ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်း စာချစ်ပရိသတ်ကြီး မင်္ဂလာပါ ။

ဝန်ဇင်း စာချစ်ပရိသတ်တွေအတွက် ၊ ယနေ့ထွက် စာအုပ်များ ကဏ္ဍကနေ၊ မိတ်ဆက်ပေးချင်တဲ့ စာအုပ်ကတော့ ဆရာကြီး မြသန်းတင့် ရဲ့ "ကမ္ဘာ့ရှုခင်း"
ဖြစ်ပါတယ် ။

ယနေ့ ကမ္ဘာကြီးမှာ ဆက်သွယ်မီဒီယာတွေ လွှမ်းမိုးမှုက ကျယ်ပြန့်လာတယ် ။ ဟိုတစ်ခေတ်က သတင်းစာ ၊ မဂ္ဂဇင်း ၊ ရေဒီယို လောက်သာ အားကိုးနေကြရတာ ။ အခုတော့ ရုပ်မြင်သံကြား ဂြိုဟ်တုသတင်းမှာ ကမ္ဘာကြီး ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာကို ချက်ချင်း တိုက်ရိုက် သိနိုင်နေပြီ ။

" ကမ္ဘာပြားပြီ " လို့ ဆိုခဲ့တဲ့ မာရှယ် မက်လူးဟန် က "ကျွန်တော်တို့ အားလုံးဟာ တစ်ပြိုင်တည်း ဖြစ်ပျက်မှုထဲမှာ နေထိုင်ကြရပြီ " လို့ ဆိုပါတယ် ။ သူ ပြောသလိုပဲ ရုပ်သံမီဒီယာတွေ အားကောင်းလွန်းတော့ ပုံနှိပ်မီဒီယာ သတင်းစာ ၊ မဂ္ဂဇင်း တော်တော်များများ ပြိုလဲ ရပ်တန့်ကုန်ကြတယ် ။

ဒါပေမဲ့ တိုင်းမဂ္ဂဇင်း ကတော့ အဲဒီလို အဖြစ်မခံဘူး ။ ရှုခင်းကဏ္ဍ ဆိုပြီး 
သာမန် သတင်းရေး တင်ပြတဲ့ပုံစံ မဟုတ်ဘဲ ဝေဖန်ဆန်းစစ် တင်ပြပေးတဲ့ ပုံစံ နဲ့ လမ်းသစ် ဖောက်လိုက်တယ် ။ ရုပ်သံကင်မရာက ကမ္ဘာ့သတင်းတွေ တိုက်ရိုက်ထုတ်လွှင့်ချိန်မှာ ရှုခင်း စာရေးဆရာက ကင်မရာ မရောက်နိုင်တဲ့ ဒေသတွေကို ခြေဦးလှည့်ပြီး ကမ္ဘာ့ရှုခင်း ကို တစ်မူထူးခြားစွာနဲ့ 
တင်ဆက်ပြသလိုက်တယ် ။

ရုပ်မြင်သံကြား က ဘော့စနီယားစစ်ပွဲ သတင်းတင်ဆက်ချိန်မှာ ရှုခင်းကဏ္ဍ က နယ်လ်ဆင် မင်ဒယ်လာ (၁၈) နှစ်ကြာ အိပ်ခဲ့ရတဲ့ ကျွန်းကလေးပေါ်က 
အကျဉ်းခန်းကလေး ကို တင်ပြတယ် ။ ရုပ်မြင်သံကြားက တိုကျို မြေအောက်ရထား အဆိပ်ငွေ့သင့်တဲ့ အကြောင်း တင်ပြချိန်မှာ ရှုခင်းကဏ္ဍ က လက်ဘနွန်တောင်ကြား တစ်နေရာက မှောင်ခိုရာဇာတို့ရဲ့ ဘေးမဲ့ရိပ်မြုံကို 
သတင်းပေးတယ် ။ အဲဒီလို ထူးခြားတဲ့ တိုင်းမဂ္ဂဇင်း က ရှုခင်းကဏ္ဍ ကို 
ဆရာမြသန်းတင့် က ဘာသာပြန် ထားပါတယ် ။

ဒီ ကမ္ဘာ့ရှုခင်း ထဲမှာ လူ့သဘာဝ စရိုက်အဖွဲ့ ၊ ပတ်ဝန်းကျင်သဘာဝ အဖွဲ့ ၊ တောတောင်ရေမြေ သဘာဝ အလှဖွဲ့ ၊ ခေတ်ပြိုင် ခံစားမှု ၊ ဒဿန ၊ အတွေးအမြင်တို့ ဝင်းလက် တောက်ပနေတာ တွေ့ကြရမှာပါ ။

ဒါဆိုရင် ခုပဲ ဝန်ဇင်းမှာ ဒီစာအုပ်လေး ဝယ်ယူဖတ်ရှုလိုက်ရအောင်...

စာအုပ်အဖြစ်မှာယူဖတ်ရှုလိုပါက ၊ စာအုပ်တန်ဖိုး (၃၅၀၀)ကျပ်ဖြင့် ၊ အိမ်တိုင်ရာရောက်အခမဲ့ပို့ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ။

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့နဲ့ဦးနော် ။

မနက်ဖြန် ည ၈း၀၀ မှာလည်း ဘယ်စာအုပ်လေးတွေကို အသစ် တင်ဆက်ပေးမယ်ဆိုတာကို သိရှိဖို့ တစ်ခေါက် လာလည်လှည့်ပါဦးနော်..

ဒီကဏ္ဍလေးကို တနင်္လာနေ့မှ သောကြာနေ့ထိ နေ့စဉ် ည ၈း၀၀ တိုင်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်..။

Related Posts