ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


စူပါဆန်းဒေးမှာ ဘာသာပြန် စာဖတ်သူများ လက်မလွှတ်သင့်တဲ့ စာအုပ်နှစ်အုပ်

၁။ စာအုပ်အမည် - မမေ့နိုင်သော နေ့ရက်များ
ဘာသာပြန် စာရေးဆရာ - ထက်မြက်
မူရင်းစာအုပ်အမည် - MEMOIRS by Ilya Ehrenburg
စာညွှန်း ။	။ အီလျာအာရင်ဘာ့ဂ်ရဲ့ ဘဝမှတ်တမ်းဖြစ်တဲ့ ဒီစာအုပ်ကို ဆရာမြသန်းတင့်က လူများ၊ သက္ကရာဇ်များ - ဘဝ ဆိုပြီး အတွဲလိုက် ဘာသာပြန်ဆိုဖူးတယ်။ ဆရာမြ ပြန်ပြီးသားတွေကို ဝန်ဇင်းမှာ ဖတ်လို့ရပါတယ်။ အခု ဒီစာအုပ်ကတော့ နောက်ဆုံးအတွဲပေါ့။ ဒီအတွဲရဲ့ အစပိုင်းကို ပြန်ဆိုနေချိန်မှာပဲ ဆရာမြ ကွယ်လွန်သွားခဲ့တယ်။ ဒီ့နောက်ပိုင်း အာရင်ဘာ့ဂ်ရဲ့ ဒီစာအုပ် နောက်ဆုံးတွဲကို ဆက်လက် ပြန်ဆိုမှု ထွက်မလာဘူး။ အခုတော့ ဆရာထက်မြက် ( အစအဆုံး သီးသန့် ) ပြန်ဆိုလိုက်တာကြောင့် အာရင်ဘာ့ဂ်ရဲ့ MEMOIRS ဟာ မြန်မာဘာသာပြန်အဖြစ် အတွဲစုံခဲ့ပြီလို့ ပြောရတော့မှာပါ။ လူတစ်ယောက်ရဲ့ မှတ်တမ်းထက်ပိုတဲ့ ခေတ်ရဲ့ ပုံရိပ်တွေ အတွေးအခေါ်တွေ အဖြစ်အပျက်ပေါင်းများစွာကို တဝကြီး ဖတ်ရှုရမှာ ဖြစ်လို့ ဝန်ဇင်းစာချစ်သူများလည်း ဖတ်ရှုရနိုင်အောင် တင်ဆက်လိုက်ပြီပဲ ဖြစ်ပါတယ်။ 

၂။ စာအုပ်အမည် - စွမ်းစွမ်းတမံ
ဘာသာပြန် စာရေးဆရာ - စိုးသိဏ်း
မူရင်းစာအုပ်အမည် - Windmills of the Gods by Sidney Sheldon
စာညွှန်း ။	။ အမေရိကန် လျှို့ဝှက်သည်းဖို စာပေလောကရဲ့ တန်ဖိုးအရှိဆုံး ထူးချွန်ဆု ‘အက်ဂါဆု’ ချီးမြှင့်ခြင်း ခံရတဲ့ အမေရိကန်စာရေးဆရာကြီး ဆစ်ဒနီရှယ်လ်ဒွန်ရဲ့ ဒီဝတ္ထုဟာ စာဖတ်သူရဲ့ စိတ်လှုပ်ရှားမှုကို အပြည့်အဝ သိမ်းပိုက်ထားလိမ့်မယ်။ စာမြည်းအနည်းငယ် ဖော်ပြလိုက်ပါရစေ။ - - -

သေဆုံးခြင်းသည် နိဂုံးချုပ် ဖြစ်သင့်သော်လည်း မေရီအက်ရှ်လီအတွက် မခံမရပ်နိုင်ဖွယ် ဆိုးရွားသော ငရဲပြည်သို့ ရောက်ရှိခြင်း၏ နိဒါန်းအစသဖွယ် ဖြစ်ရလေသည်။ 
သူမနှင့် အက်ဒွပ်တို့ သေခြင်းတရားအကြောင်း ဆွေးနွေးခဲ့ကြဖူးသည်။ သေခြင်းတရားကို မိမိနားလည် လက်ခံနိုင်ခဲ့ပြီဟု သူမ ထင်ခဲ့သည်။ လက်တွေ့မှာကျတော့ သူမအဖို့ ဗြုန်းစားကြီးဖြစ်ပြီး တုန်လှုပ်ချောက်ချားသွားရသည်။ ဝေးလံသော နေ့တစ်နေ့၌ ဖြစ်ပျက်ဖွယ်ရှိသော မပီဝိုးတဝါး ဖြစ်ရပ်မျိုး မဟုတ်လေပြီ။ 
သေခြင်းတရားကို ဘယ်နည်းနှင့်မှ ဖြေရှင်း၍ မရနိုင်။ 
.....
ကဲ၊ ဒါဆိုရင် … စူပါဆန်းဒေးနေ့လေးမှာ စာချစ်သူတို့ရဲ့ ရွေးချယ်မှုကို ဘာသာပြန်တွေဘက် လှည့်လိုက်ရအောင်လားခင်ဗျာ။  ဒီစာအုပ်တွေကို ဖတ်မယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါပြီနော်။

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09969998500 မှာ မေးမြန်း စုံစမ်းနိုင်ပါတယ်ခင်ဗျ။

Related Posts