ယနေ့အတွက် ဖတ်စရာကဏ္ဍ


‘ဆရာဇော်ဇော်အောင်ရဲ့ ဝတ္ထုတိုတွေကို ဖတ်ရှု ခံစားချင်သူများအတွက် ယုဇနမခင်ပျို အပါအဝင် အခြားလက်ရာများ’

စာအုပ်အမည် - ဝတ္ထုတိုပေါင်းချုပ် အပိုင်း ( ၁ ) 
စာရေးဆရာ - ဇော်ဇော်အောင်

“ဇော်ဇော်အောင်ဟာ စပိုင်ဝတ္ထုတွေရေးတယ်၊ မော်ဒန်စာပေသီအိုရီ သဘောတရားတွေကို ရေးတယ်၊ တစ်ချိန်တည်းမှာပဲ အလွန်ထူးခြားလှပဆန်းသစ်တဲ့ မြန်မာ<တ္ထုတိုများကိုလည်း ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ အကောင်းမွန်ဆုံး ရေးသားပြုစုသွားတာကို တွေ့ရပါတယ်။ အထင်ရှားဆုံး သက်သေအဖြစ် ယခု ဇော်ဇော်အောင်ရဲ့ မြန်မာဝတ္ထုတို ပေါင်းချုပ်ဟာ ၁၃၅ ပုဒ် ပါသတဲ့။” ( စာရေးဆရာ မောင်မိုးသူ၏ အမှာစာမှ )
 
ဖတ်ညွှန်းတို - ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ ဝတ္ထုတိုတွေဟာ ဆရာဇော် ( ဇော်ဇော်အောင် ) အနေနဲ့ မဂ္ဂဇင်းအသီးသီးမှာ ရေးသားခဲ့တဲ့ ဝတ္ထုတိုတွေကို စုစည်းထုတ်ဝေထားတာပဲ ဖြစ်ပါတယ်။ ရသစာပေနဲ့ ပတ်သက်ပြီး အပြည့်စုံဆုံး အကောင်းဆုံးဖြစ်အောင် ရေးသားပြုစုခဲ့သူ စာရေးဆရာကြီး ဆရာဇော်ဂျီရဲ့ တပည့်ဖြစ်သူ ဆရာဇော်ဟာလည်း မော်ဒန်စာပေနဲ့ ပတ်သက်ပြီး သဘောတရားတွေ ဆောင်းပါးတွေကို မြန်မာစာပေလောကအတွက် ဖြန့်ကျဲပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။ အခု ဒီဝတ္ထုတိုပေါင်းချုပ်ထဲမှာတော့ ဆရာဇော်ရဲ့ ဘယ်လိုမျိုး ရသမြောက်တဲ့ ဝတ္ထုတို လက်ရာတွေကို  မြင်တွေ့ရမလဲ ? မော်ဒန်စာပေဆိုင်ရာ အကြောင်းအရာတွေရော ပါလေမလား ?

“ဤလောကတွင် အကောင်းဆုံး သတိရနေခြင်းသည် မေ့လျော့ထားခြင်းပင်ဖြစ်ကြောင်း လောကက ကျွန်တော့်အား ပြောကြားခဲ့သည်ကို မေ့သွားပြီ။ စုတ်ချာသော လက်ဖက်ရည်ဆိုင် ကလေးမှာ သူ့ကိုချစ်ကြောင်းပြော၍ ကလောသို့ ခိုးယူထွက်ပြေးသွားချင်သည်ကို သူသိဖို့ ကောင်း ပါသည်။ လူအချို့ရင်ထဲမှာ မီးပုံများရှိကြောင်း ယုံပါပြီ။ အနုပညာဆိုသည်မှာ သီတာရေစင်လို အေးမြသည်ဟု ဆိုစကားရှိသော်လည်း သီတာရေစင်ကို ကျွန်တော် မတွေ့မမြင်ဖူးပါ။ ကျွန်တော် ဘယ်ကလာ၍ ဘယ်ကိုသွားမည်လဲ။” ( ယုဇနမခင်ပျို … မှ ) 

“အချို့ သောအရာများ ပြတ်သားကြည်လင်လာလေလေ၊ အချို့သော အရာများ ဝိုးဝါးရီဝေလာလေလေ ဖြစ်၏။ သူ့ကိုချစ်သည်မှာ ပြတ်သားကြည်လင်လာလေလေ ဘာကြောင့် ချစ်မိသည်ဆိုသော အကြောင်းသည် ဝိုးဝါးရီဝေလာလေလေ ဖြစ်ရပါသည်။ ဘာကြောင့် ချစ်မိမှန်းမသိ။ ဘာကြောင့် ချစ်မှန်းမသိ။ ဘာကြောင့် ချစ်နေမှန်းမသိ။ တစ်ခါတစ်ရံ မသိခြင်းက ကောင်းပါသည်။” ( ကတ္တီပါလွမ်းချင်း … မှ ) 

“လူသည် လောကအတွင်းသို့ ပစ်ချခံလိုက်ရသော အထီးကျန်သတ္တဝါဖြစ်သည်။ ဖြစ်လာပြီ ဆိုကတည်းက အဓိပ္ပာယ်ကင်းမဲ့နေသည်။ လောကထဲမှာ ထိုသို့လျှင် အဓိပ္ပာယ်ကင်းမဲ့စွာ အထီးကျန် စွာ သူစိမ်းပြင်ပြင် လောကထဲမှာ သူစိမ်းများ၏အလယ်မှာ ဖြစ်တည်လာခြင်းသည် ကောင်းချီး မင်္ဂလာတစ်ပါးမဟုတ်။” ( နိုင်တဲ့လူအကုန်ယူသွားသည် … မှ ) 

တကယ်လို့ ဝန်ဇင်းပရိသတ်ကြီးလည်း ဆရာဇော်ဇော်အောင်ရဲ့ ဝတ္ထုတိုလက်ရာတွေကို ဖတ်ရှုခံစားချင်တယ်ဆိုရင် ဒီပို့်စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* တည်းဖြင့် ရယူဖတ်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်။ 

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

“ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဦးနော်” “ဖတ်ချင်တဲ့ စာအုပ်တွေရှိရင်လည်း comment box ထဲမှာ ရေးသားခဲ့နိုင်ပါတယ်” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။
-	အောင်မြင်သူတိုင်း စာဖတ်ကြသည်။ 
-	သင်လည်း အောင်မြင်သူဖြစ်ဖို့ ဝန်ဇင်းမှာ စာဖတ်ပါ။ 

Related Posts