ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


[ ကမ္ဘာ့ဂန္ထဝင် “စစ်နှင့်ငြိမ်းချမ်းရေး” ဝတ္ထု စာအုပ်အမှတ် ( ၇ ) နှင့် အမှတ် ( ၈ ) ဆက်လက် ထွက်ရှိ ]

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ …

ဝန်ဇင်းစာချစ်သူများအတွက် လွန်ခဲ့တဲ့ရက်တွေကစလို့ ကမ္ဘာကျော် စစ်နှင့်ငြိမ်းချမ်းရေးဝတ္ထုရှည်ကြီးကို ကျွန်တော်တို့ဝန်ဇင်းမှ အပိုင်းများခွဲ၊ စာအုပ်အတွဲများ သတ်မှတ်ပြီး စာချစ်သူများထံ မိတ်ဆက်တင်ပြခဲ့ပါတယ်။ ထူထူထဲထဲစာအုပ်ကြီးကို သွားလေရာသယ်၊ ကိုင်တွယ်ဖတ်ရှုရဖို့ အဆင်မပြေသူတွေ၊ စာအုပ်ပမာဏကြည့်ပြီး ဖတ်ရှုဖို့ အားလျော့သွားသူတွေအတွက် စာအုပ်ငယ်လေးတွေအဖြစ် အပိုင်းခွဲတင်ဆက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရက်တွေမှာ “စစ်နှင့်ငြိမ်းချမ်းရေး” စာအုပ်အမှတ် ( ၁ )၊ ( ၂ )၊ ( ၃ )၊ ( ၄ )၊ ( ၅ ) နဲ့ ( ၆ ) အထိ ဝန်ဇင်းမှ တင်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ စာအုပ်ခြောက်တွဲမှာဆိုရင်တော့ ( အမေ့ဥယျာဉ်စာအုပ်တိုက်ထုတ်မူအရ ) အပိုင်း ( ၁ ) မှ အပိုင်း ( ၁၂ ) အထိ ပါဝင်ခဲ့ပြီးဖြစ်လို့ ယခု ထပ်မံထွက်ရှိလာတဲ့ စာအုပ်အမှတ် ( ၇ ) နဲ့ ( ၈ ) မှာတော့ အပိုင်း ( ၁၃ )၊ ( ၁၄ )၊ ( ၁၅ ) နဲ့ စာရေးသူ တော်လ်စတွိုင်းရဲ့ အဘိဓမ္မာအနှစ်ချုပ်တို့ပါဝင်တဲ့ ဒုတိယနိဂုံးပိုင်း တို့ကို ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။ 

[ ဒုတိယနိဂုံးကတော့ တော်လ်စတွိုင်း အဘိဓမ္မာရဲ့ အနှစ်ချုပ်ပါပဲ။ သူက ရာဇဝင်ဆိုတာဘာလဲ၊ အာဏာဆိုတာဘာလဲ။ ရာဇဝင်အဖြစ်အပျက်တွေ ဘာကြောင့် ပေါ်ပေါက်လာသလဲဆိုတဲ့ ပြဿနာကို ဆွေးနွေးသွားတာပဲ။ သူက ရာဇဝင်ဆိုတာ လူမျိုးတွေရဲ့ဘဝ၊ ပြည်သူတွေရဲ့ဘဝကို ရေးခြယ်ပြတာလို့ဆိုတယ်။ ဒီနေရာမှာ တော်လ်စတွိုင်းရဲ့ ရာဇဝင်အမြင်ဟာ ခေတ်မီတယ်။ သမိုင်းရုပ်ဝါဒနဲ့ ကိုက်ညီတယ်လို့ ကျွန်တော်ထင်တယ်။ တော်လ်စတွိုင်းဟာ သူ့ရှေ့တွင် ရာဇဝင်ဆရာတွေအားလုံးကို တိုက်ခိုက်ဝေဖန်ထားတယ်။ သူ့ရှေ့က ရာဇဝင်ဆရာကြီးတစ်ဦးဖြစ်ပြီး ‘ရောမလက်နက်နိုင်ငံကြီး ပျက်စီးခြင်း’ ဆိုတဲ့ ရာဇဝင်ကျမ်းကြီးကိုရေးခဲ့တဲ့ ဂစ်ဘွန်က ရာဇဝင်ဆိုတာ လူတွေရဲ့ မိုက်မဲမှုတွေ၊ လိမ်ညာမှုတွေ၊ ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ထားတဲ့ မှတ်ပုံတင်စာအုပ်ကြီးပဲလို့ ပြောခဲ့ဖူးတယ်။ တော်လ်စတွိုင်းကတော့ ဒီလို တစ်ဖက်သတ်မမြင်ဘူး။ ရာဇဝင်ဆိုတာဟာ လူမျိုးတွေ၊ ပြည်သူတွေရဲ့ဘဝ အဆိုးအကောင်းအားလုံးကို ဖော်ပြတဲ့အရာဖြစ်တယ်လို့ ယူဆတယ်။ ဂစ်ဘွန်တို့ရဲ့ ရာဇဝင်ကျမ်းတွေမှာ ဘုရင်တွေ ဧကရာဇ်တွေအကြောင်းလောက်ပဲပါတယ်။ တော်လ်စတွိုင်းက ဒါကို မကျေနပ်ဘူး။ ရာဇဝင်ဆိုတာ လူစွမ်းကောင်းတွေကြောင့် ဖြစ်တာမဟုတ်ဘူး။ လူစွမ်းကောင်းဆိုတာလဲ မရှိဘူးလို့ ယူဆတယ်။ ] ( မြသန်းတင့် … ) 

ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံး ဂန္ထဝင်ဝတ္ထုကြီး၊ လူ့သဘာဝနဲ့ လောကတရားတွေကို အပြည့်အစုံဖော်ထုတ်ခဲ့တဲ့ ကမ္ဘာ့စာပေသမိုင်းရဲ့ ပြယုဂ်လည်းဖြစ်တဲ့ ဝတ္ထုကြီးကတော့ ဝန်ဇင်းစာချစ်သူတွေလက်ထဲ ရောက်ရှိနေပါပြီ။ ခုလိုမျိုး … ကမ္ဘာ့စာပေသမိုင်းမှာ ထိပ်တန်းနေရာကို ရယူထားတဲ့ “စစ်နှင့်ငြိမ်းချမ်းရေး” ဝတ္ထုကြီးကို စာဖတ်ဝါသနာပါသူတိုင်း၊ စာဂျပိုးတိုင်း၊ ဂန္ထဝင်စာပေကို လေ့လာလိုသူတိုင်း၊ လူ့သဘာဝ လောကသဘာဝကို မြင်တွေ့လိုသူတိုင်း … ဖတ်ကို ဖတ်ရှုထားသင့်ပါတယ်။

ကဲ … ဒါကြောင့်မို့ … ခုလို ခမ်းနားကြီးကျယ်တဲ့ ကမ္ဘာ့ဂန္ထဝင် ဝတ္ထုကြီး “စစ်နှင့်ငြိမ်းချမ်းရေး” ကို ဝန်ဇင်းက  ပြန်လည် အပိုင်းခွဲ စီစဉ်လိုက်တဲ့ စာအုပ် အမှတ် ( ၇ ) နဲ့ ( ၈ ) ကို ခုပဲ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။

ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ပို့စ်ကို ပြန်လည်မျှဝေ ( share ) ပေးဖို့ မမေ့နဲ့ဦးနော်။ 

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 

“ဒီပို့ကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးဖို့ မမေ့နဲ့ဦးနော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 

Related Posts