ယနေ့အတွက် ဖတ်စရာကဏ္ဍ


စာချစ်သူတို့ ရွေးချယ်စရာ “သိုင်းလောက၏ စိန်ခေါ်သံ” စာစဉ် ( ၁၀ ) နှင့် ခပ်ဆန်းဆန်းဇာတ်လမ်းနှင့် ဝတ္ထုတစ်ပုဒ်

…………

ဒီနေ့အတွက် ဝန်ဇင်းစာချစ်သူတို့ ဖတ်ရှုနိုင်မယ့် စာအုပ်နှစ်အုပ် ရှိနေပါတယ်ခင်ဗျ။ နှစ်အုပ်စလုံးကတော့ ဝတ္ထုချစ်သူတွေအဖို့ ဖတ်ချင်စရာတွေချည်းပါပဲ။

ပထမ ရွေးချယ်ရန်စာအုပ် >>> တက္ကသိုလ်နေလင်းအောင်ရဲ့ “သိုင်းလောက၏ စိန်ခေါ်သံ”

စာစဉ် အမှတ် >>> ( ၈ ) 

ဒီစာစဉ်ထဲမှာတော့ လင့်ဟူချုံးတစ်ယောက်ရဲ့ ကြမ္မာက အထင်လွဲမှုပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်ဖြေရင်းနေရတဲ့ အခြေအနေအောက် ရောက်လို့နေပါတယ်။ အဆိုးဆုံးအချက်ကတော့ လင့်ဟူချုံးဟာ မကောင်းဆိုးဝါးဂိုဏ်းနဲ့ ပူးပေါင်းထားတာကြောင့် သူ့ရဲ့ ဖြေရှင်းချက်တွေက ရေပေါ်အရုပ်ရေးသလို၊ ဒါပေမဲ့ တစ်ဖက်မှာလည်း ဟန်ဆန်းဂိုဏ်းချုပ်ဆရာမကြီးနဲ့အတူ ဟန်ဆန်းဂိုဏ်းရဲ့အသက်ကို ကယ်တင်လိုက်မှုကြောင့် နာမည်ကောင်းရနေချိန်။ အဲ့ … ပြီးတော့ လင့်ဟူချုံးရဲ့ ဒရမ်မာဇာတ်လမ်းလေးတွေပေါ့ဗျာ။ 

[ “ဆရာကြီး … ရိုးရိုးစစ်ပွဲတစ်ရာကိုသာ တိုက်ပစ်လိုက်ချင်တယ်။ အချစ်စစ်ပွဲတစ်ပွဲကိုတော့ မတိုက်ရဲဘူး။ အချစ်နဲ့ ပတ်သက်ပြီး ကျွန်တော့် နှလုံးသားတွေ ကွဲကြေခဲ့ရလို့ နောက်ထပ် အချစ်သစ် မရှာလိုတော့ပါဘူး။” 

ပြောရင်းမှ ဂိုဏ်းတူညီမလေး လိန်လိန်ကို သတိရမိလာသဖြင့် လင့်ဟူချုံးက အရူးသဖွယ် တဟားဟား အော်ဟစ် ရယ်မောမိတော့သည်။ 

“ဆရာကြီး … ကျွန်တော် ရေလိုက်လွဲနေတာ။ တကယ်တော့ ကျွန်တော်က ဘုန်းကြီးဝတ်သင့်တာ။ ဒါပေမဲ့ ဘုန်းကြီးတွေ အရက်မသောက်ရဘူးဆိုလို့ ဘုန်းကြီးမဝတ်ရဲတော့ဘဲ လူဝတ်ကြောင်ဖြစ်နေပြီး ဒုက္ခများမြောင် ဤလူ့ဘောင်ထဲမှာ ဒုက္ခဖြစ်နေရတာပါ ဟား .. ဟား … ဟား …..” ]

ကဲ … သိုင်းလောကရဲ့ ရှုပ်ရှုပ်ထွေးထွေး ဇာတ်လမ်းတွေနဲ့ လင့်ဟူချုံးရဲ့ ရှေ့ဆက်ခရီးလမ်းက ဘယ်လိုဖြစ်မလဲဆိုတာ သိရအောင် ဝန်ဇင်းမှာ ငွေကျပ် *၄၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ 

ဒုတိယ ရွေးချယ်ရန်စာအုပ် >>> ကြယ်စင်မှူးဝေ၏  ‘ကမ္ဘာဦးကျမ်းထဲက သစ်ပင်လေး’
 
ဒီစာအုပ်ထဲကတော့ - ဇာတ်လမ်းက တကယ်ဆန်းပါတယ်၊ တကယ်ကို ခပ်ဆန်းဆန်းပါပဲ။ ဝတ္ထုထဲက ငွေသော်တာနဲ့ နေခြည်ဆိုတဲ့ ဇာတ်ကောင်နှစ်ယောက် ကျင်လည်နေတဲ့ ဇာတ်လမ်းကလည်း ဆန်းတယ်။ အစမှာ ရိုးမလိုလိုနဲ့ နောက်တော့ စာဖတ်သူရဲ့ စိတ်ဝင်စားမှုကို ချည်ပြီးတုပ်ပြီးဖြစ်လောက်အောင်ကို ဆန်းတယ်။ ကဲကဲ .. ဘယ်လိုဆန်းမလဲ သိချင်ရင်တော့ စာဖတ်သူကိုယ်တိုင် ဖတ်ကြည့်ကြပါဦးခင်ဗျ။ 

ဆယ်ကျော်သက်အရွယ်က အရှုပ်အထွေးများကြောင့် အသက်လေးဆယ် မပြည့်သည့်တိုင် ဘဝရဲ့ သောက ပဋိပက္ခ၊ ပရိဒေဝတို့ကြောင့် ခင်မာလှ၏ အလှက မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပန်းတစ်ပွင့်နှယ်။ ပြီးတော့ အသက်သုံးဆယ်နားနီးနေပြီဖြစ်တဲ့ ငွေသော်တာကတော့ အရာရာမှာ မိမိကိုယ်ကို ယုံကြည်ရဲရင့်နေတဲ့ မိန်းမပျို၏အလှက ငွေလသာသည့်နှယ်။ အစမှာတော့ ဒီပုံဒီနှယ် ဒီနှစ်ယောက်ရဲ့ ဇာတ်လမ်းကို ဖတ်ရှုရလိုက်တာ ဝတ္ထုကတော့ ငြီးငွေ့စရာလို့ ထင်မိပါလိမ့်မယ်။ ဒါပေမဲ့ ‘နေခြည်’ ဆိုတဲ့ ဇာတ်ကောင်တစ်ယောက် ဝင်လာချိန်မှာတော့ ….. 

[ အဝတ်တစ်စုံကို လက်မှာပိုက်ရင်း ငွေသော်တာက သူ့ကို အမိန့်ပေးနေသည်။ သူမ၏ ပထမဆုံး သင်ခန်းစာက မသက်သာ။ ရန်ကုန်ကို တန်းမပြန်ဘဲနှင့် အမျိုးသမီးဘော်ဒါဆောင်ထဲ ခေါ်လာသည့်နှယ်။ ရက်စက်တယ်ဗျာ။ 

သူမပေးသည့် မျက်နှာသုတ်စောင်ကို လည်မှာရစ်ပြီးနောက် နေခြည် ၊ ငွေသော်တာ့လက်မှ အဝတ်တွေကို အတင်းဆွဲယူလိုက်ပါ၏။ ရေနည်းနည်း စိုချင်စိုပါစေ၊ ရေချိုးခန်းထဲမှာပဲ အဝတ်လဲတော့မည်။ 

“ဟဲ့ .. သားရဲ့၊ ရေတွေ စိုကုန်မယ်လေ”

“ရတယ်”

ရေချိုးခန်းတံခါးလေး ခေတ္တပိတ်သွားပြီးနောက် မကြာမီ နေခြည် တံခါးဖွင့်လိုက်သည်။ သူမ ရွေးချယ်လာခဲ့သည့် စတိုင်ဘောင်းဘီ အညိုနှင့် စပို့ရှပ်ချယ်ရီဖျော့ဖျော့က နေခြည့်အသွင်ကို ပိုမို နုဖတ်နေစေတာအမှန်။ 

“လာ ဧည့်ခန်းထဲသွားမယ်၊ ကောင်မလေးတွေနော် မမသော်တာ ကြိုတင်မေတ္တာရပ်ခံပါရဲ့၊ ညည်းတို့လုပ်နေတာနဲ့ နေခြည် အရှက်လွန်နေပြီ၊ တန်ရုံလည်းနောက်ကြ”  ]

ကဲ … ဘယ်လို ဝတ္ထုဇာတ်လမ်းမျိုးဖြစ်မလဲ သိချင်ဆိုရင်တော့ ဒီစာအုပ်ကို ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝန်ဇင်းမှာသာ ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ 

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါရစေခင်ဗျာ။

………….

ခုလို စာအုပ်ကောင်းတွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါရစေခင်ဗျာ။

…………..

“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”

…….

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts