ယနေ့အတွက် ဖတ်စရာကဏ္ဍ


“လူငယ်စာဖတ်သူတွေကြား အောင်မြင်မှုများစွာ ရရှိခဲ့သည့် စစ်ငြိမ်း၏ ဒုတိယမြောက်စာအုပ်”
စာအုပ်အမည်  - ဘဝတစ်ပါးမှရပ်တန့်ငေးမောနေသော (ကဗျာနှင့်အက်ဆေး)
စာရေးသူ - စစ်ငြိမ်း
ဖတ်ညွှန်းတို - ကဗျာဆရာ စစ်ငြိမ်းရဲ့ ဒုတိယမြောက်စာအုပ်ဖြစ်ပြီး လူငယ်စာဖတ်သူတွေကြားမှာ အောင်မြင်မှုတွေများစွာ ရရှိခဲ့တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ ဒီစာအုပ်နဲ့ ပတ်သက်ပြီး စာရေးသူက “ကျွန်တော့်ရဲ့ စိတ်အလိုမကျမှုတွေ။ ကိုယ့်ချစ်ခြင်းအပေါ် ကိုယ် ခွင့်မလွှတ်နိုင်မှုတွေ။ ကိုယ့်ကိုယ်ကိုယ် မောင်းထုတ်လိုက် ပြန်ခေါ်လိုက် ပစ်ချလိုက် ပြန်ကောက်လိုက် နေ့ရက်တွေဟာ ဖျက်ပစ်လို့မရတဲ့ မှတ်ဉာဏ်ဆိုးများ ဖြစ်လာပါတော့တယ်။ ညညဆို ကျွန်တော့်ကျောကို လာလာ ပွတ်သပ်တဲ့ အဲဒီ မှတ်ဉာဏ်တွေကို ကျွန်တော်ဟာ ခေါင်းထဲမှာရော ရင်ထဲမှာပါ ထားလို့ မဆံ့တော့တဲ့အခါ၊ မခံနိုင်တော့လောက်အောင် များပြားကျပ်ခဲလာတဲ့အခါ ကျွန်တော်က ဟောဒီစာအုပ်ထဲမှာ လာဝှက်ထားလိုက်တယ်” လို့ စာအုပ်ရဲ့ အစ ကိုယ်တိုင်ရေးမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ စာအုပ်ထဲမှာတော့ ကဗျာနဲ့ အခြားအက်ဆေးတွေအပြင် Facebook ပေါ်မှာ စာဖတ်သူတွေ သဘောကျနှစ်ခြိုက်ခဲ့ကြတဲ့ “အဝေးကြီးက ရေးတဲ့စာပါ ဟေသာ ဒါကြောင့်ဖတ်ပါ” အက်ဆေးတွေလည်း ပါဝင်ပါတယ်။
- စာချစ်သူလည်း ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ဝန်ဇင်းမှာ *၁၀၀၀* ကျပ်တည်းနဲ့ ရရှိနိုင်ပြီပဲ ဖြစ်ပါတယ်။
Wun Zinn app နောက်ဆုံး ဗားရှင်းလေးကို http://bit.ly/wz_play လင့်ခ်ကိုနှိပ်၊ အခမဲ့ Download ပြုလုပ်ပြီး စာအုပ်ကောင်းတွေနဲ့အတူ ကဏ္ဍမျိုးစုံကို လေ့လာနိုင်ပြီလို့လည်း သတင်းကောင်း ပါးလိုက်ပါရစေ   
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09969998500 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
- အောင်မြင်သူတိုင်း စာဖတ်ကြသည်။
- သင်လည်း အောင်မြင်ချင်ရင် ဝန်ဇင်းမှာ စာဖတ်ပါ။

Related Posts