ယနေ့အတွက် ဖတ်စရာကဏ္ဍ


“ဘဝရဲ့ အနိမ့်အမြင့် ဘဝဇာတ်ကြောင်း အဖုံဖုံကို ဖတ်ရှုရမည့် မြတ်ငြိမ်း၏ ဘဝကို ကြက်ခြေခတ်ခဲ့ရပေမယ့် စာအုပ်ကောင်းတစ်အုပ်”
	
စာအုပ်အမည် - ဘဝကို ကြက်ခြေခတ်ခဲ့ရပေမယ့် 
စာရေးဆရာ - မြတ်ငြိမ်း (ဘာသာပြန်)

ဖတ်ညွှန်းတို - အမေရိကန် လျှို့ဝှက်သည်းဖို စာရေးဆရာ Michael Avallone ရေးသားထားတဲ့ Madame X ဝတ္ထုကို ဆရာမြတ်ငြိမ်းက မြန်မာဘာသာကို ပြန်ဆိုထားတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ လျှို့ဝှက်ဆန်းကြယ် နဲ့ စုံထောက်ဝတ္ထုစာပေလောကမှာ Michael Avallone ဟာ မြောက်များစွာသော ရုပ်ရှင်တွေ၊ ဝတ္ထုဇာတ်လမ်းတွေကို ဖန်တီးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ အခုစာအုပ်ကတော့ အခြေခံလူတန်းစား ဘဝကနေ ချမ်းသာတဲ့ဘဝတစ်ခုကို ရရှိလိုတဲ့ မုဆိုးမ ဟော်လီပါ့ကား ဆိုတဲ့ အမျိုးသမီးလေး တစ်ယောက်နဲ့ ချမ်းသာပြီး  ထိပ်တန်းမိသားစု တစ်ခုဖြစ်တဲ့ အန်ဒါဆန် မိသားစုက ကလေတန်အန်ဒါဆန်တို့ ရေစက်ပါခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပေါင်းဖက်မှုရဲ့နောက်မှာတော့ ရှုပ်ထွေးလှတဲ့ မိသားစုပြဿနာတွေ၊ အဲ့ဒီအချိန်ကာလက ချမ်းသာတဲ့ လူတန်းစား မိသားစုကြီးတွေရဲ့ ဂုဏ်အရှိန်အဝါတွေ စတဲ့ စိတ်ဝင်စားဖွယ်ရာတွေနဲ့ ဇာတ်လမ်း အစကနေ အဆုံးကို ဆွဲခေါ်သွားမယ့် ဝတ္ထုတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီဝတ္ထုကို ၁၉၆၆ ခုနှစ်မှာ Universal Picture က ရုပ်ရှင်အဖြစ် ရိုက်ကူးပြသခဲ့ပြီး ဟော်လီပါ့ကားအဖြစ် မင်းသမီးချော Lana Turner နဲ့ ကလေတန်အန်ဒါဆန် အဖြစ် မင်းသား John Forsythe က သရုပ်ဆောင်ခဲ့ကာ အောင်မြင်တဲ့ ရုပ်ရှင်တစ်ခု ဖြစ်ခဲ့ပြီး ဟော်လီပါ့ကားအဖြစ် Lana Turner ဟာ David di Donatello Awards မှာ သရုပ်ဆောင်ဆုရရှိခဲ့ပြီး Laurel Awards မှာတော့ Nomination ဝင်ခဲ့တဲ့ ဇာတ်လမ်းကောင်း တစ်ခုပဲ ဖြစ်ပါတယ်။ 
စိတ်ဝင်စားဖွယ်ရာ စပိုင်ဇာတ်လမ်းတွေ၊ လျှို့ဝှက်သည်းဖို ဇာတ်လမ်းတွေကို စိတ်ဝင်စားတဲ့ စာဖတ်သူတွေ အတွက်တော့ လက်မလွတ်တမ်း ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်။ 
- စာချစ်သူလည်း ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ဝန်ဇင်းမှာ *၈၀၀* ကျပ်တည်းနဲ့ ရရှိနိုင်ပြီပဲ ဖြစ်ပါတယ်။

Related Posts