ဒီနေ့အတွက် ဖတ်စရာကဏ္ဍ
“မောပန်းနွမ်းလျတဲ့ နေ့ရက်တွေကို ပေါ့ပေါ့ပါးပါး ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့ ဆရာမနိုင်းနိုင်းစနေ၏ စာအုပ်သစ်”
ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျ …
ကျွန်တော်တို့ရဲ့ ဝန်ဇင်းစာချစ်သူတွေ ဖတ်ရှုနိုင်ဖို့ ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍကနေ အသစ်ထွက်ရှိလာတဲ့ စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးပါရစေ။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာမ နိုင်းနိုင်းစနေရဲ့ စာအုပ်သစ် “ကျွန်မဖတ်ဖို့ ၅” ပဲ ဖြစ်ပါတယ်။ နိုင်းနိုင်းစနေဆိုရင် စာချစ်သူတို့အတွက် စိတ်ခွန်အားမြင့်မားစေတဲ့ စာစုတွေ၊ ပုံပြင်တိုလေးတွေနဲ့ နိုင်ငံတကာက အောင်မြင်ကျော်ကြားသူ ပုဂ္ဂိုလ်တွေရဲ့ ဘဝအဖြစ်အပျက်နဲ့ မှတ်သားစရာ ပြောစကား၊ လမ်းညွှန်ချက်တွေကို စိတ်ဝင်စားဖို့ကောင်းအောင် ပြည့်ပြည့်စုံစုံ တင်ပြရေးသားပေးလေ့ရှိတဲ့ စာရေးဆရာမအဖြစ် သိရှိကြပါတယ်။ “ကျွန်မဖတ်ဖို့” စီးရီးကတော့ ဒီလို စာစုတွေ၊ စာပိုဒ်ရှည်တွေကို စုစုစည်းစည်းနဲ့ ရေးသားထုတ်ဝေထားတာပါ။ ဒီစီးရီးဟာ စာအုပ်အမှတ် ( ၁ ) [ ကျွန်မဖတ်ဖို့ ] ကစခဲ့တာဖြစ်ပြီး ခုဆို စာအုပ်အမှတ် ( ၅ ) [ ကျွန်မဖတ်ဖို့ ၅ ] တိုင်အောင် ဆက်လက်ရေးသား ထုတ်ဝေရလောက်တဲ့ထိ စာဖတ်ပရိသတ်တွေ နှစ်သက်အားပေးကြတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။
ဘဝနဲ့ ပတ်သက်ပြီး ကျွန်တော်တို့တွေ သိသလိုလိုနဲ့ တကယ်မသိရှိသေးတဲ့ အကြောင်းအရာတွေ၊ ဘဝအတွက် ရိုးရှင်းလှတဲ့ လမ်းညွှန်ချက်နဲ့ အားပေးစကားတွေ၊ စိတ်ဓာတ်ကျနေတဲ့အခါ စိတ်ခွန်အားရရှိစေတဲ့ ထိရောက်တိုတောင်းသော စာစုလေးတွေကို ရှေ့မှာထွက်ခဲ့တဲ့ ‘ကျွန်မဖတ်ဖို့’ စာအုပ်စီးရီးတွေထဲ ဖတ်ရှုခဲ့ရပါတယ်။ ခုစာအုပ်ထဲမှာရော ဘယ်လိုမျိုး စိတ်ဝင်စားဖို့ကောင်းပြီး ဘဝအသိအမြင်အသစ်တွေ ပေးစွမ်းနိုင်မယ့် ဘယ်လိုအကြောင်းအရာတွေကို ဖတ်ရှုရမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။
ဆရာမက အခုထုတ်ဝေလိုက်တဲ့ စာအုပ်နဲ့ပတ်သက်ပြီး ခုလို ပြောပြထားပါတယ်။ “မနားမနေ လှုပ်ရှားရုန်းကန်နေရတဲ့ဘဝမှာ တစ်ခါတလေ ကိုယ်သိနေတဲ့ အရာတွေကို ကိုယ်မေ့သွားမိတတ်တယ်။ ဒီစာအုပ်က အဲဒီ ကိုယ်မေ့နေတဲ့အရာ၊ ကိုယ် ဘယ်လိုလုပ်ရင် အကောင်းဆုံးဖြစ်မယ် ဆိုတဲ့အရာတွေကို ကိုယ့်ကိုယ်ကို ပြန်သတိပြု ဆင်ခြင်မိအောင် အသိပေး၊ သတိပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီစာအုပ်က မောပန်းနွမ်းလျတဲ့ နေ့ရက်တွေကို ပေါ့ပေါ့ပါးပါး ရှေ့ဆက်လျှောက်လှမ်းဖို့ ခွန်အားအနည်းငယ် ပေးစွမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အထီးကျန်တဲ့နေ့ရက်တွေကို ပျော်ရွှင်ခြင်းတွေနဲ့ ဖြတ်သန်းနိုင်အောင် လမ်းညွှန်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
ဒီစာအုပ်ထဲမှာပါဝင်တဲ့ ခေါင်းစဉ်တွေကို စာချစ်သူတို့အတွက် ခုလိုဖော်ပြလိုက်ပါရစေ။ ကျွန်မဖတ်ဖို့၊ ‘ကောင်မလေးရေ … မငိုပါနဲ့’၊ အသက် ၂၄ နှစ်ပြည့်ပြီဖြစ်တဲ့ ညီမလေးအတွက်၊ ဘဝဖော်၊ လင်နှင့်မယား သဘောတူစာချုပ်၊ တစ်ယောက်တည်းဖြစ်တဲ့အခါ၊ သစ်ရွက်လေးကြွေတာ … ၊ စာဖတ်တဲ့မိန်းကလေး၊ သင့်ကိုယ်သင် တာဝန်ယူပါ၊ နွေဦးရာသီဆီ လွင့်ဝဲသွားတဲ့ သစ်ရွက်နဲ့ နှလုံးသားထဲက ပွင့်တဲ့ပန်း၊ ပန်းမပွင့်တတ်တဲ့မြက်ဆိုတာ မရှိဘူး၊ အခွင့်အရေးတစ်ခုတိုင်းက အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခြင်းပါ၊ အမေ … စတဲ့ ခေါင်းစဉ်တွေအောက်မှာ ဘယ်လိုစာစုတွေကို ဖတ်ရှုရမလဲ …
ကဲ … ဒါကြောင့်မို့ “ကျွန်မဖတ်ဖို့ - ၅” စာအုပ်ထဲ ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့၊ စိတ်ခွန်အားဖြစ်စေမယ့် စာစုတွေ၊ ဘာတွေပါမလဲ၊ ဘာတွေဖတ်ရှုရမလဲ … သိရအောင် ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။
ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ပို့စ်ကို ပြန်လည်မျှဝေ ( share ) ပေးဖို့ မမေ့နဲ့ဦးနော်။
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
........
“ဒီပို့စ်ကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးဖို့ မမေ့နဲ့ဦးနော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ......