ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“စိတ်ညစ်နေလား …. ဒီစာအုပ်တွေဖတ်ကြည့်လိုက်၊ ညစ်တာတွေ ပေါ့သွားစေရမယ်”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီနေ့မှာ ဝန်ဇင်းစာချစ်သူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဖတ်ရှုနိုင်မယ့် စာအုပ်ကောင်းတွေကို တင်ဆက်ပေးချင်ပါတယ်။ အဲ့ဒီစာအုပ်တွေကတော့ ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ အသစ်ထွက်ရှိလာသော စာရေးဆရာ သဲအောင် ရဲ့ “ကတ်သီးကတ်သတ်ပုံပြင်များ” နဲ့ စာရေးဆရာ ပဉ္စမံဒီရိုင်းရဲ့ “အချစ်နှင့်အခြားသောအကြောင်းအရာများ” ဆိုတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်ခင်ဗျ။ 

( ၁ ) ဦးဆုံး မိတ်ဆက်ပေးမယ့် စာအုပ်ကတော့ စာရေးဆရာသဲအောင်ရဲ့ “ကတ်သီးကတ်သတ်ပုံပြင်များ” ဆိုတဲ့စာအုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ကတော့ အမှတ် ( ၂ ) အဖြစ် ထပ်မံထွက်ရှိလာတာပါ။ ပုံပြင်ဖြစ်ပေမယ့် ဒီပုံပြင်တွေကတော့ စာရေးသူ ပြောသလိုပဲ ကတ်သီးကတ်သတ်ပုံပြင်တွေပါ။ စာရေးသူဟာ ဟိုးအရင်က ပုံပြင်တွေကို ရှုထောင့်အသစ်နဲ့ ချဉ်းကပ်ရေးသားထားတာမို့ ဝန်ဇင်းစာချစ်သူတွေအတွက် တစ်မျိုးဆန်းသစ်နေမှာ အသေအချာပါပဲ။ 

“ဒီနေ့ခေတ်ကာလမှာ မိဘတွေဟာ လှုပ်ရှားရုန်းကန်နေရတဲ့အခါ မိမိတို့ရဲ့ ချစ်လှစွာသော သားငယ်၊ သမီးငယ်တွေအတွက် အချိန်ပေးပြီး ပုံပြင်တွေ ပြောပြချင်သော်လည်း ပုံပြင်တွေ စုဆောင်းဖို့ ခက်ခဲလာကြပါတယ်။ ထို့ကြောင့် ကျွန်တော် ဒီပုံပြင်တွေကို ရေးသားဖြစ်ခဲ့တာပါ” ဆိုတဲ့ စာရေးသူရဲ့ စိတ်စေတနာဟာ တကယ်ပဲ ကြည်နူးဖို့ကောင်းပါတယ်။ 

ဒီစာအုပ်ထဲမှာ ပုံပြင်ပေါင်း ( ၁၉ ) ပုဒ်ပါဝင်ပြီး စာရေးသူက ဘယ်လိုရှုထောင့်အသစ်နဲ့ ရေးသားထားတဲ့ ကတ်သီးကတ်သတ်ပုံပြင်တွေကို ဖတ်ရှုရမလဲ သိချင်တယ်ဆိုရင်တော့ ပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်လေးကို ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* တည်းဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။ 

( ၂ ) ဒုတိယမိတ်ဆက်ပေးမှာကတော့ စာရေးဆရာပဉ္စမံဒီရိုင်းရဲ့ “အချစ်နှင့်အခြားသောအကြောင်းအရာများ” ဆိုတဲ့ စာအုပ်ပါပဲ။ ဒီစာအုပ်ကို ဖတ်ရှုပြီးသွားတဲ့အခါမှာ ဝန်ဇင်းစာချစ်သူတို့ရင်ထဲ ပေါ့ပါးသွားပါလိမ့်မယ်လို့ အာမခံပါတယ်။ ဖတ်ရတာပျော်ဖို့ကောင်းတဲ့ စာစုလေးတွေကို ဖတ်ရှုရမှာပါခင်ဗျ။ အချစ်နှင့်အခြားသောအကြောင်းအရာများဆိုသလို ဒီစာအုပ်ဟာ အချစ်အကြောင်းချည်းပဲ ရေးထားတာမဟုတ်ဘဲ အခြားလူမှုရေးအတွေးအခေါ်များကိုလည်း ရေးသားတင်ပြထားတာ တွေ့ရမှာပါ။ 

အချစ်နှင့်ဇာတ်ပွဲ၊ အချစ်နှင့်ရုပ်ရှင်၊ အချစ်နှင့်လျှော့တွက်မှု၊ အချစ်နှင့်စာဖတ်ခြင်း၊ အချစ်နှင့်အရောင်၊ အချစ်နှင့်သူငယ်ချင်း၊ အချစ်နှင့်လက်ဖက်ရည်ဆိုင်၊ အချစ်နှင့်စကားဝိုင်း၊ အချစ်နှင့်စိတ်ပညာရပ်ဆိုင်ရာ ရည်ရွယ်ချက်များထဲက ကြော်ငြာ၊ ရုပ်ရှင်များ၊ အချစ်နှင့်ပုံပြင် .. စတဲ့ အချစ်နှင့်စသော စာစုပေါင်း ( ၁၈ ) ပုဒ်ကို စိတ်ဝင်တစားဖတ်ရှုရမှာ ဖြစ်ပါတယ်။ 

ကဲ … ဒီတော့ ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့ အချစ်အကြောင်းတွေ ဖတ်ရှုရမလဲ သိချင်တယ်ဆိုရင်တော့ ပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်လေးကို ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* တည်းဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။

ကဲ ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်ကောင်းတွေကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုကြဖို့ မမေ့နဲ့နော်။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီ စာအုပ်တွေရဲ့ မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။

…………..
“ဝန်ဇင်းစာချစ်သူတို့အနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကို ဖတ်ရှုဖို့စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်”
“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 





Related Posts