ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 

ဒီနေ့မှာတော့ ကျွန်တော်တို့ ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ အသစ်ထွက်ရှိလာတဲ့ စာအုပ်တွေနဲ့ စာချစ်သူများကို မိတ်ဆက်ပေးပါရစေ။ အဲ့ဒီစာအုပ်တွေကတော့ စာရေးဆရာ အောင်အောင် ( IR ) ရဲ့ “ကံကောင်းခြင်းနောက်ကွယ်၌နှင့် အခြားဆောင်းပါးများစုစည်းမှု” စာအုပ်၊ အလင်းသစ်ရဲ့ “အမုန်းတွေ … ခေါက်ထားလိုက်” ဆိုတဲ့ ဝတ္ထုတို့ပဲ ဖြစ်ပါတယ်ခင်ဗျ။ 

( ၁ ) ဦးစွာမိတ်ဆက်ပေးမှာကတော့ လူငယ်များအနေဖြင့် မဖတ်မဖြစ် ဖတ်ရှုလေ့လာထားသင့်သော “ကံကောင်းခြင်းနောက်ကွယ်၌နှင့် အခြားဆောင်းပါးများစုစည်းမှု” ဆိုတဲ့ စာအုပ်ပါပဲ။ ဒီစာအုပ်ထဲမှာ စာရေးဆရာ အောင်အောင် ( IR ) ရေးသားခဲ့သည့် ဆောင်းပါးများစွာကို စုစည်းတင်ပြထားပါတယ်။ စာရေးသူရဲ့ နိုင်ငံခြားအတွေ့အကြုံတွေကို ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ကဏ္ဍများဖြင့် ခွဲခြားတင်ပြထားပြီး ပြည်တွင်းနှင့်ပြည်ပ အရေးအရာတို့ကို နှိုင်းယှဉ်ဖော်ပြထားပြီး လူငယ်များပညာရေးအတွက်လည်း အထူးဦးစားပေး ရေးသားထားကို ဖတ်ရှုရမှာပါ။ 

 “လူဆိုတာ တွေးရမယ်။ စိတ်ကူးယဉ်ရမယ်။ အိပ်မက်တွေ မက်ရမယ်။ အဲ့ဒီစိတ်ကူးတွေ၊ အိပ်မက်တွေအပေါ် အခြေခံပြီး လက်တွေ့ကျတဲ့ ချဉ်းကပ်မှုမျိုးနဲ့ မိမိလိုချင်တဲ့ ဖြစ်ချင်တဲ့အရာတစ်ခုအပေါ် ချဉ်းကပ်ရမယ်။ ဖြစ်နိုင်ချေအပေါ် သုံးသပ်ရမယ်။ တိုးသင့်တန်တိုး၊ ဆုတ်သင့်တန်ဆုတ်ရမယ်။ ဆိုလိုတာက အင်္ဂလိပ်စာကို လေ့လာလိုက်စားခြင်းမရှိဘဲ နိုင်ငံခြားမှာ ပညာသင်ချင်တယ်ဆိုတဲ့ အိပ်မက်မျိုးကိုတော့ လက်တွေ့မကျဘူးပေါ့” ( လူငယ်၊ နိုင်ငံခြားပညာသင်ဆုနှင့် အခွင့်အလမ်း .. မှ ) 

ဒီစာအုပ်ထဲမှာ နိုင်ငံခြားပညာသင် အခွင့်အလမ်းများ၊ ငြိမ်းချမ်းရေးပညာသင်ဆု၊ ဒီမိုကရေစီပညာဖလှယ်ဆု၊ ကိုရီယားပညာသင်ဆုများ၊ နိုင်ငံခြားပညာသင်ဆု ဘယ်လိုလျှောက်ကြမလဲ၊ အနာဂတ်ကိုစိန်ခေါ်ဖို့ ဘာတွေပြင်ဆင်ထားကြမလဲ စတဲ့ လူငယ်များ သိသင့်သိထိုက်၊ ပြင်ဆင်ထားသင့်သည့် ပညာရေးဆိုင်ရာ ဆောင်းပါးများအပါအဝင် အခြားလေ့လာစရာ ဆောင်းပါးများစွာပါဝင်တာမို့ ဝန်ဇင်းစာချစ်သူတွေအနေနဲ့ ဒီစာအုပ်ကို လက်လွှတ်မခံဘဲ၊ ဒီပို့စ်လေးမှာပါတဲ့ *ဝယ်မည်* ကိုနှိပ် ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* တည်းဖြင့် ဝယ်ယူဖတ်ရှု၊ လေ့လာလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ 

( ၂ ) နောက်ထပ် မိတ်ဆက်ပေးမှာကတော့ အလင်းသစ်ရဲ့ “အမုန်းတွေ … ခေါက်ထားလိုက်” ဆိုတဲ့ စာအုပ်ပါပဲ။ ငယ်သူငယ်ချင်းတွေဖြစ်ကြတဲ့ ‘အခိုက်တန့်’ နဲ့ ‘အေးချမ်းသူ’၊ အစ်မဖြစ်တဲ့ ‘နွေးထွေးသူ’ က မိမိသဘောမကျသူနဲ့ အိမ်ထောင်ပြုသွားလို့ ကျေချမ်းနိုင်ခြင်းမရှိတဲ့ ‘အေးချမ်းသူ’၊ သူတို့ ဘဝထဲ ‘စီးချင်း’ ဆိုတဲ့ လူငယ်တစ်ဦး ဝင်ရောက်လာတဲ့အခါ … 

“ငါ အစကတော့ မင်းကို အမြင်ကတ်ခဲ့တာ မှန်ပါတယ်ချမ်းချမ်း။ ဒါပေမဲ့ ငါ့ရင်ထဲမှာ မင်းအတွက် အမုန်းမရှိဘူး။ ငါ့ကိုရွဲ့ပြီး မင်းဘဝတစ်ခုလုံးကိုတော့ မရင်းနှီးပါနဲ့” ( စီးချင်း )

“အချစ်မှာ ဘာကြောင့်ညာကြောင့်ဆိုတဲ့ အကြောင်းပြချက်မရှိဘူးလေ ချမ်းချမ်းရဲ့။ အကြောင်းပြချက်နဲ့ ချစ်တယ်ဆိုတာ အချစ်တွေက အဲ့ဒီအကြောင်းပြချက် ချို့ယွင်းပျက်စီးသွားရင် အချစ်ဆိုတာလည်း ပျက်ပြယ်သွားနိုင်တယ်” ( အခိုက်တန့် )

“အဓိက,က ခင်ဗျားတို့ရဲ့ လောင်းရိပ်အောက်ကနေ လွတ်သွားဖို့ပါဦးစီးချင်း။ ဒီအိမ်မှာ ကျွန်တော် မရှိတော့ဘူးဆိုရင် ခင်ဗျားကျေနပ်တယ်မဟုတ်လား။ ဒီလိုဆုံးဖြတ်ရင် ကျွန်တော် ဒီအိမ်မှာ မဖြစ်မနေ ဆက်ရှိနေရဦးမှာ” ( အေးချမ်းသူ )

ကဲ … ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းက ဘာဆက်မဖြစ်မလဲဆိုတာသိရင်အောင် ဝန်ဇင်းစာချစ်သူတွေအနေနဲ့ ဒီစာအုပ်ကို ဒီပို့စ်လေးမှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။  ဒီနေ့ တင်ဆက်လိုက်တဲ့ စာအုပ်ကောင်းတွေကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုကြဖို့ မမေ့နဲ့နော်။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီ စာအုပ်တွေရဲ့ မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။
…………..
“ဝန်ဇင်းစာချစ်သူတို့က ခုလို စာအုပ်မိတ်ဆက်ပို့စ်တွေကို နှစ်သက် သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်”
“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် … 

Related Posts