ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ ...

ဒီနေ့မှာ ဝန်ဇင်းစာချစ်သူ ပရိသတ်ကြီးအတွက် ယနေ့ထွက် စာအုပ်များကဏ္ဍကနေ မိတ်ဆက်ပေးချင်တဲ့စာအုပ်ကတော့ စာရေးဆရာကြီး မောင်မိုးသူ ဘာသာပြန်တဲ့ “သက်စွန့်ဆံဖျား” ဆိုတဲ့ စာအုပ်ပါပဲခင်ဗျ။ စာအုပ်နာမည်အတိုင်း စိတ်လှုပ်ရှားစရာ စွန့်စားခန်းတွေကို အများအပြား တွေ့မြင်ရမှာပါ။

ဒီစာအုပ်ဟာ မထင်မှတ်ထားတဲ့ ဇာတ်အိမ်အလှည့်အပြောင်းနဲ့ လျှို့ဝှက်တဲ့ဇာတ်ကောင်တွေကတစ်ဆင့် စုံထောက်ဝတ္ထုတွေ အပါအဝင် သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေကို ရေးသားလေ့ရှိတဲ့ အင်္ဂလိပ်စာရေးဆရာ Jack Higgins ရဲ့ Day of Judgement စာအုပ်ကို ဆရာမောင်မိုးသူက “သက်စွန့်ဆံဖျား” အဖြစ် ဘာသာပြန်ဆိုထားတဲ့ သည်းထိတ်ရင်ဖို စာအုပ်ကောင်းတစ်အုပ်ပါပဲ။

၁၉၆၃ ခုနှစ်၊ မေလမှာ အမေရိကန်နိုင်ငံရဲ့ ( ၃၅ ) ယောက်မြောက် သမ္မတဖြစ်တဲ့ ဂျွန်အက်ဖ်ကနေဒီဟာ သူ့ရဲ့ သမိုင်းဝင်ခရီးစဉ်ဖြစ်လာမယ့် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်ကို အစည်းအဝေးတက်ရောက်ဖို့ရှိတယ်။ တစ်ဖက်မှာလည်း သူ့ကို နိုင်ငံရေးအရ သဘောထား မတိုက်ဆိုင်သူတွေနဲ့ ပုန်ကန်လိုသူအချို့က သမ္မတလာတဲ့အခါ လုပ်ကြံသတ်ဖြတ်ဖို့ စောင့်နေကြလေရဲ့။ သူတို့ရဲ့လုပ်ရပ်ကို တားဆီးနိုင်မယ့်သူက တစ်ဦးတည်းပဲ ရှိတယ်၊ သူက အနောက်ဂျာမနီရဲ့ အားထားရဆုံး သူလျှို “ဖာသာရှောင်ကွန်လင်း” ။

ဒီစာအုပ်ဟာ အမေရိကန်နိုင်ငံနဲ့ ဂျာမနီနိုင်ငံတို့ကြား နိုင်ငံရေးအရ ကူးလူးဆက်ဆံမှုသရုပ်ကို နောက်ခံထားပြီး ဂျာမနီကွန်မြူနစ်တွေရဲ့ လှုပ်ရှားမှုနဲ့ နိုင်ငံရေးသဘောထားတွေကိုလည်း မီးမောင်းထိုးပြထားတဲ့ သမိုင်းနောက်ခံ စွန့်စားခန်း ဝတ္ထုတစ်ပုဒ်လည်း ဖြစ်ပါတယ်။ သမ္မတကနေဒီ လုပ်ကြံခံရမယ့်ကိန်းကို ရှောင်ကွန်လင်းတစ်ယောက် ဘယ်လိုတွေ ကာကွယ်တားဆီးသွားနိုင်မလဲဆိုတာကို နိုင်ငံရေးလှည့်ကွက်တွေနဲ့အတူ စိတ်လှုပ်ရှားဖွယ် ဖတ်ရှုကြရမှာမို့ နိုင်ငံရေးစိတ်ဝင်စားသူများသာမက သည်းထိတ်ရင်ဖို စွန့်စားခန်းဝတ္ထုတွေကိုပါ စိတ်ဝင်စားတဲ့ ဝန်ဇင်းပရိတ်သတ်ကြီးအနေနဲ့ ဒီစာအုပ်ကို လက်မလွတ်တမ်း ဖတ်ရှုသင့်ပါကြောင်း …။

ကဲ .. ဒီလိုဆိုရင် ခုပဲ ဝန်ဇင်းမှာ ဒီစာအုပ်လေးတွေကို ဝယ်ယူ ဖတ်ရှုလိုက်ရအောင်လား ခင်ဗျာ ...
ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့နဲ့ဦးနော် ... ????

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 

ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 

Related Posts