ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“ဝန်ဇင်းစာချစ်သူတွေအတွက် တာတေရဲ့ ဇာတ်လမ်းသစ် - မဖဲဝါမဝင်ရ”

ဝန်ဇင်းစာချစ်သူတို့ရေ … 

မင်္ဂလာညချမ်းပါဗျာ။ ဒီနေ့မှာတော့ ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍကနေ ထွက်ရှိလာတဲ့ တာတေ ရဲ့ စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးပါရစေ။ အဲ့ဒီစာအုပ်ကတော့ “မဖဲဝါမဝင်ရ” ဆိုတဲ့ စာအုပ်ပါပဲ။ မဖဲဝါကို ကန်ထရိုက်ဆွဲထားတဲ့ စာရေးသူ တာတေကတော့ ဒီတစ်ခေါက် မဖဲဝါကို ‘မဝင်ရ’ လို့ လုပ်ချလိုက်ပြန်ပါပြီ။ 

စာရေးသူရဲ့ ‘ကျုပ်’ ဆိုတဲ့ အသုံးအနှုန်း၊ သရဲတစ္ဆေဝတ္ထုဆိုပေမယ့် ပြုံးချင်စရာ အဖြစ်အပျက်လေးတွေပါဝင်မှု၊ ဖတ်ရမထောက်တဲ့ အရေးအသားတို့ကြောင့် စာချစ်သူတို့အနေနဲ့ အပျော်ပဲဖတ်ဖတ်၊ အပျင်းပြေပဲဖတ်ဖတ် …
တာတေရဲ့ မဖဲဝါက ဘယ်ကိုသွားပြီး ဘယ်ကိုမဝင်ရလို့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကတော့  

[ ကျုပ်တို့ ရွာဟောင်းကြီးရောက်တော့ ဝင်ပေါက်ရဲ့ဘေးက ခြုံနွယ်တွေကြားမှာ သစ်သားပြားကြီးတစ်ချပ်ကို ကျုပ် လှမ်းမြင်လိုက်တယ်။ ကျုပ်စိတ်ထင်တော့ ကျွန်းပြားကြီးလို့ ထင်တယ်။ တော်တော်ကို ဟောင်းနွမ်းနေတဲ့ သစ်သားတိုင်ကြီးနဲ့ သစ်သားပြားကြီးဗျ။ ကျုပ်ကို ကိုစုံက လှည်းရပ်ပေးတယ်။ ကျုပ်က လှည်းပေါ်က ခုန်ချလိုက်ပြီးတော့ ခြုံနွယ်တွေကိုဖယ်ပြီး ကြည့်လိုက်တယ်။ သစ်သားပြားပေါ်မှာ ထွင်းထားတာဗျို့။
“မဖဲဝါမဝင်ရ”
ဆိုတဲ့စာတန်းကို ကျုပ်ဖတ်မိလိုက်တော့ တော်တော်ကိုအံ့သြသွားတာ။ ဟောင်းနွမ်းပြီး ဆွေးနေတဲ့ သစ်သားပြားပေါ်က သစ်ထွင်းစာလုံးတွေကို ကျုပ်လက်နဲ့ ပွတ်ကြည့်လိုက်တယ် ] ….

ကဲ … ဒီစာအုပ်ထဲမှာ ‘မဖဲဝါမဝင်ရ’ အပြင် အခြားစိတ်ဝင်စားဖို့ကောင်းတဲ့ ဝတ္ထုဇာတ်လမ်းတွေလည်း ပါဝင်ပါသေးတယ်။ ဒါကြောင့် ဝန်ဇင်းစာချစ်သူတွေလည်း အားပေးဖတ်ရှုမယ်ဆိုရင်တော့ဖြင့် ဒီစာအုပ်ကို ဝန်ဇင်းမှာ ငွေကျပ် *၂၀၀* တည်းဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါပြီခင်ဗျာ။ 

ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီ စာအုပ်တွေရဲ့ မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။
…………..
“ဝန်ဇင်းစာချစ်သူတို့က တာတေရဲ့ ပရိသတ်ဖြစ်တယ်၊ သရဲတစ္ဆေဇာတ်လမ်းတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်”
“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် … 

Related Posts