ယနေ့အတွက် ဖတ်စရာကဏ္ဍ


***ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီကို သိုင်းလောကသားများအတွက် ( ၁၁ ) အုပ်မြောက်သီးသန့် အထူးနှုန်း *၉၀၀* ကျပ်ဖြင့် ဝယ်ယူဖတ်ရှုနိုင်ပြီ***
…
စာအုပ်အမည် - တောင်ပံမြွေနဂါး ရေအိုင်က ဂျိနင် ( ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ စာစဉ် - ၁၁ ) 
ဘာသာပြန်စာရေးဆရာ - Dr – Panda 
ဖတ်ညွှန်းတို ➡သိုင်းလောကသားတို့ရဲ့ အဆက်မပြတ် အားပေးမှုကို ခံရတဲ့ ဓားတန်ခိုးရှင်ဒဏ္ဍာရီ စာစဉ်ကတော့ ခုဆို စာစဉ် ( ၁၁ ) အထိ ရောက်လာပြီပေါ့ခင်ဗျာ။ ဒါကြောင့်လည်း မှတ်မှတ်ရရ အမှတ်တရ ဖြစ်သွားအောင် သိုင်းလောကသားများအတွက် သီးသန့်အဖြစ် ( ၁၁ ) အုပ်မြောက် ဖြစ်တဲ့ ဒီစာအုပ်ကို အထူးနှုန်း *၉၀၀* ကျပ်တည်းနဲ့ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလို့ရပြီပဲ ဖြစ်ပါတယ်။ 
ကဲ .. အထာသိသူတွေက သိနေကြပြီမို့ ဂျိနင်အကြောင်း အထူးအထွေ မညွှန်းတော့ဘူးနော်။ စာမြည်းသာ ဖတ်ကြည့်ပေတော့ဗျို့။

စာမြည်း 

“အသင်တို့ ကျွန်တော့်ဆီကနေ ဘာလိုချင်လဲ ဆိုတာတော့ ကျွန်တော် မသိပါဘူး။ သခင် မိုးနဂါး အစောင့်အရှောက်များခင်ဗျာ... သင်တို့ရဲ့ ထုံးစံအရ စစ်မေးဖို့ဆိုရင် ဘာလို့များ ကျွန်တော့်ဆရာကို ရှောင်ခိုင်းရတာလဲ ခင်ဗျာ။ သင်တို့မေးချင်တာရှိရင် အခုမေးနိုင်ပါတယ်။ ကျွန်တော် ယုတုံ တကယ် ရိုးရိုးသားသား သိသမျှကို မခြွင်းမချန် ဖြေပေးပါ့မယ်ခင်ဗျာ”
သူ့ရဲ့ လက်ရှိအဆင့်အထိကို ဖြည်းဖြည်းချင်း တက်လှမ်းခဲ့သူ တစ်ယောက် ဖြစ်တဲ့အတွက် ယုတုံဟာ အင်မတန်မှကို ဉာဏ်များပါတယ်။ မိုးနဂါး အစောင့်အရှောက်တွေက သူနဲ့ သူ့ဆရာကို တကွဲတပြားစီ ခွဲထားလို့မှတော့ သူက ဘာလို့ သူ့ဆရာကို ထွက်သွားခွင့် ပေးရမှာလဲ။ သူ့ဆရာ ထွက်သွားတာနဲ့ သူက ဒီလူရဲ့လက်ခုပ်ထဲကရေ ဖြစ်သွားပြီလေ။ ဘာအကာအကွယ်မှ မရှိတော့ပါဘူး။
“အင်း… ဟုတ်သားပဲ... မင်းတို့မေးစရာ ရှိတယ်ဆိုလည်း သူတို့ကို ဒီမှာပဲမေးလေ”
သူတော်စင် လခြမ်းကွေး အမြန်ပဲ ပြောလိုက်ပါတယ်။
“မိုးနဂါး အစောင့်အရှောက်တွေ တာဝန် ထမ်းဆောင်နေတာကို ငါတကယ်ပဲ မနှောင့်ယှက်ပါဘူး”
နင်မျက်နှာ ပိုပြီး သုန်မှုန်လာပါတယ်။ ဒီသူတော်စင် လခြမ်းကွေးက ဝမ်ရှင်း အထွတ်အထိပ် အဆင့်ကို ရောက်ခဲ့တာ ရာစုနှစ် နှစ်ခုကျော် ကြာခဲ့ပြီဖြစ်သလို နောက်ဆုံး နေ့ရက်တွေနဲ့လည်း နီးကပ်လာခဲ့ပါပြီ။ ဒါကြောင့်လည်း ဒီလူကို နင် အထင်မသေးရဲပါဘူး။ သူ့ရဲ့ ပါရမီက တုံနံပါတ်တစ်ထက်တောင် ညံ့ကောင်း ညံ့နိုင်ပေမဲ့လည်း အချိန်ကြာမြင့်စွာ အသက်ရှည်ခဲ့သူ ဖြစ်လို့ ကံကောင်းမှုများစွာကို ကြုံတွေ့ခဲ့မှာပါ။ ဒီလို အဘိုးကြီးတွေမှာ ဝှက်ဖဲပေါင်းများစွာ ရှိနေနိုင်ပါတယ်။
သူရှိနေတုန်း ယုတုံကို ဖမ်းခေါ်သွားဖို့က တော်တော်ကို ခက်ခဲနိုင်ပါတယ်။ နော့စွန်းကတော့ သူတော်စင် လခြမ်းကွေးကို ဒေါသတကြီး လက်ညှိုးထိုးပြီးတော့ ကျိန်ဆဲလို့ နေပါတယ်။
“လခြမ်းကွေး... ငါတို့မိုးနဂါး အစောင့်အရှောက်တွေ တာဝန်ဝတ္တရားအတိုင်း ဆောင်ရွက်နေကြတာ။ မင်းက လိုက်ပြီး နှောင့်ယှက်နေတာလား။ မင်းကို အခုချက်ချင်းပဲ ထွက်သွားဖို့ ငါပြောတယ်။ မဟုတ်ရင် ငါတို့ ညီအစ်ကိုနှစ်ယောက်ကို ကြင်နာမှုတရား မဲ့တယ်လို့ မပြောနဲ့”
“ဆရာတို့နှစ်ယောက်...”
သူတော်စင် လခြမ်းကွေးက ပြုံးလျက်နဲ့
“ဒါက စတေးဝါးတား နော့မွန့်ကလန်က တံဆိပ်တော်ပါ”
သူ့ရဲ့ လက်ထဲမှာ နော့နဲ့မွန့် စာလုံးနှစ်လုံး ထွင်းထားတဲ့ သွေးနီရောင် ဆွဲပြားတစ်ခု ပေါ်လာခဲ့ပါတယ်။
“မင်း နှင်းနဂါးတောင်ကို မျက်နှာသာ မပေးချင်ရင်လည်း မပေးလို့ ရပါတယ်။ ဒါပေမဲ့ စတေးဝါးတား နော့မွန့်ကလန်ကိုတော့ မျက်နှာသာပေးဖို့ လိုတယ်ဟုတ်။ မင်းတို့ စစ်ဆေး မေးမြန်းစရာရှိရင် အခုပဲ စစ်ဆေးလိုက်ပါ။ တကယ်လို့ မေးစရာ မရှိရင်တော့လည်း အမြန်ဆုံး ထွက်သွားကြပါလို့ ငါပြောချင်တယ်”
“နော့မွန့်ကလန်ရဲ့ တံဆိပ်တော်....”
နင် ကြောင်အ သွားပါတယ်။ ဒါက သာမန်လူတွေဆီမှာ ရှိနိုင်တဲ့ပစ္စည်း မဟုတ်ဘူးလေ။ ပိုင်ဝေ သူ့ကိုပေးခဲ့တဲ့ တံဆိပ်တော်ကလည်း သူ့အဖေ နော့မွန့်ကျားနက်ရဲ့ တံဆိပ်တော်ပဲ ရှိသေးတယ်။ တကယ့် တကယ် နော့မွန့်ကလန်ကို ကိုယ်စားပြုတဲ့ တံဆိပ်တော် မဟုတ်ဘူးလေ။
ပိုင်ဝေရဲ့ သူငယ်ချင်း တစ်ယောက် ဖြစ်လို့ သူ တော်တော်များများကို သိထားပါတယ်။ နော့မွန့်ကလန်ရဲ့ သွေးတံဆိပ်တော်ကို ထုတ်နိုင်တဲ့သူ တစ်ယောက်ဟာ စတေးဝါးတား နော့မွန့်ကလန်ကြီးနဲ့ ပတ်သက်မှု တစ်ခုခုရှိနေတဲ့သူပါ။
“နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဒါက ငါ ဒီဆွဲပြားထုတ်သုံးတာ ဒုတိယအကြိမ်မြောက်ပဲ။ ငါလည်း သိပ်ပြီး ကြာကြာ အသက် မရှင်ရတော့ပါဘူးလေ။ ဒါကြောင့် နော့မွန့်ကလန်ကို ဒုက္ခပေးပြီး အကူအညီ မတောင်းချင်တော့ပါဘူး”
သူ့စကားသံတွေက ပုံမှန်ပေမဲ့လည်း မမြင်ရတဲ့ ခြိမ်းခြောက်မှုတွေ ပါဝင်နေပါတယ်။
…….
ကဲ - ခုချက်ချင်း လက်မနှေးဘဲ အရမ်းဖတ်လို့ကောင်းတဲ့ ဂျိနင်စာစဉ် ( ၁၁ ) ကို အထူးနှုန်းအဖြစ် ငွေကျပ် *၉၀၀* တည်းနဲ့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်ခင်ဗျ။

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်။

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်နော်။

 “ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့ပါနဲ့ဦး” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……	

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်

Related Posts