ယနေ့အတွက် ဖတ်စရာကဏ္ဍ


‘အက်ရှင်ကားထက် ပိုကြမ်းတဲ့ လက်တွေ့ကမ္ဘာထဲက လက်နှစ်ဖက်ပြတ် အလွတ်စုံထောက်တစ်ယောက်ရဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်း’
…….
စာအုပ်အမည် - လက်နှစ်ဖက်ပြတ် အလွတ်စုံထောက် 
ဘာသာပြန် စာရေးဆရာ - လင်းယုန်မောင်မောင်
 
[ ဝန်ဇင်းတွင် ဝယ်ယူဖတ်ရှုနိုင်မည့် ဈေးနှုန်း - မြန်မာငွေ *၈၀၀* ကျပ် ]

ဖတ်ညွှန်းတို - ဒီစာအုပ်ရဲ့ အမှာစာထဲမှာ ဆရာက ရုပ်ရှင်တစ်ကားကို အရင်ဆုံးညွှန်းထားတယ်။ တစ်ချိန်တုန်းက မြန်မာနိုင်ငံတစ်ဝန်းလုံးက မြို့ကြီးတွေမှာ ရုံတင်ပြသသွားတဲ့ နာမည်ကြီး ရုပ်ရှင် - ‘The New One and Sword Man’ ဆိုတဲ့ ‘လက်တစ်ဖက်ပြတ် ဓားသမား’ ဇာတ်ကား။ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်း၊ ရိုက်ချက်အလန်းစားတွေနဲ့ ရိုက်ကူးထားတဲ့ နာမည်ကြီးရုပ်ရှင်ပေါ့။ ဒါကို အရင်ဆုံး ညွှန်းထားတယ်။ 

ဒီတော့ ‘လက်နှစ်ဖက်ပြတ် အလွတ်စုံထောက်’ ဟာ ဆရာလင်းယုန်မောင်မောင်အနေနဲ့ ဒီရုပ်ရှင်ကို ကြည့်ပြီး ရေးခဲ့သလားလို့ ဦးဆုံးထင်ခဲ့ပေမဲ့ လွဲသွားပါတယ်။ အမှာစာကို ဆက်ဖတ်လိုက်တော့မှ ဒီစာအုပ်ထဲက ဇာတ်ကောင် ‘ဂျေအာမီး’ ဟာ ပြင်ပမှာ တကယ်ရှိခဲ့တဲ့ အလွတ်စုံထောက် ( Investigator ) တစ်ဦး ဖြစ်နေတာပါပဲ။ 

တကယ်တော့ ဒီစာအုပ်ဟာ သူ့ရဲ့ တကယ့်အဖြစ်အပျက်၊ သူ့စွန့်စား လှုပ်ရှားခဲ့တဲ့ တကယ့်ဇာတ်လမ်းတွေကို ဖော်ထုတ်ထားတဲ့ လက်တွေ့ကမ္ဘာထဲက တကယ့် ‘လက်နှစ်ဖက်ပြတ် အလွတ်စုံထောက် ဂျေအာမီး’ အတ္ထုပ္ပတ္တိပဲ ဖြစ်ပါတယ်။ 

ဆရာက ရုပ်ရှင်ကို စာအုပ်နဲ့ တိုက်ဆိုင်လို့ ဖော်ပြခဲ့တာ ဖြစ်ပေမယ့် တကယ်တမ်း စာအုပ်ဖတ်ကြည့်လိုက်တဲ့ အခါမှာ ရုပ်ရှင်ဇာတ်ညွှန်းဆရာတွေ ဖန်တီးထားတဲ့ ဇာတ်ကောင်ထက် တကယ့် လက်တွေ့ဘဝထဲက ‘လက်နှစ်ဖက်ပြတ်’ ဇာတ်ကောင်ဟာ ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။

ဂျေအာမီးဟာ လက်ကောက်ဝတ်မှစလို့ လက်နှစ်ဖက်လုံး တုံးတိကြီး ပြတ်နေပေမယ့်

-	ဂျူးဒို ကစားနိုင်တယ်။ 
-	ကရာတေးမှာ ဆရာတစ်ပါး။
-	သေနတ်ပစ်လည်း လက်ဖြောင့်တယ်။ 
-	မော်တော်ကားနဲ့ ရဟတ်ယာဉ်တို့ကို မောင်းနှင်နိုင်ပြီး 
-	လူဆိုးသူခိုး ဂျပိုးတွေကို ကိုယ်တိုင် စုံထောက်ဖမ်းဆီးနိုင်ခဲ့တယ်။ 

လက်နှစ်ဖက်ပြတ်ပေမဲ့ ဂျေအာမီးရဲ့ အလွတ်စုံထောက်ဘဝဟာ သိပ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်။ ဖတ်ရင်းဖတ်ရင်း သူ့ရဲ့ ဘဝကို မလျှော့တမ်း ကြိုးစားအားထုတ်မှုတွေကို စာဖတ်သူကို ကြက်သီးထစေလောက်တယ်။ ဘဝနဲ့ ပတ်သက်ပြီး စိတ်ခွန်အားတွေကို ရရှိစေလာတယ်။ ပြီးတော့ စာအုပ်ဖတ်လိုက်တဲ့အခါ နာမည်ကြီး အက်ရှင်ကားထက်ကို ပိုမိုက်တဲ့ ဖီလင်မျိုး ခံစားရစေတယ်။ 

ဒီလိုဒီလို အရည်အသွေးတွေ ပါဝင်နေတဲ့ စာအုပ်ကတော့ ခုမိတ်ဆက်လိုက်တဲ့ ‘လက်နှစ်ဖက်ပြတ် အလွတ်စုံထောက်’ ဆိုတဲ့ စာအုပ်ပါပဲ။ မူရင်းစာအုပ်ကို ‘ဖရက်ဒရစ်နိုလန်’ ဆိုတဲ့ စာရေးဆရာက ရေးထားတာ ဖြစ်ပေမဲ့ …

ထူးခြားချက်အဖြစ် စာအုပ်ထဲမှာ ကာယကံရှင်ဖြစ်တဲ့

-	ဂျေအာမီးကိုယ်တိုင် ဝင်ရောက်ရေးသားထားတဲ့ စကားပြောဟန် အရေးအသားတွေလည်း ပါဝင်နေတာကို တွေ့ရတာပါပဲ။ 

ကဲ … ဒီတော့ ‘ဂျေအာမီး’ ရဲ့ ဘဝထုပ္ပတ် ဇာတ်လမ်းအဖုံဖုံက ဘယ်လိုမျိုး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အံ့သြထိတ်လန့်ဖွယ်ရာတွေနဲ့ ပြည့်နှက်နေမလဲ ? 

ဝန်ဇင်းပရိသတ်ကြီးလည်း ဖတ်မယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* တည်းဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်။ 

အခြားစာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့ပါနဲ့ဦး” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။



Related Posts