ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာဖတ်ပရိသတ်ကြီးရေ မင်္ဂလာပါ ။
ဝန်ဇင်း စာချစ်ပရိသတ်တွေအတွက် ၊ ယနေ့ထွက် စာအုပ်များ ကဏ္ဍကနေ၊ မိတ်ဆက်ပေးချင်တဲ့ စာအုပ်တွေကတော့ ချစ်ဦးညို ရေးသားထားတဲ့ "နဝရတ်ကိုးသွယ်" ဖြစ်ပါတယ် ။ 

ဆရာချစ်ဦးညိုရဲ့ နဝရတ်ကိုးသွယ် စာအုပ်မှာ ၁၉၈၈ခုနှစ်က ထွက်ရှိခဲ့ဖူးသော “ နသန္တ ဘန္တေ ” ဆိုသည့်စာအုပ် အားအခြေခံကာ ပြန်လည်ဖြည့်စွက်ရေးသားထားပြီး အသစ်တစ်ဖန်ပြန်လည်စီမံထားသော စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ယခုစာအုပ်တွင် ကဏ္ဍနှစ်ခုပါဝင်တယ်။ အဲဒီကဏ္ဍတွေကတော့                        “ မိတ်ဆွေနှစ်ဦးကိုဆွေးနွေးပြောဆိုခန်း ” နှင့် ထိုဆွေးနွေးခန်းမှထွက်လာသော ဝတ္ထုတို (၉)ပုဒ်တို့ပဲဖြစ်ပါတယ် လို့စာရေးသူရဲ့အမှာစာမှာ ရေးသားဖော်ပြထားပါတယ်။ 

ဝန်ဇင်းစာချစ်သူများအတွက် ဆရာချစ်ညိုရေးသားတဲ့ နဝရတ်ကိုးသွယ်စာအုပ်မှအကြောင်းအရာတချို့ကိုကောက်နုတ်ဖော်ပြလိုက်ပါတယ်။ 
“ငါဟာ ပညာရေးဝန်ထမ်းပါ၊ မင်းလို ချောင်ချောင်လည်လည် မဟုတ်ပါဘူး၊ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့ လခစားဘဝ၊ ဇနီးက ရုံးဝန်ထမ်းဆိုပေမယ့် နှစ်ယောက်ပေါင်းလခ ဘယ်လောက် ရှိမလဲ၊ မင်းလို ချမ်းသာတဲ့စာရင်းထဲ မဝင်ပါဘူးကွာ၊ အဲ… ကြွေးမြီဆိုတဲ့ကိစ္စ”
“အင်း…ပြောစမ်း ငမောင်၊ စိတ်ဝင်စားစရာ ကောင်းလာပြီ”
“ဒီမယ် ငါ့ဇနီးက ရုံးမှာ ငွေစုငွေချေးအသင်းက ကြွေးရှိတယ်၊ ငါက ဒဂုံမြေကွက်ကလေးမှာ အိမ်ဆောက်ဖို့ အစိုးရဆီက ကြွေးယူထားတာရှိတယ်၊ ကဲ… ငါလဲ မြီစားပါပဲ၊ မင်းလို ရရန်၊ ပေးရန်တောင် မဟုတ်ဘူး မြီစားသက်သက်ပဲကွာ”
“အား… ဟုတ်ပေသားပဲ ဒီတော့”
“ဒီတော့ ဘာဖြစ်သလဲ၊ ငါဒုလ္လဘဝတ်တာ ငါးကြိမ်ရှိပြီလေ၊ မင်းပြောသလိုသာဆို ငါဒီတစ်သက် ကြွေးမြီဆိုတဲ့ ကိစ္စကြီးအတွက် ဘယ်တော့မှ ရဟန်းဝတ်ခွင့်ရတော့မှာ မဟုတ်ဘူး”
“ဟင်… ဒါဆိုရင် ရဟန်းလောင်းကို သင်ကြွေးမြီကင်းရဲ့လားလို့ မေးတော့ မင်းဘယ်လို ဖြေသလဲ”
“ဘယ်လိုဖြေရမလဲ ကင်းရှင်းပါတယ် ဘုရားပေါ့”
“ဟင်… ဒါဆိုမင်းဟာက မဟုတ်မမှန် ထွက်ဆိုဝန်ခံရာ မရောက်ပေဘူးလားကွာ”. . . ဆိုတဲ့ သူငယ်ချင်းနှစ်ယောက် အပြန်အလှန်မေးကြဖြေဆိုကြရမှစပြီး ဂေါတမ ဗုဒ္ဓရဲ့ တရားဒေသနာတော် လာ ရဟန်းလောင်းများကိုစစ်မေးသည့်အချက်ကိုးချက်၏နောက်ခံဝတ္ထုတို (၉) ပုဒ်ကို ဖော်ပြရန်အကြောင်းဖန်လာပါတော့တယ်။ 

၁။ “ရဟန်းလောင်း၊ သင့်အား နူနာ၊ ချောင်းဆိုး၊ ကုတ်ဟီးနား၊ ရူးသွပ်နာ စသည်တို့ ရှိကုန်သလော”
၂။ “ရဟန်းလောင်း၊ သင်သည် လူသားစင်စစ် ဖြစ်ပါသလော”
၃။ “ရဟန်းလောင်း၊ သင်သည် ယောက်ျားစင်စစ် ဖြစ်ပါသလော”
၎။ “ရဟန်းလောင်း၊ သင်သည် ကျွန်အဖြစ်မှ ကင်းလွတ်သူ ဖြစ်ပါသလော”
၅။ “ရဟန်းလောင်း၊ သင်သည် ကြွေးမြီကင်းသောသူ ဖြစ်ပါသလော”
၆။ “ရဟန်းလောင်း၊ သင်သည် မင်းခယောက်ျားမှ ကင်းလွတ်သူ ဖြစ်ပါသလော”
၇။ “ရဟန်းလောင်း သင်သည် မိခင် ဖခင်တို့က ခွင့်ပြုပြီးသူ ဖြစ်ပါသလော”
၈။ “ရဟန်းလောင်း၊ သင်သည် အသက်နှစ်ဆယ်ပြည့်သူ ဖြစ်ပါသလော”
၉။ “ရဟန်းလောင်း သင့်အား သပိတ် သင်္ကန်း ပြည့်စုံသူ ဖြစ်ပါသလော”စတဲ့ မေးခွန်းကြီး (၉)ခုကိုအဘယ်ကြောင့်မေးမြန်းပြီး မှ ရဟန်းအဖြစ်သို့ခံယူခွင့်ရှိရတာလဲဆိုတဲ့နောက်ခံဇာတ်လမ်းများကိုဗဟုသုတဖြစ်ဖွယ် ရေးသားထားပါသေးတယ်။

သူငယ်ချင်းတွေဖြစ်ကြတဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင် ဦးမျိုးအောင်(ဖိုးအောင်)နဲ့ပညာရေးဝန်ထမ်း ကျောင်းအုပ်ဆရာ ဦးမောင်မောင်လှ(ငမောင်) တို့ရဲ့ အမှတ်မထင်တွေ့ဆုံပြီး ဆွေးနွေးဖြစ်သွားတဲ့ ဒုလ္လဘ ဝတ်သင်္ဃန်းဝတ်ခြင်းဆိုင်ရာ အယူအဆများကို ဆွေးနွေးကြပုံများနဲ့ ဗုဒ္ဓဘာသာဝင် ယောက်ျားလေးများအရွယ်ရောက်သူများကိုဘာကြောင့်မေးခွန်းကြီး(၉)ခုမေးမြန်းမှသာ ရဟန်းဘောင်သို့ဝင်ရောက်စေကြောင်းစတဲ့အကြောင်းအရာများကို ဝန်ဇင်းစာချစ်သူများ  ဖတ်ရှုရမှာဖြစ်ပါတယ်။ 

ဒါဆိုရင် ခုပဲ ဝန်ဇင်းမှာ ဒီစာအုပ်လေး ဝယ်ယူဖတ်ရှုလိုက်ရအောင်...

Wun Zinn နောက်ဆုံး ဗားရှင်း ကို http://bit.ly/wz_play လင့်ခ်ကိုနှိပ်ပြီး အခမဲ့ Download ပြုလုပ်ပြီး စာအုပ်ကောင်းတွေ ဖတ်ရှုနိုင်ပါတယ် လို့ သတင်းကောင်းပါးလိုက်ရပါတယ် ခင်ဗျာ ။

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့နဲ့ဦးနော် ။

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို
Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ် ။

Related Posts