ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ ...

ဒီနေ့မှာ ဝန်ဇင်းစာချစ်သူ ပရိသတ်ကြီးအတွက် ယနေ့ထွက် စာအုပ်များကဏ္ဍကနေ မိတ်ဆက်ပေးချင်တဲ့ စာအုပ်တွေကတော့ စာရေးဆရာမ မေဇွန်အေးရဲ့ “ကိုင်းဖျားလှုပ်ခါ လွမ်းနေမိ” စာအုပ်နဲ့ စာရေးဆရာ မင်းမြတ်သူရရဲ့ “မိုးမခရတနာသိုက်” ဆိုတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်ခင်ဗျ။

( ၁ ) 
ဦးစွာမိတ်ဆက်ပေးလိုတာကတော့ စာရေးဆရာမ မေဇွန်အေးရဲ့ “ကိုင်းဖျားလှုပ်ခါ လွမ်းနေမိ” ဆိုတဲ့ စာအုပ်ပါပဲ။ ဒီစာအုပ်ဟာ ကလျာမဂ္ဂဇင်း၊ မဟေသီမဂ္ဂဇင်း၊ ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်းအပါအဝင် မဟေသီမဂ္ဂဇင်းနဲ့ မြဝတီမဂ္ဂဇင်းတွေမှာ ဆရာမမေဇွန်အေး ရေးသားခဲ့တဲ့ ဝတ္ထုတွေကို စုစည်းထားတဲ့ “မဂ္ဂဇင်းဝတ္ထုရှည်စုစည်းမှု” စာအုပ်လည်း ဖြစ်ပါတယ်ခင်ဗျ။

စိန်ပန်းတွေလည်း မြေမှာကြဲပြန့်နေ၊ ကိုင်းဖျားလှုပ်ခါ လွမ်းနေမိ၊ ရွှေဝါချောင်နှောင်ငင်လမ်းမှာလ၊ အမုန်းဆူးရွာသည် ဖြိုင်ဖြိုင်လော ဖြိုင်ဖြိုင်လော၊ ပြဇာတ်၊ မျက်ရည်များ၏ ဆက်ထုံး၊ အတ္တနံရံ၏ အခြားတစ်ဖက်မှ ခြေသံများ၊ တစ်ခါက လရောင်တစ်ဝက် စွယ်တော်ရွက်တစ်ခြမ်း၊ သမီးလေးရဲ့ မိုးကောင်းကင် … စတဲ့ ဝတ္ထုရှည်တွေကို ဖတ်ရှုကြရမှာပါ။ ဝတ္ထုတစ်ပုဒ်တိုင်းဟာ စာဖတ်သူရဲ့ရင်ထဲကို ထိခတ်သွားစေမယ့် မတူညီတဲ့ ရသလှိုင်းတွေ ပါဝင်နေပါတယ်။ စွန့်လွှတ်အနစ်နာခံ အချစ်၊ အတိုင်းမသိ မေတ္တာ၊ လွမ်းမောစရာ့ ဖြစ်ရပ်တွေနဲ့ ကျေးလက်ရှုခင်းတွေကို မြင်တွေ့ခံစားရမှာမို့ ဖတ်ရှုဖို့ မမေ့ကြနဲ့နော် … ။

( ၂ )
 နောက် မိတ်ဆက်ပေးမှာကတော့ စာရေးဆရာ မင်းမြတ်သူရရဲ့ “မိုးမခရတနာသိုက်” ဆိုတဲ့ စာအုပ်ပါပဲ။ 
ငှက်ဖျားမိပြီး အသက်ဆုံးရတဲ့ ဖခင်၊ အိမ်ထောင်ဦးစီးမရှိတော့တဲ့နောက် ရွာထဲက ခိုင်းသမျှအလုပ်တွေကို ကြုံရာကျပမ်းလုပ်ရင်း အရွယ်မတိုင်မီ ကွယ်လွန်သွားရှာတဲ့မိခင် .. စတဲ့ လောကဓံတွေကို အသက် ၁၀ နှစ်ကျော်ကတည်းက ခံစားလာရတဲ့ လူငယ်လေး မိုးသီး၊ သူဟာ တစ်ကောင်ကြွက်ဘဝကို ဘုန်းကြီးကျောင်းသားအဖြစ်နဲ့ ဖြတ်သန်းရင်း တိုးတက်ဖို့ ကြံစည်နေသူတစ်ယောက် ။

''ကံဆိုတဲ့အရာကို လောလောဆယ် မေ့ထားလိုက်ပါကွာ၊ မင်းလုပ်ရမှာက ကိုယ်တကယ်လုပ်နိုင်တဲ့အလုပ်ပဲ၊ ကံက ကိုယ်လုပ်လို့ရတာမဟုတ်ဘူး၊ ကိုယ်လုပ်လို့ရတာ အလုပ်ပဲ၊ လူတွေဟာ အလုပ်ကို ကြိုးကြိုးစားစားလုပ်ပေမယ့် မအောင်မြင်ဘူးလို့ ပြောကြတယ်၊ အဲဒါဘာဖြစ်လဲဆိုတော့ ဉာဏ်မပါလို့ပဲ” ( ဦးပဉ္စင်းကြီး … ) 

လူအမျိုးမျိုး စရိုက်အထွေထွေကြားထဲမှာ မိုးသီးတစ်ယောက် လောကဓံလှိုင်းလုံးကို ဘယ်လိုတက်နဲ့လှော်ပြီး ရွက်လွှင့်ကျော်ဖြတ်သွားမလဲ … လက်ရှိနေထိုင်ရတဲ့ အနေဆင်းရဲဘဝမှာပဲ နစ်မြုပ်သွားမလားဆိုတာကို စိတ်ဝင်စားဖွယ် ဇာတ်လမ်းအကွေ့အချိုးတွေနဲ့ ဆွဲဆောင်မှုရှိစွာ ဖတ်ရှုရမှာမို့ ကိုယ့်ရဲ့ဖုန်းထဲ ဒီစာအုပ်လေးလည်း ဝယ်ထည့်ပြီး ဖတ်ရှုဖို့ မမေ့ပါနဲ့ဦးနော် .. ။

ကဲ … ဒီစာအုပ်တွေကို ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ ။  

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့နဲ့ဦးနော် ... ????

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 

ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 

Related Posts