ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“စာအုပ်စာပေတွေက လူ့မိတ်ဆွေတွေ ဖြစ်ကြပါလျက် လူတွေက စာအုပ်စာပေတွေရဲ့ မိတ်ဆွေ မဖြစ်ကြတော့”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ …

ဝန်ဇင်းစာချစ်သူတွေအတွက် ကျွန်တော်တို့ဝန်ဇင်းမှ နေ့စဉ် စာအုပ်ကောင်းတွေထွက်ရှိနိုင်ဖို့ အစဉ်အမြဲ ကြိုးစားလျက်ရှိပါတယ်ခင်ဗျ။ ဒီ့အပြင် စာချစ်သူတွေ တောင်းဆိုကြတဲ့ စာအုပ်တွေရရှိရေးကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေ့မှာတော့ ဝန်ဇင်းပရိသတ်ကြီး တောင်းဆိုဖူးတဲ့ မြန်မာ-အင်္ဂလိပ်နှစ်ဘာသာ တွဲလျက်ပါတဲ့ စာမျိုးကို ဖတ်ရှုချင်ပါတယ်ဆိုတဲ့ စာချစ်သူတွေနဲ့ အင်္ဂလိပ်စာ လေ့လာနေတဲ့ စာဂျပိုးတွေအတွက်ရော၊ ဆောင်းပါးကောင်းတွေ ဖတ်ရှုချင်သူတွေအတွက်ရော သဘောကျမယ့် စာအုပ်ကောင်းတစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျ။

အဲ့ဒီစာအုပ်ကတော့ ဆရာ မောင်ဆွေခင်(ခရမ်းပြာ) ရေးခဲ့တဲ့စာတွေအနက် စာရေးသူကိုယ်တိုင် ကြိုက်နှစ်သက်တဲ့ စာပုဒ်တွေကို ရွေးချယ်ထားတဲ့ “တောမီးတစ်ကွက်” ဆိုတဲ့စာအုပ်ပဲ ဖြစ်ပါတယ်ခင်ဗျ။ ဒီစာအုပ်ရဲ့ ထူးခြားချက်တွေကတော့ မြန်မာ-အင်္ဂလိပ်နှစ်ဘာသာနဲ့ ဖတ်ရှုခွင့်ရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆရာမောင်ဆွေခင်ရဲ့ စာစုတွေကို ဘာသာပြန်စာရေးဆရာကြီး ဆရာတက်တိုးရဲ့ သားဖြစ်သူ ‘သားတက်တိုး’ က အင်္ဂလိပ်ဘာသာအဖြစ် ပြန်ဆိုရေးသားပေးထားတာမို့ အင်္ဂလိပ်စာ လေ့လာနေသူတွေအတွက်ကတော့ ‘ရွှေ’ လို့တောင် ဆိုရမှာပါခင်ဗျ။ 

“ကျွန်တော်ဖတ်ခဲ့ဖူးသမျှ စာအုပ်စာပေတွေထဲက ကြိုက်နှစ်သက်၍ နှလုံးအိမ်ဝယ်ကိန်းနေသော အကြောင်းအရာတို့သည် ဖြတ်သန်းကြုံတွေ့ရသော ကာလဒေသ ပယောဂများနှင့် ညီညွတ်တိုက်ဆိုင်သည့်အခါ စိတ်အာရုံရှေ့ထွက်လာပါသည်” လို့ စာရေးသူက ဆိုထားပါတယ်။ 

ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ စာပုဒ်တွေဟာ စာရေးသူဖြတ်သန်းခဲ့တဲ့ ခေတ်ကာလ၊ လူတွေ၊ အဖြစ်အပျက်တွေကို ထင်ဟပ်ဖော်ပြနေတာပါ။ စာရေးဆရာကြီး နန္ဒသိန်းဇံ၊ ဆရာကြီး ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း စတဲ့ဆရာကြီးတွေနဲ့ တွေ့ဆုံခဲ့မှု ပုံရိပ်တွေကို ‘နန္ဒသိန်းဇံနှင့် မဟော်သဓာ’ ၊ ‘မောင်အောင်ဝင်း၏ ဒဿနတစ်ခု’ တို့မှာ မြင်တွေ့ရမှာဖြစ်သလို သူဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလ ရုပ်ပုံတွေကို ‘၁၉၇၆-မြင်းခြံထောင် ဆန်သပိတ်တိုက်ပွဲနှင့် ကျွန်တော်တို့၏ ဂိမ်းသီအိုရီများ’ ၊ ‘ပင်စည်ထက် အကိုင်းတုတ်သည့်မြေ’ တို့မှာ ဖတ်ရှုကြရမှာပါ။ 

အလိမ္မာ စာမှာရှိ
စာလိမ္မာ ရှာကာကြည့်
လိမ္မာမယ့် စာသာ ရှာကာကြည့် 
စာအုပ်စာပေ လူ့မိတ်ဆွေ …
ဆိုတော့ကာ …
လူတို့အတွက် အသိအလိမ္မာတရားများ၊ လူတို့၏ အသိအလိမ္မာတရားများသည် စာအုပ်စာပေများထဲတွင် တည်ရှိနေသည်။ ထို့ကြောင့် စာအုပ်စာပေတို့သည် လူတို့၏မိတ်ဆွေများ ဖြစ်ကြသည်ဟု ဆိုပါသည်။ သို့သော်လည်း ယနေ့အချိန်အခါတွင် လူတွေ စာမဖတ်ကြတော့ဟု ဆိုကြရာတွင် စာအုပ်စာပေတွေက လူ့မိတ်ဆွေတွေ ဖြစ်ကြပါလျက် လူတွေက စာအုပ်စာပေတွေရဲ့ မိတ်ဆွေ မဖြစ်ကြတော့ဟု ဆိုရပါမည်။ ( လူတွေစာမဖတ်ကြတော့ခြင်း၏ ဧကောဓမ္မောအကြောင်းတရား .. မှ ) 
တဏှာရာဂသည် မေတ္တာအယောင်ဆောင်လာသကဲ့သို့ အမိန့်အာဏာသည် ဥပဒေအယောင်ဆောင်လာတတ်သည်၊ ယဉ်ကျေးမှုဘေးထွက်ဆိုးကျိုး၊ လူစိတ်၊ တောမီးတစ်ကွက် .. စတဲ့ စာစုတွေမှာ စာရေးသူဖြတ်သန်းခဲ့ ခေတ်ကာလအပေါ် အမြင်နဲ့ သုံးသပ်ချက်တွေကို လေ့လာခွင့်ရမှာလည်း ဖြစ်ပါတယ်။ 

စာတစ်ပုဒ်ချင်းစီတိုင်းက စာချစ်သူတို့အတွက် ရသခံစားမှုအပြင် တွေးစရာ၊ စဉ်းစားစရာနဲ့ ဆင်ခြင်သုံးသပ်စရာ အကြောင်းအရာလေးတွေကို ချန်ထားပေးခဲ့ပါလိမ့်မှာပါ။ ဒါတင်မကသေးပါဘူး … စာတစ်ပုဒ်ချင်းစီတိုင်းအတွက် သရုပ်ဖော်ပန်းချီပုံတွေကလည်း စိတ်ဝင်စားဖို့ ကောင်းနေတာမို့ စာချစ်သူတို့အတွက် စိတ်ကျေနပ်စရာ စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်။ 
ချုပ်ပြောရရင်တော့ ဒီစာအုပ်ဟာ အင်္ဂလိပ်ဘာသာနဲ့ပါ ရေးသားထားတာမို့ “ဖတ်ပြီးတိုင်းပြန်ဖတ်” ရမယ့် စာအုပ်လည်း ဖြစ်တာမို့ ဝန်ဇင်းစာချစ်သူတို့ရေ … 

ဒီစာအုပ်လေးကို လက်လွှတ်မခံဘဲ၊ ဒီစာအုပ်ပို့စ်လေးမှာပါတဲ့ *ဝယ်မည်* ဆိုတာကိုနှိပ်ပြီး ခုပဲ ဝန်ဇင်းမှာ ငွေ *၈၀၀-ကျပ်* တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီ စာအုပ်တွေရဲ့ မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးနော်။ 
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
…………..
“ဝန်ဇင်းစာချစ်သူတို့က စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ဖတ်ရှုရတာ နှစ်သက်တယ်၊ အင်္ဂလိပ်စာကိုလည်း စိတ်ဝင်တစား လေ့လာနေသူတွေ ဖြစ်တယ်ဆိုရင်တော့ ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်”
“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 


Related Posts