ယနေ့အတွက် ဖတ်စရာကဏ္ဍ


နှလုံးသားရှိသူတိုင်း ခံစားကြည့်ဖို့နဲ့ ဟာသဝတ္ထုချစ်သူတိုင်း ဖတ်ဖို့ စာအုပ်နှစ်အုပ် !

၁။ စာအုပ်အမည် - နှလုံးသားရှိရင် ခံစားကြည့်ပါ
စာရေးဆရာမ - ရှင်မြတ်နိုး

စာမြည်း    ။	။ အလင်းရောင်ရှေ့ ထွက်မရပ်ရဲလောက်အောင် သူမရဲ့ အခန်းမှောင်မှောင်လေးထဲမှာပဲ တိတ်တဆိတ် ပုန်းအောင်းနေခဲ့သည်။ ဘယ်သူနဲ့မှလည်း အရောမဝင်တော့။ သိပ်ချစ်ပါသည်ဆိုတဲ့ သူမကလေးကိုလည်း စကားမပြောတော့ပေ။ 

လင်း ဘယ်လောက် တောင်းပန် တောင်းပန် … ဘယ်လိုပဲ ချော့မော့နေနေ တီလေးက လက်မခံပေ။ ပတ်ဝန်းကျင်ကိုလည်း အဆက်အဆံ မလုပ်ဘဲ အခန်းတံခါးပိတ်ကာ နေခဲ့လေတော့၏။ ထမင်းစားချိန်တစ်ခုသာ တံခါးဖွင့်ပေးပြီး ကျန်သောအချိန်တွင် ဘယ်သူ့ကိုမှ အလာမခံတော့ချေ။ ပညာတတ်ဖြစ်ချင်သော တီလေးတစ်ယောက် နောက်ဆုံးနှစ် စာမေးပွဲကို မဖြေတာ့ဘဲ ရန်ကုန်က ဘကြီးတို့အိမ်ကနေ ရွာသို့ ပြန်ရောက်လာခဲ့လေတော့သည်။ 

လင်းတစ်ယောက် … သူ့အဒေါ်ဖြစ်သူကိုကြည့်ပြီး တစ်ချိန်လုံး ငိုကြွေးနေခဲ့သည်။ သူမ .. ဘာကိုမှ သိခွင့်မရ။ တီလေး ပန်းမြခြယ်ကိုယ်တိုင်ကလည်း သူမ ဘာဖြစ်တယ်။ ဘယ်သူ့ကြောင့် ဒီလိုတွေ ဖြစ်ရတယ် ဆိုတဲ့အကြောင်းကိုမှ ဖွင့်ဟတိုင်ပင် ပြောဆိုပြခြင်းမှ မရှိခဲ့တာ။ အဲဒီတော့ လူတွေအားလုံးက တီလေးကို သနာညှာတာစိတ်ဖြစ်ရုံကလွဲပြီး ဘာတစ်မှ မကူညီနိုင်ခဲ့ဘူးလေ။

-	နှလုံးသားရှိသူတိုင်း ခံစားကြည့်နိုင်မယ့် ဒီဝတ္ထုကို *၆၀၀* ထဲနဲ့ ဖတ်ရှုလို့ရပြီ ဖြစ်ပါတယ်ခင်ဗျ။

၂။ စာအုပ်အမည် - ဟာသဝတ္ထုတိုများ ( ၄ ) 
စာရေးဆရာ - ကြပ်ကလေး

ဖတ်ညွှန်း ။	။ စာရေးဆရာ ကြပ်ကလေးရဲ့ ဟာသဝတ္ထုတိုများ စာအုပ်တွေကို စာချစ်သူတိုင်း ဖတ်ရှုနိုင်အောင် ဝန်ဇင်းကနေ ဝန်ဆောင်မှု ပေးနေပါရဲ့ဗျာ။ ခုဆို ဟာသဝတ္ထုတိုများ ( ၄ ) အထိ ထွက်ရှိလာတာပဲ ကြည့်တော့ဗျို့။ တကယ်ဆို ကျနော်တို့အားလုံး ရယ်မော ပျော်ရွှင်ချင်ကြတာပဲ မဟုတ်လား။ ဒီစာကို ဖတ်နေတဲ့လူတိုင်းက စိတ်ညစ်စရာ စိတ်ရှုပ်စရာတွေကို တစ်ကွေ့မှာတော့ ကြုံဖူးကြသူချည်းပါပဲ။ အဲ့ဒီအချိန်မှာဆို ဘာစာအုပ်မှ ဖတ်ချင်စိတ် မရှိကြဘူး။ အများအားဖြင့် အဲ့ဒီလိုအချိန်တွေမှာ ဟာသရုပ်ရှင်တွေ ကြည့်တယ်။ ပြီးတော့ ရယ်တယ်။ ဟာသဝတ္ထုတွေကိုတော့ မေ့နေတတ်ကြပါတယ်။ 

ဒီလို မေ့နေမိတယ် ဆိုရင်တော့ အခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကိုသာ ချက်ချင်း သတိရလိုက်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဆရာကြပ်ကလေးက ဟာသဝတ္ထု၊ သရော်စာ အရေးအသားမှာ ကလောင်ထက်တဲ့ စာရေးဆရာတစ်ဦး ဖြစ်နေလို့ပါပဲ။ ဒီတော့ … ဖတ်ကြည့်လိုက်ပါ။ ဟာသဝတ္ထုတိုလေးတွေက စာဖတ်သူကို စိတ်ညစ်ညူးမှုကင်းတဲ့ ကမ္ဘာတစ်ခုဆီကို ခေါ်ဆောင်သွားပါလိမ့်မယ်။

ဒီစာအုပ်ကိုတော့ ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* ထဲနဲ့ ဖတ်ရှုလို့ရပြီ ဖြစ်ပါတယ်။  

- စာအုပ်ဖတ်မယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ရယူဖတ်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်။

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09969998500 မှာ မေးမြန်း စုံစမ်းနိုင်ပါတယ်ခင်ဗျ။

Related Posts