကြသည်။
- သင်လည်း အောင်မြင်ချင်ရင် ဝန်ဇင်းမှာ စာဖတ်ပါ။

Related Posts