ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်း စာချစ်ပရိသတ်ကြီး မင်္ဂလာပါ ။

ဝန်ဇင်း စာချစ်ပရိသတ်တွေအတွက် ၊ မိတ်ဆက်ပေးချင်တဲ့ 
စာအုပ်လေးကတော့ လက်ရှိ ရုပ်ရှင်ရုံကြီးတွေမှာ ၊ 
ရုံတင်ပြသနေတဲ့ စာရေးဆရာမ ညေး ရဲ့ 
"ကိုယ့်ဇာတ်လမ်းမှာကိုယ်သာဇာတ်လိုက်" ဇာတ်ကားရဲ့
မူရင်းဝတ္ထုစာအုပ်လေးပါ။ ဒီစာအုပ်လေးကတော့ ဟာသဝတ္ထုဖြစ်တာမလို့
ပေါ့ပေါ့ပါးပါးရယ်ရယ်မောမောလေးဖတ်ရှုရမှာပါ ။ 

ဒီ ဝတ္ထုလေးမှာ ပါဝင်တဲ့အကြောင်းလေးတွေကတော့ 
တပြွတ်ကြီးရွာမှာရှိတဲ့ ရွာသူရွာသားတွေရဲ့ သက်ဆိုင်တဲ့ ဝါသနာပါမှုတွေအပေါ် 
အရူးအမူးဖြစ်တဲ့ အကြောင်းတွေကို ရယ်ရွှင်ဖွယ် ဖတ်ရှုရမှာပါ။  ဥပမာ ၊ ချက်ကြီးဆိုတဲ့ ရွာသားတစ်ယောက်က မိုက်ကယ်ဂျက်ဆင်ကို အရူးအမူး ကြိုက်တဲ့အတွက် မိုက်ကယ်ချက်ကြီး လို့ အမည်တွင်သတဲ့ ။ 

တစ်နေ့မှာတော့ အေးချမ်း နဲ့ ကြည်ဖြူဆိုတဲ့ ရတနာလုပ်ငန်း Company ဝန်ထမ်း၂ယောက် ၊ အလုပ်ကိစ္စ နဲ့ ခရီးထွက်ရင်း Company ပိုင် ၊ ပိုက်ဆံတွေ အဝေးပြေးလမ်းတစ်နေရာမှာ ကျပျောက်ခဲ့ပါတယ်။ ကျပျောက်တဲ့ ပိုက်ဆံတွေ ပြန်ရှာဖို့ သူတို့(၂)ဦး ၊ ပြန်လည်သွားရောက်ရှာဖွေရင်း မိုက်ကယ်ချက်ကြီးတို့ရဲ့ တပြွတ်ကြီးရွာကို ရောက်သွားတဲ့အခါမှာ ဘယ်လိုဘယ်ပုံ အလွဲတွေ ဖြစ်မလဲ ဆိုတာကို သိချင်နေတဲ့ ပရိသတ်များအတွက် 

ဝန်ဇင်းကနေ အခုပဲ တန်ဖိုး-၆၀၀ နဲ့ 
ဝယ်ယူပြီး သောကြာနေ့ညမှာ စိတ်အပန်းဖြေရင်း ၊ ဖတ်ရှုလိုက်ပါတော့နော်။
ဝန်ဇင်းပရိသတ်ကြီး ရယ်မောပျော်ရွှင်နိုင်ကြပါစေ ။ 

ဒါဆိုရင် ခုပဲ ဝန်ဇင်းမှာ ဒီစာအုပ်လေး ဝယ်ယူဖတ်ရှုလိုက်ရအောင်...

မနက်ဖြန် ည ၈း၀၀ မှာလည်း ဘယ်စာအုပ်လေးတွေကို အသစ် တင်ဆက်ပေးမယ်ဆိုတာကို သိရှိဖို့ တစ်ခေါက် လာလည်လှည့်ပါဦးနော်..

ဒီကဏ္ဍလေးကို တနင်္လာနေ့မှ သောကြာနေ့ထိ နေ့စဉ် ည ၈း၀၀ တိုင်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်..။

Related Posts