ယနေ့အတွက် ဖတ်စရာကဏ္ဍ


“ဝန်ဇင်းစာချစ်သူများအတွက် ကဗျာ၊ ရသတစ်ပုဒ်နှင့် အချစ်ဝတ္ထုတစ်အုပ်”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျ … 

ဝန်ဇင်းစာချစ်သူများအနေဖြင့် ကဗျာ၊ သုတ၊ ရသ၊ ဘာသာပြန်၊ သမိုင်း … စတဲ့ စာပေအမျိုးအစား စုံလင်စွာ ဖတ်ရှုနိုင်ဖို့ ကျွန်တော်တို့ဝန်ဇင်းမှ နေ့စဉ် ကြိုးပမ်းလျက်ရှိပါတယ်ခင်ဗျ။ ဒီနေ့မှာဆိုလည်း ဝန်ဇင်းစာချစ်သူများ ဖတ်ရှုနိုင်ဖို့ ကဗျာ၊ ရသတစ်ပုဒ်နဲ့အတူ အချစ်ဝတ္ထုတစ်အုပ်တို့ကို မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီစာအုပ်တွေကတော့ ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ အသစ်ထွက်ရှိလာသော စာအုပ်တွေဖြစ်တဲ့ စာရေးဆရာ မောင်ဖီလာရဲ့ ကဗျာစုစည်းမှုစာအုပ်ဖြစ်တဲ့ “ဗာစကိုဒဂါးမားကိုကယ်တင်ခြင်း” ၊ စာရေးဆရာမ မိုဇာလျန်းဝေရဲ့ “သူသိပါစေ” နှင့် စာရေးဆရာကြီး ကျွန်းစဉ်မြေစောခက်ရဲ့ “သမုဒယယတြာနှင့် အခြား ဟာသ၊ ရသ ဝတ္ထုတိုများ” … စတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်ခင်ဗျ။ 

၁။ “ဗာစကိုဒဂါးမားကိုကယ်တင်ခြင်း” - ဒီစာအုပ်ဟာ စာရေးဆရာ၊ ကဗျာဆရာ မောင်ဖီလာရဲ့ ကဗျာစုစည်းမှုစာအုပ်ပဲ ဖြစ်ပါတယ်။ စာပေအနုပညာ မဂ္ဂဇင်းတွေဖြစ်တဲ့ ရနံ့သစ်မဂ္ဂဇင်း၊ ရုပ်ရှင်တေးကဗျာ၊ ပန်းဝေသီ၊ နှလုံးအိမ်၊ ရယ်စရာ၊ ပိတောက်မြေ၊ ပန်းအလင်္ကာ၊ ရွက်နုဝေ၊ မဟေသီ၊ သောင်းပြောင်းထွေလာ၊ ချယ်ရီ၊ ရတီ၊ မြန်မာသစ် … စတဲ့ မဂ္ဂဇင်းတွေမှာ ရေးသားခဲ့တဲ့ ကဗျာတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုကြရမှာပါ။ 

ကဗျာဆရာရဲ့ ပစ္စပ္ပုန်လှုပ်ရှားမှု အတွေးတွေကို အမိအရဖမ်းချည်ထားတဲ့ စကားလုံးတွေက စာဖတ်သူရဲ့ စိတ်ကူးထဲ အသိထဲ နှလုံးသားထဲမှာ တဖျတ်ဖျတ်နဲ့ လူးလားခေါက်တုံ့ ပျံသန်းနေပါလိမ့်မယ်။ အဲ့ဒီနောက်ကို လိုက်ပါသွားတဲ့စိတ်က လေထဲကို ရောက်လိုက်၊ မြေပြင်ပေါ် လျှောက်လိုက်၊ ရေထဲမှာ ကူးလိုက်နဲ့ နောက်ဆုံးမှာတော့ လေဟာနယ်ရဲ့ တည်ငြိမ်မှုရသခံစားမှုမျိုးကို ရရှိသွားမှာပါ။ 

ဒီတော့ … ဘယ်လိုကဗျာတွေကို ဖတ်ရှုရမလဲ၊ ကဗျာချစ်သူတွေအနေနဲ့ ဒီစာအုပ်လေးကို လက်လွှတ်မခံ၊ ငွေကျပ် *၁,၀၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ 

၂။ “သူသိပါစေ” – စီးပွားရေးကျဆင်းပြီး အစစအရာရာခက်ခဲနေတဲ့ မိသားစုတွင်းမှာ မောင်နှမသုံးယောက်ရဲ့ အကြီးဆုံးအစ်မနေရာရောက်နေသူ၊အခြေအနေအရပ်ရပ်ကြောင့် တက္ကသိုလ် ( Day ) မှထွက်ကာ အဝေးသင်အဖြစ် စာမေးပွဲဖြေရန် ကြိုးပမ်းရင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် နာမည်ကြီးဟိုတယ်တစ်ခုရဲ့ ဧည့်ကြိုအဖြစ် လုပ်ကိုင်နေသူ မိန်းကလေး ‘ဝေဝေနိုင်ဦး’ ၊ ယဉ်ကျေးပျူငှာပြီး လှပတဲ့သူမဟာ တကယ်တော့ အချစ်အတွက်မစဉ်းစားသေးသူ တစ်ယောက်မျှသာ။ သူမနဲ့အတူ ဟိုတယ်ဧည့်ကြိုအဖြစ် တွဲဖက်လုပ်ရမည့် ‘ဆက်မော်’ တစ်ယောက်၊ သူမတို့ဟိုတယ်ကို ရောက်လာတဲ့အခါမှာတော့၊ ဒါ့အပြင် တည်းခိုသူအဖြစ် ရောက်လာတဲ့ ‘ဦးမောင်မောင်ကြူ’ ဆိုသူ … ။ 

စာရေးဆရာမ မိုဇာလျန်းဝေက ဒီဝတ္ထုထဲမှာ ‘အချစ်’ ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို လှလှပပလေး ဖော်ထုတ်ထားပြီး လူတွေမှာ ဖြစ်ပေါ်တတ်တဲ့ စရိုက်သဘာဝကို ထင်ဟပ်ပြထားတယ်၊ မိသားစုတွင်းက သံယောဇဉ် ချစ်ခြင်းမေတ္တာအပြင် ပတ်ဝန်းကျင်ရဲ့ ရှုထောင့်ကိုပါ ရောယှက်တက်ပြထားတယ်။ ဝတ္ထုကောင်းလေးမို့ စာချစ်သူများလည်း ဖတ်ရှုမယ်ဆိုရင် ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုနိုင်ပါပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။
 
၃။ “သမုဒယယတြာနှင့် အခြား ဟာသ၊ ရသ ဝတ္ထုတိုများ” - ရသဝတ္ထု စာရေးဆရာကြီး ကျွန်းစဉ်မြေစောခက်ရဲ့ ဟာသနှင့် ရသဝတ္ထုတိုများကို စုစည်းထားတာပဲဖြစ်ပြီး စုစုပေါင်းဝတ္ထုတိုပေါင်း ( ၁၃ ) ပုဒ်ကို ဖတ်ရှုကြရမှာပဲ ဖြစ်ပါတယ်ခင်ဗျ။ တိုတိုတုတ်တုတ်နဲ့ အကြောင်းအရာကို ထိထိမိမိ ဖော်ထုတ်ထားတာမို့ ဝတ္ထုတိုချစ်သူများအတွက် ရွေးချယ်သင့်တဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။

မျောက်ဖြစ်ဖို့ကြိုးစားရာဝယ်၊ သူခိုးဖမ်းတဲ့ည၊ ဟိုဟာမေ့ သည်ဟာမေ့ သေပလေ့စေ၊ သဗ္ဗေသတ္တာ ကမ္မသကာ .. စတဲ့ စိတ်ညစ်ညူးမှုများ ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားစေမယ့် ဟာသဝတ္ထုတိုများကိုလည်း တွေ့မြင်ရဦးမှာပါခင်ဗျ။ တကယ်လို့ ဖတ်ရှုမယ်ဆိုရင်လည်း ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုနိုင်ပြီဖြစ်ကြောင်း လက်တို့ပြောကြားလိုက်ပါရစေခင်ဗျာ။
…….
ခုလို သုတ၊ ရသစာအုပ်ကောင်းတွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်တွေကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။



Related Posts