ယနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူများအတွက် ဒီနေ့ဖတ်ဖို့ စာအုပ် - မခံနိုင်အောင်ပေါ့ပါး ဘဝနေ့ညများ … 

 စာအုပ်အမည် - မခံနိုင်အောင်ပေါ့ပါး ဘဝနေ့ညများ
ဘာသာပြန်စာရေးဆရာ - ဒီနိုဗို
မူရင်းစာအုပ်အမည် - The Unbearable Lightness of Being by MILAN KUNDERA 

“သူ၏ အကောင်းဆုံးလက်ရာဟု တစ်ကမ္ဘာလုံးက တညီတညွတ်တည်း သတ်မှတ်ထားကြသော Unbearable Lightness of Being မှာ သမားရိုးကျ ဇာတ်ကြောင်းပြောဟန်ကို ပိုပြီး သုံးထားသော်လည်း ဇာတ်ကြောင်းပြောသူက အဆက်မပြတ် ကြားဖြတ်ပြီး စာဖတ်သူအား သူ၏ ဆိုလိုရင်းကို ရှင်းပြကာ ပြဿနာများကို မီးမောင်းထိုးပြီး ဘက်ပေါင်းစုံမှ သုံးသပ်ပြထားသည်။” ( ဒီနိုဗို ) 

ဖတ်ညွှန်းတို - မူရင်းစာရေးဆရာ မီလန်ကွန်ဒရာ ဖန်တီးလိုက်တဲ့ ဝတ္ထုရှည်၊ အက်ဆေး၊ ပြဇာတ်၊ ကဗျာတိုင်း၊ သူပြောဆိုလိုက်တဲ့ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုရေးရာ အကြောင်းကိစ္စတိုင်းဟာ အမြဲ ဆွေးနွေးစရာ ဖြစ်ခဲ့တယ်။ ဒီစာအုပ်ဟာလည်း ဖတ်ပြီးတာနဲ့ စကားဝိုင်းမှာ ထည့်သွင်းဆွေးနွေးမိပါလိမ့်မယ်။ ဒါမှမဟုတ် တစ်ယောက်တည်း တွေးတော စဉ်းစားမိပါလိမ့်မယ်။ 

အထူးသဖြင့် ဒီစာအုပ်ထဲမှာ မီလန်ကွန်ဒရာက သူမြင်တဲ့ အမြင် အပေါ်ယံစိတ်ကူးယဉ်ဖြစ်မှု၊ ပင်ကိုမဖြစ်မှု၊ မစစ်မှန်တဲ့ အနုပညာ စတာတွေကို အာဏာရှင်အစိုးရနဲ့ ထပ်တူပြု တင်ပြထားတာကို တွေ့ရမှာပါ။ သူ့စာကနေ ဖော်ပြတဲ့ ရသအမြင်နဲ့ နိုင်ငံရေးအမြင်တို့ဟာ စာချစ်သူတို့အတွက် တွေးစရာ မေးစရာတွေ ကျန်ခဲ့ပါလိမ့်မယ်။ 
ဒါ့အပြင် ဒီစာအုပ်ထဲမှာ ကွန်ဒရာက ဘဝအဓိပ္ပာယ်ရဲ့ မသေချာ မရေရာမှု ရှိမှု မရှိမှု ခပ်ပေါ့ပေါ့တွေးမှု လေးလေးနက်နက် စဉ်းစားမှု စတဲ့ ဆန့်ကျင်ဘက်အရာတွေနဲ့ ဘဝကို တည်ဆောက်ပြရင်း တစ်ဖက်မှာလည်း အချစ်ကို တွဲဖက် တင်ပြထားပြန်တယ်။ စာရေးသူက ကိစ္စရပ်မျိုးစုံကို ရှုထောင့်ပေါင်းစုံက မြင်နိုင်အောင် လှည့်ပတ်တင်ပြထားတာမို့ ဖတ်လို့ အရမ်းကောင်းတဲ့ ဝတ္ထုလို့ ဆိုရမှာပါပဲ။ 

***မှတ်ချက် ။	။ အချို့အခန်းတွေမှာ လိင်မှုကိစ္စအနည်းအကျဉ်း ပါဝင်တာမို့ စာဖတ်သူဟာ အရွယ်ရောက်ပြီးသူ ဖြစ်ရန်တော့ လိုအပ်ပါတယ်။***

တကယ်လို့ ဝန်ဇင်းပရိသတ်ကြီးလည်း မီလန်ကွန်ဒရာရဲ့ ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး၊ ဝန်ဇင်းမှာ မြန်မာငွေ *၆၀၀* တည်းဖြင့် ဈေးနှုန်းသက်သာစွာ ရယူဖတ်ရှုနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။ 

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

“ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဦးနော်” “ဖတ်ချင်တဲ့ စာအုပ်တွေရှိရင်လည်း comment box ထဲမှာ ရေးသားခဲ့နိုင်ပါတယ်” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

-	အောင်မြင်သူတိုင်း စာဖတ်ကြသည်။ 
-	သင်လည်း အောင်မြင်သူဖြစ်ဖို့ ဝန်ဇင်းမှာ စာဖတ်ပါ။ 

Related Posts