ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်း စာချစ်ပရိသတ်ကြီး မင်္ဂလာပါ ။

ဝန်ဇင်း စာချစ်ပရိသတ်တွေအတွက် ယနေ့ထွက် စာအုပ်များ ကဏ္ဍကနေ မိတ်ဆက်ပေးချင်တဲ့ စာအုပ်တွေကတော့ ​နိုင်​ဦး ရဲ့ "ကျွန်​တံငါသည်​"၊ ​မောင်​​မောင်​မြင့်​သိန်း ရဲ့ "​ပျော်​ရွှင်​​သောမိသားစုဘဝ" နဲ့ ပဉ္စမံဒီရိုင်းရဲ့ "အမုန်းခဏ" စာအုပ်​များပဲ ဖြစ်​ပါတယ်​ခင်​ဗျ။

(၁) ဆရာနိုင်​ဦးရဲ့ "ကျွန်​တံငါသည်​" စာအုပ်​ထဲဟာ ထိုင်းနဲ့ အင်​ဒိုနီးရှားနိုင်​ငံက ငါးပုစွန်​စတဲ့ ပင်​လယ်​စာထုတ်​လုပ်​​ရောင်းချ​ရေး လုပ်​ငန်း​တွေမှာ လုပ်​သား​တွေကို အနိုင်​ကျင့်​ပြီး အဓမ္မခိုင်း​စေတဲ့ လုပ်​ရပ်​ကို ​ဖော်​ထုတ်​လိုက်​တဲ့ AP သတင်း​ထောက်​​လေးဦးတို့ရဲ့ ၄င်းအမှုအခင်းကြီးအ​ပေါ် စွန့်​စား​ဖော်​ထုတ်​ခဲ့ပုံအ​ကြောင်း​တွေကို သတင်းဌာန​ ​ဖော်​ပြချက်​​တွေနဲ့အတူ ဖြစ်​ရပ်​မှန်​အတိုင်း စနစ်​တကျ ပြုစု​ရေးသားထားတယ်​။

" ၂၀၁၃ ခုနှစ် နှစ်ကုန်ခါနီးတွင် ဆွဲပိုက်ချသင်္ဘောပေါ်မှာ အဖမ်းခံနေရသော အရှေ့တောင်အာရှက လူတွေအကြောင်း စတင်သိလာခဲ့ကြသည်။ ကမ္ဘာနှင့်အဝန်း လုပ်ကိုင်နေသော Seafood လုပ်ငန်းကြီးတွေထဲမှာ လူကုန်ကူးမှုတွေ ရှိနေကြောင်း ရေးသားခဲ့ကြပေမယ့် ကမ္ဘာကြီးကို သေသေချာချာ ဖွင့်ချပြဖို့ AP သတင်းထောက် (Associated Press Reporters) ရော်ဘင်မက်ဒိုဝဲလ်နှင့် မာဂီးမေဆန်တို့က ဆုံးဖြတ်ခဲ့ကြသည်။ သို့ပေမဲ့ တကယ်လက်တွေ့လုပ်ကြည့်တော့ ဧရာမ အခက်အခဲ အတားအဆီးတွေ အန္တရာယ်တွေနှင့် ရင်ဆိုင်ခဲ့ရသည်။ ငါးဖမ်းလုပ်ငန်းတွေက ကြီးမားသလောက် လျှို့ဝှက်ပြီး အန္တရာယ်များလွန်းသည်။ စာရွက်စာတမ်း အထောက်အထားတွေကလည်း ပြည့်ပြည့်စုံစုံ မရနိုင်။ ဧရာမ Seafood အိတ်စ်ပို့ ဈေးကွက်ထဲမှာ ဥပဒေနှင့် မကင်းတာတွေရော၊ ကင်းတာတွေရော ပွထနေသည်။ သို့ပေမဲ့ သူတို့နှစ်ယောက်ရဲ့ ဇွဲနဘဲနဲ့ အားထုတ်မှု​ကြောင့်​ တစ်နှစ်နီးပါးမှပင် အဓိက သတင်းအစတစ်စကို ခြေရာခံမိခဲ့ပြီး ထိုမှတစ်ဆင့် လိုက်ရင်း အရှေ့အင်ဒိုနီးရှားကို ရောက်လာခဲ့ပြီး အကျဉ်းချထားသော ဘင်ဂျင်နာကျွန်းကို သူတို့ရှာဖွေတွေ့ရှိခဲ့သည်။ " ( ယင်းစာအုပ်​မှ ... )

အင်​ဒိုနီးရှားနိုင်ငံ အစွန်​အဖျား ပင်​လယ်​ကျွန်းရွာက​လေး တစ်​ရွာဖြစ်​တဲ့ ဘင်​ဂျနာကျွန်း​ပေါ်မှာ အနိုင်​ကျင့်​ကျွန်​ပြုခံ​နေရတဲ့ အ​ရှေ့အာရှက လူ​ပေါင်း ( ၂၀၀၀ ) ​ကျော်​ကို ဘယ်​လိုဘယ်​ပုံ ကယ်​ထုတ်​နိုင်​ခဲ့ကြသလဲဆိုတာ ဒီစာအုပ်​ထဲ မြင်​​တွေ့ကြရမှာပါ။ 
.............................
(၂) ​နောက်​ထပ်​ မိတ်​ဆက်​​ပေးချင်​တဲ့ စာအုပ်​က​တော့ ​မောင်​​မောင်​မြင့်​သိန်း ( စက်​မှုတက္ကသိုလ်​ ) ရဲ့ "​ပျော်​ရွှင်​​သောမိသားစုဘဝ" က​တော့ မိသားစု​မေတ္တာဘွဲ့ ရသစာစုက​လေးပါပဲ။ နိုင်​ငံခြား ရသစာ​ရေးဆရာများရဲ့ စာစု​လေး​တွေကို ဆရာက ဘာသာပြန်​ တင်​ပြထားတာပါ။ စာအုပ်​ ​ခေါင်းစဉ်​အမည်​ကို ယင်းစာစုများထဲက ​ခေါင်းစဉ်​အချို့ကို စု​ပေါင်းပြီး " ​ဖေ​ဖေ့ကုလားထိုင်​၊ ​မေ​မေ့လက်​များနှင့်​ ​ပျော်​ရွှင်​​သောမိသားစုဘဝ " လို့ အမည်​​​ပေးထားတာဟာ စာအုပ်​နာမည်​ကြည့်​လိုက်​တာနဲ့ သိပ်​ကို ​နွေး​ထွေးစရာ​ကောင်းလှပါတယ်​။

" ကမ္ဘာကြီးလှည့်ပတ်သွားအောင် ချစ်ခြင်းမေတ္တာက ဖန်တီးသည်။ လှပသောအရာသည် ထာဝရ ပျော်ရွှင်စရာပင်။ အလှတရား၏ ချစ်မြတ်နိုးဖွယ်​ရာသည်​ အစဉ်တိုးတက်လို့နေသည်။ အလှတရားသည် ဘယ်တော့မှ လွင့်ပါးမသွား။ သစ္စာတရား၏ ပန်းတစ်ပွင့်ဖြစ်သည်။ Heart ဟူသော နှလုံးသား၊ အသည်းနှလုံးကို ကျွန်​​တော်​ လေးစားတန်ဖိုးထားသည်။ အရာရာကို နှလုံးသားမေတ္တာဖြင့် ခံစားမျှဝေနိုင်​လျှင်​ ကမ္ဘာကြီး ထာဝရ ငြိမ်းချမ်းနေလိမ့်မည်။ " ( ​စာအုပ်​အမှာစာမှ ... )

ဝန်​ဇင်းပရိ​သတ်​ကြီးအ​နေနဲ့ ယခုစာအုပ်​ထဲမှာ ဘာသာပြန်​ထား​သော နှလုံးသားရသစာစု​ပေါင်း ( ၂၄ ) ပုဒ်​ကို ကမ္ဘာ​ကျော်​ပုဂ္ဂိုလ်​တို့ရဲ့ နှလုံးသား​မေတ္တာအဖွဲ့ အ​တွေးအ​ခေါ်များကို မိသားစုဘဝ အဖြစ်​အပျက်​များအတွင်းမှ ကြည်​နူးချမ်း​မြေ့စွာ ဖတ်​ရှုခံစားကြရမှာပါ။ 
.............................
(၃) ထပ်​မံ ​ပြောပြလိုတဲ့ စာအုပ်​က​တော့ ပဉ္စမံဒီရိုင်းရဲ့ အချစ်​ဝတ္ထုတစ်​ပုဒ်​ "အမုန်းခဏ" ပါပဲခင်​ဗျာ။ "အချိန်​​တွေဆိုတာ တချို့အတွက်​​တော့ ပြိုင်​ဆိုင်​ဖို့ ဖြစ်​တည်​လာတာပါ" ( ယင်းစာအုပ်​မှ ... ) ဒီဝတ္ထုကို အင်​ဂျင်​နီယာ အဘိုးကြီး​တွေ ဖြစ်​ကြတဲ့ ဦးခင်​​မောင်​ရင်​နဲ့ ဦးမင်းဒင်​တို့ ​ဂေါ့ဖ်​ကလပ်​မှာ ​ဂေါက်​ပြိုင်​ရိုက်​တဲ့ အခန်းနဲ့စထားတယ်​။ သူတို့ဟာ ငယ်​ငယ်​ကတည်းက အခုအချိန်​အထိ တစ်​​ယောက်​နဲ့တစ်​​ယောက်​ အ​ကျောမခံ ဘာမဆိုပြိုင်​လာကြတဲ့ သူ​တွေ ...။

ဦးခင်​​မောင်​ရင်​ရဲ့သားက ရဲရင့်​၊ ဒဿနိက​ဗေဒ ဂုဏ်​ထူးတန်း​ကျောင်းသား တစ်​​ယောက်​ပီပီ ကားလ်​​ပေါ့ပါး၊ လီနင်​ စသူ​တွေရဲ့ စာအုပ်​​တွေဖတ်​ပြီး မက်​စ်​၀ါဒအ​ကြောင်း ​ဆွေး​နွေးရင်း ဖ​အေတူ အလွယ်​တကူ အ​ကျောမခံတတ်​သူ။ ဦးမင်းဒင်​ရဲ့ သမီးက ​နှောင်းခင်​ခင်​၊ ချမ်းသာကြွယ်​၀တဲ့ မိသားစုက ​မွေးဖွားလာသူဖြစ်​ပြီး ​တက္ကသိုလ်​မှာ ဝိုင်းဝိုင်းလည်​​နေသူ၊ ဒါ​ပေမယ့်​သူ့သူငယ်​ချင်း​တွေနဲ့ ​ပေါင်းပြီး လာကပ်​သမျှ ​ကောင်​​လေး​တွေကို လှလှက​လေး ပညာ​ပေးတတ်​သူ ... ဇာတ်​လိုက်​ နှစ်​​ယောက်​စလုံးဟာ တစ်​ဦးအ​ပေါ်တစ်​ဦး အ​ကျောမခံတဲ့ စရိုက်​​တွေနဲ့၊ မိဘဖြစ်​သူ ဖခင်​နှစ်​ဦးကလည်း ငယ်​ကတည်းက ပြိုင်​ဆိုင်​လာသူ​တွေ။

ဒီ​တော့ သူတို့​တွေရဲ့ ဇာတ်​လမ်းဟာ ညီမျှခြင်းနဲ့ အဆုံးသတ်​မလား၊ မျဉ်းပြိုင်​နဲ့ပဲ နိဂုံးချုပ်​မလားဆိုတာကို​တော့ ​ဒီစာအုပ်​ကိုဖတ်​ရင်း တစ်​ချိန်​က ​ကျောင်းသားဘဝကို ခပ်​မြူးမြူးက​လေး ပြန်​သွားရ​အောင်​ပါ။

ကဲ .. ဒီလိုဆိုရင်​ ခုပဲ ဝန်ဇင်းမှာ ဒီစာအုပ်လေး ဝယ်ယူ ဖတ်ရှုလိုက်​ရ​အောင်​လား ခင်​ဗျာ ...

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှ​ဝေဖို့လည်း မ​မေ့ပါနဲ့ဦးဗျ ... ????

Related Posts