ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ ….
ဝန်ဇင်းစာချစ်သူတွေ ဖတ်ရှုနိုင်ဖို့အတွက် ကျွန်တော်တို့ ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍကနေ ထွက်ရှိလာတဲ့ စိတ်ဝင်စားဖွယ် စာအုပ်ကောင်းနှစ်အုပ် ရှိပါတယ်ခင်ဗျ။ အဲ့ဒီစာအုပ်တွေကတော့ စာရေးဆရာ မင်းခိုက်စိုးစံရဲ့ “ကျွန်တော်နှင့် အလင်းမျှော်စင်” နဲ့ စာရေးဆရာမင်းမြတ်သူရရဲ့ “ဘဝမီးအိမ်” ဆိုတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်ဗျ။

( ၁ ) 
ဦးစွာအနေနဲ့ စာရေးဆရာ မင်းခိုက်စိုးစံရဲ့ “ကျွန်တော်နှင့် အလင်းမျှော်စင်” ဆိုတဲ့ စာအုပ်ပါပဲ။ ဒီစာအုပ်ထဲမှာ ဝတ္ထုတိုမဟုတ်တဲ့ ဝတ္ထုတိုတွေ၊ တစ်နည်းအားဖြင့် “သူနဲ့သူမကြား” က အလွမ်း၊ နှလုံးသားနဲ့ ခံစားချက်၊ အလှတရားနဲ့ သဘာဝလောက၊ ခံယူချက်၊ အမြင်နဲ့ အသိ … စတာတွေကို ပို့စ်မော်ဒန်ဆန်ဆန် ဖန်တီးထားတဲ့ အရေးအသားများကို ဖတ်ရှုရမှာပါ။ 

“နေ့တိုင်း ရှင်က သစ်ပင်ကလေး သေသွားပြီးမဟုတ်လားလို့ မေးတယ်။ ရှင့်စိတ်ထဲမှာ တစ်နေ့မဟုတ်တစ်နေ့ သေမှာပဲဆိုတဲ့အစွဲက သေချာနေတာကိုး။ ဟုတ်တယ်လေ၊ ဒီသစ်ပင်ကလေး သေတာကတော့ သေမှာပဲ။ ဒါပေမယ့် ကျွန်မက ဘယ်လောက်ထိ ရှင်သန်နိုင်ဦးမလဲဆိုတဲ့အမြင်နဲ့ စိုက်တယ်။ ရှင်နဲ့ကျွန်မ ကွာတာ အဲ့ဒါပဲ” ( ကျွန်တော်နှင့် အလင်းမျှော်စင်မှ … ‘သူမ’ ရဲ့အမြင် )

ကျွန်တော်နှင့် အလင်းမျှော်စင်၊ ငါ့ကျောကုန်းပေါ်က သုည၊ ကျွန်တော်နှင့် စကြာဝဠာသီအိုရီ၊ ကျွန်တော်နှင့် မုဆိုး၊ အစွယ်၊ ကျွန်တော်နှင့် အဓိပ္ပါယ်များ၏အဆုံး၊ စပျစ်သီးသန္ဓေ၊ ကောင်းကင်တစ်ခုကို ဝယ်တဲ့ဈေး၊ ကျွန်တော်နှင့် နာရီနှစ်စင်း၊ မီးခေတ်မှော်စာတမ်း၊ ရယ်စရာများနှင့်အလွမ်း၊ ကျွန်တော်နှင့် ပွဲဈေးတမ်း၊ သူတစ်စိမ်း … စတဲ့ ခေါင်းစဉ်အောက်က အရေးအသားတွေဟာ စာချစ်သူတွေအတွက် တစ်ပုဒ်ဖတ်ပြီးတိုင်း ဖုန်းကလေးဘေးချ၊ တစ်ခါလောက် စဉ်းစားတွေးတောရင်း အရသာခံနိုင်မယ့် စာသားနဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ 

( ၂ ) 
ဒုတိယအနေနဲ့ စာရေးဆရာ မင်းမြတ်သူရရဲ့ “ဘဝမီးအိမ်” ဆိုတဲ့ စာအုပ်နဲ့ မိတ်ဆက်ပေးလိုပါတယ်။ အထွေအထူး ညွှန်းဆိုစရာမလိုအောင်ဘဲ စာအုပ်အမည်ကိုယ်၌က စာအုပ်ပါ ဝတ္ထုအကြောင်းကို ဖော်ပြနေတာကို စာချစ်သူတွေ ရိပ်မိမှာပါ။ ဒီစာအုပ်ဟာ ‘ဘဝမီးအိမ်’ ဆိုတဲ့အတိုင်း ဘဝမှာ အမှားအမှန် ရွေးချယ်ပြီး လမ်းမှန်လျှောက်လှမ်းနိုင်ဖို့ ဘဝရဲ့ လမ်းပြမီးအိမ်အဖြစ် ဘဝအတွက် လိုအပ်တဲ့ အသိအမြင်၊ စိတ်ဓာတ်ရင့်ကျက်ဖို့ လိုအပ်တဲ့ အတွေးအခေါ်တွေကို ပြောပြထားတယ်။ ဝတ္ထုထဲမှာက ဇာတ်လိုက်ဖြစ်တဲ့ ဆင်းရဲသား၊ ဗယာကြော်သည်ကောင်လေး မောင်မိုး ရဲ့ လောကဓံကို ရင်ဆိုင်ပုံအကြောင်းကို အဓိက ဖော်ပြပြီး အခြားဇာတ်ကောင်တွေနဲ့အတူ သိုက်သိုက်ဝန်းဝန်း ပုံဖော်ရေးသားထားတယ်။

“လောကမှာ လူဟာ အလွန်ကြီးမားတဲ့ စွမ်းဆောင်ရည်တွေနဲ့ မွေးဖွားလာတာကွ၊ ဒီလိုစွမ်းဆောင်ရည်တွေကို အသုံးချဖို့လည်း လူဖြစ်လာတာ၊ လူတွေဟာ ကိုယ်အလုပ်လုပ်နိုင်တဲ့ အစွမ်းရဲ့ ဆယ်ရာခိုင်နှုန်းကိုပဲ အသုံးချကြတယ်ကွ၊ ပါရမီရှင်ကြီးတွေတောင်မှ ကိုယ်လုပ်နိုင်တဲ့ စွမ်းရည်ရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကိုပဲ အသုံးချကြတယ်လို့ ဆိုကြတယ်ကွ” ဆိုတဲ့ ဦးဖိုးဘ ရဲ့ ဆုံးမသြဝါဒတွေ၊ အဘိုးကြီးရန်ကနားရဲ့ သင်ပြမှုတွေကို မောင်မိုးတစ်ယောက် ဘယ်လိုခံယူကျင့်သုံးခဲ့သလဲ၊ ဘဝအချိုးအကွေ့ လှိုင်းတံပိုးတွေအောက်မှာ မောင်မိုးရဲ့ ဆင်းရဲသားဘဝဟာ ရေစုန်မျောသွားမလားဆိုတာကို စိတ်ဝင်တစား ဖတ်ရှုကြရမှာပါ။ 

ကဲ .. ဒီတော့ အခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကို ဝန်ဇင်းမှာ ခုပဲ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။

ဖတ်ရှုချင်တဲ့ သူငယ်ချင်းတွေလည်း ရှိနေတာမို့ ပြန်မျှဝေ ( Share ) ပေးဖို့လည်း မမေ့ပါနဲ့ဦးခင်ဗျ။ 

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။ 

ဒီပို့စ်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် Like နဲ့ Share လုပ်ပေးဖို့ မမေ့နဲ့ဦးနော် 

ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ....... ။




Related Posts