ယနေ့အတွက် ဖတ်စရာကဏ္ဍ


[ အနုပညာပုံရိပ်တွေ နောက်ခံပြုထားတဲ့ ဒီဝတ္ထုဟာ အပြိုင်ဇာတ်ဆောင်တွေနဲ့အတူ ဒရမ်တစ်ပုဒ်ကို လှလှပပပ ခြယ်မှုန်းထားတယ် ]
…….

စာအုပ်အမည် - အကြောင်းကြောင်းကြောင့်

စာရေးဆရာ - ဗျူး

ဖတ်ညွှန်းတို - အနုပညာပုံရိပ်တွေကို နောက်ခံပြုထားတဲ့ ဒီဝတ္ထုဟာ အပြိုင်ဇာတ်ဆောင်တွေနဲ့ ခြယ်မှုန်းထားတဲ့ အချစ်ပန်းချီကား တစ်ချပ်ပဲ ဖြစ်ပါတယ်။ ဦးဆုံးတစ်ယောက်ကတော့ ပြည့်စွမ်းရည်ပေါ့။ သူဟာ မော်ဒယ်လောကမှာ အောင်မြင်နေသူ ၊ ပြီးတော့ ကြော်ငြာသရုပ်ဆောင်အဖြစ် ကျော်ကြားနေခဲ့သူတစ်ယောက်၊ တဖြည်းဖြည်းနဲ့ အနုပညာလောကမှာ နာမည်တောက်ပြောင်လာသူ။ ဒီလို နာမည်တွေ ဂုဏ်တွေကြောင့် မဟုတ်ဘဲ စွမ်းအပေါ် မြတ်နိုးခြင်းသက်သက်နှင့် ချစ်မိသူ မိန်းကလေးက - သက္ကရာဇ်ဖြူ တဲ့။ သူမဟာ မိဘနှစ်ပါး မရှိတော့ကတည်းက စွမ်းအပေါ် အချစ်ပုံ ဘဝပုံပြီး မေတ္တာအင်အား ကြီးမားခဲ့သူလေးပေါ့။

ဒါပေမဲ့ ပြဿနာက သူတို့နှစ်ယောက်ဟာ အသွင်မတူသေး။ အနုပညာလောကထဲ ရောက်နေပြီး နာမည်ကျော်စပြုနေတဲ့ စွမ်းဆိုတဲ့ သရုပ်ဆောင်၊ မော်ဒယ်တစ်ယောက်အပေါ် ဖြူ့ရဲ့ စိတ်မချမှု စိုးရိမ်စိတ်တို့ရှိတာ၊ ဒါ .. မိန်းကလေးသဘာဝ။ 

[ “အမှန်ဝန်ခံရရင် ဖြူ နားလည်နိုင်ပေမဲ့ မြင်တွေ့နေရတိုင်း ခံစားရတာလည်း အသေအချာပဲ စွမ်း၊ ချစ်သူဘဝမှာတောင် ဒီလောက်ခံစားနေရရင် အိမ်ထောင်သည်ဘဝရောက်ရင် ဖြူ ပိုခံစားရမှာ သေချာတယ်”

“ကိုယ့်အချစ် ကိုယ့်သိက္ခာတရားကို ဖြူ ယုံကြည်အောင် ကိုယ် ဘာနဲ့ သက်သေပြရမလဲ ဖြူ၊ တကယ်ဆို ကိုယ့်ကို ဘယ်သူတွေ နားမလည်နိုင်ချင် နေပါ၊ ဖြူရှိနေတယ်ဆိုတဲ့ အသိလေးနဲ့ ကိုယ် ကျေနပ်နေခဲ့ရတာပါ ဖြူရယ်”

ဒီလို စကားလေးနဲ့ပဲ စွမ်း သူမအပေါ် အနိုင်ယူသွားခဲ့စမြဲ။ သူမကိုယ်တိုင်ကလည်း ဘာကြောင့်များ တင်းထားသည့်စိတ်တွေ ယိုင်လဲကုန်ရတာလဲ။ ] 

တကယ်တော့ စွမ်းရဲ့ နောက်ကြောင်း မိသားစု၊ ဖြူရဲ့ နောက်ခံကားချပ် … ဒါတွေကို သိလိုက်ရတဲ့အခါမှာ ဝတ္ထုတစ်ပုဒ်လုံးက စာချစ်သူအတွက် ဖတ်ရတာ အရသာရှိပါလိမ့်မယ်။ မထင်မှတ်ထားတဲ့ ဇာတ်လမ်းအကွေ့အချိုးကတော့ ဒီဝတ္ထုထဲမှာ စွမ်းနဲ့ ရုပ်ချင်းတူတဲ့ အကိုတစ်ယောက် ၊ ပြီးတော့ မျက်ဝန်းညို ဆိုတဲ့ စကားမပြောတတ်ရှာသူ ကောင်မလေးတစ်ယောက် … ။ 

ကဲ … ဝတ္ထုထဲက အချစ်ဇာတ်လမ်းဟာ ဘယ်လိုမျိုး ကပြ ပုံဖော်သွားမလဲ သိရအောင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ခုပဲ ဝယ်ယူဖတ်ရှုလိုက်ရအောင်ခင်ဗျ။

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်။

…………

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။
…………
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့ပါနဲ့ဦး” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……	
စာဖတ်ပရိသတ်ကြီးအတွက် အမြဲတမ်းရှိနေမယ့် ဝန်ဇင်း ....


Related Posts