ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“မြို့ပေါ်တက်ပြီး အောင်မြင်တဲ့အဆိုတော်ဖြစ်ချင်သူ လူငယ်တစ်ယောက်ရဲ့ စွန့်စားခန်း”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 

ဒီနေ့မှာတော့ ဝန်ဇင်းစာချစ်သူများအတွက် ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍကနေ အသစ်ထွက်ရှိလာတဲ့ စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာ ပဉ္စမံဒီရိုင်းရဲ့ “ရှင်းလို့မရဘူး ရှုပ်ကုန်ပြီ” ဆိုတဲ့ အဆိုတော်ဖြစ်ချင်သူ လူငယ်တစ်ယောက်အကြောင်း ခပ်သောသောကလေး ရေးထားတဲ့ စာအုပ်ပါပဲ။ 

အဝေးသင်ဘွဲ့ရပြီးဖြစ်ပေမယ့် စီးပွားရေးအတွက် အလုပ်တစ်ခုခုလုပ်ဖို့ စိတ်မဝင်စား၊ ကိုယ့်ရဲ့ ဝါသနာဗီဇဖြစ်တဲ့ အနုပညာပါရမီကို ယုံကြည်ထားပြီး ဂီတကို မြတ်နိုးသူ ခိုင်မြဲဟာ သူတို့ရွာမှာ ဂစ်တာအတီးကောင်း၊ အဆိုလည်းကောင်းတဲ့ ရွာဘုရားပွဲတိုင်းမှာ မပါမဖြစ်၊ အောင်မြင်တဲ့ အဆိုတော်ဖြစ်ချင်သူ အနုပညာရှင်ပေါက်စလေးပဲ ဖြစ်တယ်။ 

ခိုင်မြဲဟာ လူငယ်ပီပီ တိုးတက်လိုတဲ့စိတ်နဲ့ အောင်မြင်ချင်တဲ့စိတ်တို့ အပြည့်ရှိပြီး ရွာထက် မြို့မှာ အခွင့်အရေးပိုများပြီး အမြင်ကျယ်မှာကို သိတဲ့အတွက် … 

[ “သားပြောတဲ့ကိစ္စက မင်းက လူငယ်စိတ်နဲ့ ပြောတာ၊ မလွယ်ဘူးသားရဲ့၊ စိတ်ကူးယဉ် သိပ်ဆန်လွန်းတယ်။ သားမှာ အဆက်အသွယ်မရှိ ဘာမရှိနဲ့၊ တစ်မြို့တစ်ရွာမှာ မလွယ်ပါဘူးကွာ”
ဦးမြဲက ကွပ်ပျစ်ပေါ်ထိုင်လိုက်ပါတယ်။ ခိုင်မြဲက ဖိုးချွန်ငှဲ့ပေးထားတဲ့ ရေနွေးကြမ်းခွက်ကို ဦးမြဲကို ကမ်းပေးလိုက်ပါတယ်။ 
“လွယ်တာပေါ့အဖေရာ၊ ကျွန်တော်တို့နယ်က အညာသားတွေ ရန်ကုန်မြို့တက်ပြီး အလုပ်လုပ်တာ ကြည့်ပါလား၊ ချမ်းသာသူချမ်းသာနဲ့၊ ဟော … ရန်ကုန်သူတွေကိုတောင် ရအောင်ယူကြသေးတာ၊ အဖေလည်း ကျွန်တော့် အနုပညာကိုယုံတယ်။ ဒီမှာနေလို့ကတော့ ဒီလိုဘဝမျိုးပဲ သွားမှာပဲ၊ ကျွန်တော်ဟာ အနာဂတ်ကို ဟောဒီဝပ်ကျင်းထဲမှာ အကုန်မခံနိုင်တော့ဘူး။ ထင်ရှားအောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်အောင် လုပ်မယ်၊ ဒီဆုံးဖြတ်ချက်ကို ကျွန်တော် မပြင်ပါရစေနဲ့” ]

ရန်ကုန်မြို့ပေါ်မှာ အသိမိတ်ဆွေမရှိ၊ လူခံမရှိဘဲ အနုပညာဓာတ်ခံကို အားကိုးပြီး ဂစ်တာတစ်လုံးနဲ့ အဖော်ပြုသွားမယ့် ခိုင်မြဲရဲ့ ခံယူချက်ဟာ … 

ကိုယ့်ဝပ်ကျင်းနဲ့
ကိုယ်သိမ်းပိုက်ထားတဲ့
တောင်ကုန်းကနေ
ကမ္ဘာကြီးကို
လှမ်းမျှော်ကြည့်လို့ကတော့
ဘာမြင်ရပါ့မလဲ။
အစက်ကလေးလောက် မြင်နေရရင်ပဲ
ကံကောင်းလွန်းတယ်လို့မှတ်။ ( ခိုင်မြဲ ) 

ဒီလိုနဲ့ ရွာကနေ မြို့တက်သွားတဲ့ ခိုင်မြဲတစ်ယောက်၊ အရာရာ ရှုပ်ထွေးပွေလီတဲ့ ရန်ကုန်မြို့ပေါ်ရောက်တဲ့အခါ၊ အဆိုတော်လောကထဲကို နည်းလမ်းအမျိုးမျိုးနဲ့ ဝင်ရောက်ဖို့ ကြိုးစားတဲ့အခါ၊ ဘာတွေရှုပ်ပြီး ဘာတွေရှင်းလို့မရ ဖြစ်ကုန်လဲဆိုတာတော့ …

ကဲ … စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းနဲ့ ဒီစာအုပ်လေးကို လက်လွှတ်မခံဘဲ၊ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ငွေ *၈၀၀-ကျပ်* တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီ စာအုပ်တွေရဲ့ မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးနော်။ 

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
…………..
“ဝန်ဇင်းစာချစ်သူတို့က လူငယ်ဇာတ်လမ်းမျိုးကို ကြိုက်နှစ်သက်တယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts