ယနေ့အတွက် ဖတ်စရာကဏ္ဍ


“လူစွမ်းကောင်းဖြစ်ချင်ရင် အလုပ်လုပ်ပါ၊ မင်းဟာ ဘာကို လိုချင်တယ်ဆိုတာ သိရမယ်။ တိကျတဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီအောင် အကြံပြုထားရမယ်။ ပြီးတော့ ငါမုချ အောင်နိုင်ရမယ်လို့ စိတ်တုံးတုံး ချထားလိုက်ပါ”
…..
???? စာအုပ်အမည် - သားငယ်ရွယ်လူး သိစေဦး ( လူစွမ်းကောင်းဖြစ်ချင် အလုပ်လုပ်ပါ ) 
✍ စာရေးဆရာ - သက်လုံ
ဖတ်ညွှန်းတို - အရှည်ကြီးမပြောချင်တော့ဘူး။ တစ်ခွန်းတည်း ညွှန်းရမယ်ဆိုရင် ဒီစာအုပ်ထဲမှာပါတဲ့ စာတစ်ပုဒ် ဖတ်လိုက်တိုင်း ကိုယ့်အတွက် တစ်ခုရသွားစေမယ်၊ ဆရာသက်လုံ ပြောတဲ့ ရိုရိုးရှင်းရှင်း အချက်ကလေးတွေဟာ နည်းနည်းပဲလောက်ပဲဖြစ်ဖြစ် လိုက်နာကြည့်လိုက်ပါ။ စာဖတ်သူအတွက် လုံးဝ အကျိုးရှိသွားစေပါလိမ့်မယ်။ အောက်မှာ စာမြည်းလေးတွေ ဖော်ပြလိုက်တယ်။ 

“ကိုယ်နဲ့ မသင့်တော်တဲ့ အလုပ်ကို လုပ်နေရပြီ ဆိုရင်လည်း ခဏသာဖြစ်တယ်။ ကြာရှည် မဖြစ်ဘူး။ နောက်ဆုံးမှာ သင့်တော် အံဝင်တဲ့ နေရာကို ရောက်နေရမှာပဲ။ ကြွေတစ်လက် ကြက်တစ်ခုန် ကံကောင်းလို့ မတန်တဲ့ နေရာကို ရောက်နေရင်လည်း ခဏပဲ သားငယ်။ မင်းဟာ အလုပ်ကို အတတ်နိုင်ဆုံး အကောင်းဆုံး မလုပ်နိုင်ရင် ကိုယ်နဲ့ တန်ရာ တန်ရာ ဖြစ်တဲ့ နိမ့်ကျတဲ့ နေရာကို ရောက်ရမှာပဲ သားငယ်။” ( အလုပ်က လူတွေကို ရွေးတယ် … မှ ) 

“ဘဝဆိုတာ ကိုယ်လုပ်ချင်သလို ဖြစ်တာပါဆိုတဲ့ စကားက အတိအကျကို မှန်ကန်တဲ့ စကားပဲ သားငယ်။ အချိန်ရှိတုန်းက မင်းဟာ စွမ်းအင်တွေကို ဖြုန်းတီးပစ်လိုက်မယ်၊ မဟုတ်တဲ့ နေရာတွေမှာ သုံးမယ်ဆိုရင် နောင်တစ်နေ့မှာ မင်းရဲ့ဘဝဟာ ယိုယွင်းပျက်စီးနေတဲ့ ဘဝပဲဖြစ်ရမယ်။” ( ဟန်ချက်ညီ စွမ်းအား … မှ )

“မင်းဟာ ဘာကို လိုချင်တယ်ဆိုတာ သိရမယ်။ တိကျတဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီအောင် အကြံပြုထားရမယ်။ ပြီးတော့ ငါမုချ အောင်နိုင်ရမယ်လို့ စိတ်တုံးတုံး ချထားလိုက်ပါ။ စိတ်ကို ကြံ့ကြံ့ခိုင်ခိုင်ထားပါ။‘ ငါတတ်နိုင်တယ် ’ဆိုတဲ့ စိတ်ဓာတ်ကို မွေးလိုက်ပါ။‘ ငါ အရှုံးမပေးဘူး’ဆိုတဲ့ သဘောထား  ဖြစ်အောင် ပြောင်းပစ်လိုက်စမ်းပါ။” ( ခြေတစ်လှမ်းချင်းဖြင့် ပန်းတိုင်ရောက်တယ် … မှ ) 

“ဒီတော့ ပျင်းရိတဲ့ လူဟာ တောင်ကုန်းကို မတက်ချင်ဘူး၊ ကွေ့ရှောင်ချင်တယ်။ ဒါပေမဲ့ ဘဝရဲ့ အခက်အခဲနဲ့ ပြဿနာ ဆိုတာမျိုးကတော့  ကွေ့ရှောင်လို့ မရဘူး။  ကျော်လွှားနိုင်ရင် ကျော်လွှား၊ မကျော်လွှားနိုင်ရင် အရှုံးပေးရမှာပဲ။ ဒါကြောင့် ပျင်းရိသူတွေဟာ ဘယ်တော့မှ မထွန်းတောက်ပါဘူး၊ ဘယ်တော့မှ အောင်မြင်သူ မဖြစ်ပါဘူး။” ( အလုပ်ဖြင့် ပေးဆပ်ခြင်း … မှ ) 
ကဲ …. ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်ခင်ဗျာ။

အခြား စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းမှာရှိတဲ့ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်။

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။
-	အောင်မြင်သူတိုင်း စာဖတ်ကြသည်။ 
-	သင်လည်း အောင်မြင်ချင်ရင် ဝန်ဇင်းမှာ စာဖတ်ပါ။ 

Related Posts