ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်း စာချစ်ပရိသတ်ကြီး မင်္ဂလာပါ ။

ဝန်ဇင်း စာချစ်ပရိသတ်တွေအတွက် ၊ ယနေ့ထွက် စာအုပ်များ ကဏ္ဍကနေ၊ မိတ်ဆက်ပေးချင်တဲ့ စာအုပ်ကတော့
"နှုတ်ခမ်းတစ်စုံရဲ့ နိဒါန်း" - သျှင်မ

ဒီဝတ္ထုလေးကတော့ အချစ် ဝတ္ထုတွေကို ကြိုက်နှစ်သက်တဲ့ ဝန်ဇင်း ပရိသတ်တွေအတွက် အကြိုက်တွေ့စေမှာ အသေချာပါပဲ...။

အခု စာအုပ်လေးက ကောင်လေး၁ယောက်နဲ့ မိန်းကလေး၂ယောက်ကြားက ၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပါ ။
ဇာတ်လမ်း အစ မှာ တော့ လှပီးချစ်ဖို့ကောင်းတဲ့ဘဝင် ဆိုတဲ့ ဇာတ်ကောင် ကောင်မလေးက သူငယ်ချင်း၁ယောက်နဲ့ ဟိုတယ်ကြီး၁ခုမှာ ပြုလုပ်တဲ့ မင်္ဂဆောင်ပွဲသို့ လာရင်း

တခြားဖက် အခန်းမှာ ပြုလုပ်တဲ့ မင်္ဂလာဆောင်ပွဲ၁ခုကို အမှတ်မထင်မထင်မှတ်ပဲ ငေးကြည့်မိတဲ့အခါ
သတို့သားအမည်က သူချစ်ရတဲ့ ခင်ပွန်းဖြစ်သူနာမည် ဖြစ်နေတာကို အံ့သြသင့်ဖွယ် တွေ့ရှိလိုက်ရပြီး
နာမည်တူယုံသာမက သူရဲ့ ခင်ပွန်းဖြစ်သူကိုယ်တိုင် ဖြစ်နေတာကို သိလိုက်ရတဲ့အခါ

သူမ ဘာလုပ်မလဲ ? ဒီမင်္ဂလာပွဲကို သူမ ဖျက်မှာလား ?
ဘာမှမလုပ်ပဲ ဒီတိုင်းထွက်သွားမလား ?
သူတို့ ၃ပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးက ဘယ်သို့ ဘယ်ပုံ ဆက်ဖြစ်လာဦးမလဲဆိုတာ...ခုပဲဖတ်ကြည့်လိုက်နော် ။ 

မနက်ဖြန် ည ၈း၀၀ မှာလည်း ဘယ်စာအုပ်လေးတွေကို အသစ် တင်ဆက်ပေးမယ်ဆိုတာကို သိရှိဖို့ တစ်ခေါက် လာလည်လှည့်ပါဦးနော်..

ဒီကဏ္ဍလေးကို တနင်္လာနေ့မှ သောကြာနေ့ထိ နေ့စဉ် ည ၈း၀၀ တိုင်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်..။

Related Posts