ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်း စာချစ်ပရိသတ်ကြီး မင်္ဂလာပါ ။

ဝန်ဇင်း စာချစ်ပရိသတ်တွေအတွက် ၊ ယနေ့ထွက် စာအုပ်များ ကဏ္ဍကနေ၊ မိတ်ဆက်ပေးချင်တဲ့ စာအုပ်ကတော့ တက္ကသိုလ်နေဝင်းရဲ့ စစ္စလီကျွန်းသားပါ ။ 

စစ္စလီကျွန်း က အကျင့်​ပျက်​ အုပ်​စိုးသူ ​တွေ နဲ့ မာဖီးယားဂိုဏ်း ရဲ့ ​ဗိုလ်​ကျစိုးမိုးမှု ကို တွန်းလှန်​ခဲ့တဲ့  တောပုန်းဓားပြ "ဂီလီယာနို" ရဲ့ တကယ့် အဖြစ်မှန် ဇာတ်လမ်း ။ သူ ဓားပြတိုက်​လို့ ရသမျှ ကို ဆင်းရဲသား​တွေ အတွက်​ သုံးခဲ့တဲ့ ​ခေတ်​သစ်​ ​ရော်​ဘင်​ဟု ဂီလီယာနို အ​ကြောင်း ။ 
အီတလီလူမျိုး စာ​ရေးဆရာ Mario Puzo က 
၁၉၆၉ ခုနှစ်​မှာ The Godfather  ဆိုတဲ့ စာအုပ်​ ထဲမှာ အ​မေရိက က မာဖီးယားဂိုဏ်း ​တွေ အ​ကြောင်း.ဖွင့်​ချထားပါတယ်​ ။ ဝတ္ထုကလဲ ​အရမ်း ​အောင်​မြင်​မှု ရသွားတယ်​ ။ ဒါနဲ့ 
အခု ဒီစာအုပ်​ The Sicilians " စစ္စလီကျွန်းသား " ကို ၁၉၈၄ မှာ ထုတ်​​ဝေခဲ့တယ်​ ။ ​ဂေါ့ဒ်​ဖားသား ဇာတ်​လမ်း နဲ့လဲ ဆက်​စပ်​​နေ​တော့ ​ပေါက်​သွားတဲ့ စာအုပ်​ ဖြစ်​သွားတယ်​ ။

ဟိုး ရှေးခေတ် ထဲက စစ်သူကြီး ဟန်နီဘော တို့ ဖြတ်သန်းခဲ့တဲ့ နယ်မြေ ၊ ကျွန်သူရဲကောင်း စပါတာကတ် ခတ္တ ခိုအောင်းခဲ့ တဲ့ နေရာ စစ္စလီကျွန်း ​မှာ နေတဲ့ ​ဒေသခံ ဆင်းရဲသား လယ်သမား ၊ မွေးမြူရေးသမား  တွေရဲ့ ဘဝဟာ ကြမ်းတမ်းလွန်းလှတယ် ။ ခေါမ လူမျိုး ​တွေ လာကျူးကျော်ပြီး ဖိနှိပ်​ချုပ်​ချယ်​ ခဲ့တယ် ။ နော်မန် လူမျိုး တွေ နဲ့ အာရပ် မျိုးနွယ် တွေလဲ ကျူးကျော် လာခဲ့ဖူးတဲ့ စစ္စလီကျွန်းသား တွေရဲ့ ဘဝ ဟာ ဖက်ဆစ် အာဏာရှင် မူဆိုလီနီ လက်ထက် အပြီး ခရစ်​ယာန်​ ဒီမိုကရက်တစ် အစိုးရ လက်ထက်မှာ အဆိုးဝါးဆုံး ဖြစ်ခဲ့ရတယ် ။ 
စစ္စလီကျွန်းသား တွေကို အုပ်ချုပ်သူ တွေက ဖိနှိပ်​ချုပ်​ချယ်​ သလို ဒွန်ခရိုစီ ဆိုတဲ့ မာဖီးယား ဂိုဏ်း ​ခေါင်း​ဆောင်​ ကလဲ အာဏာပိုင် တွေနဲ့ ​ပေါင်းသင်းပြီး စစ္စလီကျွန်း မှာ မင်းမူ​နေ​လေရဲ့ ။ 
ချမ်းသာသူ တွေဆီက ဆက်ကြေးတောင်း တယ် ၊ ဆင်ရဲသား လယ်​သမား တွေ ဆီက ကောက်ပဲသီးနှံ တွေကို နိုင့်ထက်စီးနင်း ယူတယ် ၊ လယ်​သမား တွေကို ခေါင်းပုံဖြတ် နေတဲ့ သူဋ္ဌေးကြီး တွေကို ပြန်တော်လှန်တဲ့ ၊ အစွမ်းအစ ရှိတဲ့ လယ်​သမား တွေကို လုပ်ကြံပေးတယ် ။ 
 စစ္စလီကျွန်းသား တွေဟာ ခေါင်းမာပြီး ရက်စက်ကြမ်းကျုပ် တယ် ၊ ပြဿ      နာ တစ်ခုခု ဖြစ်ရင် အားကိုးလို့မရတဲ့ တာဝန်ရှိသူတွေ ကို မတိုင်ပဲ ကိုယ့်နည်း ကိုယ်ဟန် နဲ့ ရှင်းပစ်တတ်ကြတယ်​ ။ အဲဒါကြောင့် လဲ အုပ်ချုပ်ရေး ၊ ရဲတပ်ဖွဲ့ နဲ့ နယ်မြေခံ စစ္စလီကျွန်းသား လယ်​သမား  တွေဟာ ရန်သူတွေ လို ဖြစ်နေကြတယ် ။ 

အောက်တိုဘာလ ၊ ၁၉၂၂ ခုနှစ်မှာ 
"ဂီလီယာနို" ဟာ မွန်တီပါလာ မြို့ မှာ မွေးဖွား လာတယ် ။ ဆင်းရဲသား တို့ အားကိုးရာ ​တောပုန်း​လောင်းလျာ ဂီလီယာနို က လူကောင် ထွားထွား ခန့်ခန့်ငြားငြား နဲ့ သူရသတ္တိ ပြည့်စုံသူ တစ်ယောက် ဖြစ်ပါတယ် ။ ငယ်ငယ် ကတဲက မဟုတ် မခံ စိတ်ထား ရှိပြီး အားနည်းသူ တွေကို ကူညီ တတ်တယ် ။ 

ဂီလီယာနို အသက် ၂၀ အရွယ်မှာ သူ့အမကြီး မင်္ဂလာ​ဆောင်​ အတွက် အဲဒီ ခေတ် က မှောင်ခိုပစ္စည်း လို့ သတ်မှတ်တဲ့ ချိစ် ဒိန်​ခဲ တွေကို တောလမ်း ကနေ သယ်လာခဲ့တာ  အပြန်လမ်း မှာ အကျင့်ပျက် ရဲဝန်ထမ်း တွေက မတရား ဖမ်းဆီးပြီး ​သေနတ်​ နဲ့ ပစ်လို့ ဂီလီယာနို အပြင်းအထန် ဒဏ်ရာ ရခဲ့တယ် ။

ဒဏ်ရာ သက်သာ လာတဲ့ အချိန် ကစပြီး ဂီလီယာနို ရဲ့ အတွေးအခေါ် အယူအဆ တွေ ပြောင်းလဲသွားပါတယ်​ ။  မတရား ဖိနှိပ်​ချုပ်ချယ် တဲ့ ရဲတပ်ဖွဲ့ နဲ့ စစ္စလီကျွန်းသား လယ်​သမား တွေကို ခေါင်းပုံဖြတ် နေတဲ့ ဒွန်ခရိုစီ ရဲ့ မာဖီးယား ဂိုဏ်း ကို တွန်းလှန် ပြီး ဆင်းရဲသား လယ်​သမား​တွေ ကို ကူညီဖို့ တောပုန်းကြီး လုပ်တော့မယ် လို့ ဆုံးဖြတ်ချက် ချ လိုက်ပါတော့တယ် ။ 

သဘာဝ ခံတပ်ကြီး တစ်ခု လို ဖြစ်​​နေတဲ့ 
မွန်တီပါလာ မြို့ နားက တောင်တန်းတွေ က ကျောက်ဂူတွေ မှာ စခန်းချ​နေတဲ့ တောပုန်းကြီး ဂီလီယာနို နဲ့  အနှိပ်​စက်​ခံ ဆင်းရဲသားတို့က တစ်​ဖက်​ အီတလီ အစိုးရ စစ်​တပ်​ နဲ့  မာဖီးယား ခေါင်းဆောင်ကြီး ဒွန်ခရိုစီ တို့က တစ်​ဖက်​  ပြင်းပြင်းထန်ထန် တိုက်​ပွဲဝင်​ကြပုံ အပြင်​ စစ္စလီကျွန်းသား ​တွေရဲ့ အ​တွေးအ​ခေါ် ၊ ဓ​လေ့ထုံးစံ ​တွေကိုပါ သိရှိရမှာ ဖြစ်​ပါတယ်​ ။ 

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့နဲ့ဦးနော် ။

မနက်ဖြန် ည ၈း၀၀ မှာလည်း ဘယ်စာအုပ်လေးတွေကို အသစ် တင်ဆက်ပေးမယ်ဆိုတာကို သိရှိဖို့ တစ်ခေါက် လာလည်လှည့်ပါဦးနော်..

ဒီကဏ္ဍလေးကို တနင်္လာနေ့မှ သောကြာနေ့ထိ နေ့စဉ် ည ၈း၀၀ တိုင်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်..။

Related Posts