ယနေ့အတွက် ဖတ်စရာကဏ္ဍ


သိုင်းလောကသားတို့အတွက် ဓားတန်ခိုးရှင်ဒဏ္ဍာရီ စာစဉ် ( ၁၄) နှင့် မဲခေါင်ကျော်စွာရဲ့ သိုင်းစာစဉ်အသစ် " သေမင်း ခုနှစ်ဖော်" 

(၁) 
Comment မှာရော Chat Box မှာပါ ရှယ်တောင်းဆိုနေကြတဲ့ Dr – Panda ရဲ့ဓားတန်ခိုးရှင်ဒဏ္ဍာရီ စာစဉ် ( ၁၄)  

အားလုံးက တစ်ခဲနက်တောင်းဆိုနေကြတဲ့, Dr – Panda ရဲ့ fan တွေအတွက် ဓားတန်ခိုးရှင်ဒဏ္ဍာရီ စာစဉ် ( ၁၄) ကို တင်ပေးလိုက်ပါပြီ ခင်ဗျာ...။ ကြမ်းသထက်ကြမ်းကြမ်းလာတဲ့ ဇာတ်လမ်းတွေကြောင့် ဒီစာစဉ်ကိုလည်း သိုင်းစာအုပ်ချစ်သူတို့ အကြိုက်တွေ့ဦးမှာ အသေအချာပါပဲ...။ 

စာမြည်း 

“အင်မော်တယ် နန်းတော်ရဲ့သော့က အခု ငါ့ရဲ့လက်ထဲမှာပဲ”
မွန်းစတားတွေ အားလုံး နင်ရဲ့အသံကို သေချာ ကြားလိုက်ကြရပါတယ်။ သူ့ရဲ့ နတ်ဘုရားစိတ်အာရုံက ကီလိုမီတာ တစ်ထောင်အထိ ဖြန့်ကြက်ထားခဲ့တဲ့အတွက် သူ့ရဲ့အသံကို ပို့လွှတ်လိုက်လို့ ရခဲ့ပါတယ်။ “ပွင့်စမ်း”အင်မော်တယ် နန်းတော်ရဲ့သော့ကို သူ့လက်ထဲမှာ ကိုင်ထားလိုက်ပြီး ညွှန်ကြားလိုက်ပါတယ်။ ကောင်းကင်လွင်ပြင် တောင်တန်းကိုသွားတဲ့ တံခါးပေါက်တစ်ခု ပွင့်လာခဲ့ပါပြီ။ တကယ်တော့ နင်က သော့ကို အသုံးပြုပြီး ကောင်းကင်လွင်ပြင် တောင်တန်းဆီကို တစ်ခေါက် ထွက်ကြည့်ပြီးပါပြီ။ အထဲကို ပြန်ဝင်လာတော့ ချွင်ချွင်ရဲ့ စကြဝဠာ ခုန်ကျော်ခြင်း အစွမ်းအသုံးပြုပြီး  ဒီနေရာကို ပြန်လာခဲ့တာပါ။ ချွင်ချွင်က အခုဆို ဂေါတောင်တန်းက နွန်တောကြမ်းတုန်းကထက် အများကြီးကို အစွမ်းထက်လာခဲ့ပါပြီ။ ဦးလေးဖြူနဲ့ နင်ကို သူမနဲ့အတူ သယ်ဆောင်လာနိုင်ပါတယ်။ အဓိက ပြဿနာက တခြား နန်းတော်လေးခုကို နင် ချည်နှောင် ပေါင်းစည်းထားခြင်း မရှိပါဘူး။ သူ နောက်ဆုံး နန်းတော်က ထွက်လာတာနဲ့ မွန်းစတားတွေ အားလုံးရဲ့ ဝန်းရံထားခြင်းကို ခံရမှာပါ။ ဒါကြောင့် သူ အင်မော်တယ်နန်းတော် အပြင်ကို အရင်ဆုံး ထွက်သွားခဲ့ပြီးမှ အထဲမှာ ချွင်ချွင်ရဲ့ အစွမ်းကို အသုံးပြုပြီး အနား ပြန်ကပ် လာခဲ့တာပါ။“အင်မော်တယ် နန်းတော်ရဲ့သော့...”“သူ့လက်ထဲမှာ အင်မော်တယ် နန်းတော်ရဲ့သော့ ရှိနေပြီ”“အပြင်ကမ္ဘာ... ငါအပြင်ကမ္ဘာကို အနံ့ခံမိနေပြီ”
အင်မော်တယ် ဝှစ်စိုင်နဲ့ အင်မော်တယ် ဒိုဟီတို့လည်း နတ်ဘုရား စိတ်အာရုံတွေကို တံခါးပေါက်ကနေတစ်ဆင့် အပြင်ကို ဖြန့်ကြက်လိုက်ကြပါတယ်။
“အပြင်ကမ္ဘာ...”အင်မော်တယ် ဝှစ်စိုင်၊ ဒိုဟီနဲ့ မွန်းစတားတွေ အားလုံးက နင်ကို စိတ်ဆန္ဒပြင်းပြစွာနဲ့ စိုက်ကြည့်နေကြပါတယ်။ တခြား လူတစ်ယောက်က ဘာဖြစ်လို့ သော့ကို မဆောင် ထားတော့တာလဲ ဆိုတာကို သူတို့ နားမလည်နိုင် ဖြစ်နေပါတယ်။ အဖြေကတော့ ဒီသော့ကို ကိုင်ထားတဲ့ လူဆီမှာပဲ ရှိမှာပါ။ ဘယ်သူသော့ကိုင်လဲဆိုတာ သူတို့အတွက် အရေးမကြီးပါဘူး။ သော့ကိုင်ထားတဲ့လူနဲ့ပဲ သူတို့ ညှိနှိုင်းဆွေးနွေးမှာပါ။ အင်မော်တယ် ဝှစ်စိုင်နဲ့ အင်မော်တယ် ဒိုဟီတို့လည်း သော့ကို လုသင့်မလုသင့် စဉ်းစားနေကြပါတယ်။ အစောပိုင်းက ဆက်တိုက် မအောင်မြင်ခဲ့တာတွေကြောင့် သူတို့ အခု အလောတကြီး မလှုပ်ရှားရဲတော့ပါဘူး။

ကဲ … ဒီစာအုပ်ကို အခုချက်ချင်း လက်မနှေးဘဲ ဖတ်ရှုဖို့ ဝန်ဇင်းမှာ မြန်မာငွေ **၁၀၀၀** ကျပ်တည်းနဲ့ ရယူလိုက်ပါ။


Wun Zinn app နောက်ဆုံး ဗားရှင်းလေးကို http://bit.ly/wz_play လင့်ခ်ကိုနှိပ်၊ အခမဲ့ Download ပြုလုပ်ပြီး စာအုပ်ကောင်းတွေနဲ့အတူ ကဏ္ဍမျိုးစုံကို လေ့လာနိုင်ပြီလို့လည်း သတင်းကောင်း ပါးလိုက်ပါရစေ  

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09969998500 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

Related Posts