ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“တာတေကတော့ မဖဲဝါကို သားမွေးခိုင်းလိုက်ပြန်ပြီ” 

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

အပျင်းပြေပဲဖတ်ဖတ်၊ အပျော်ပဲဖတ်ဖတ်၊ စိတ်ပြေလက်ပျောက်ပဲဖတ်ဖတ် … ဘယ်လိုပဲဖတ်ဖတ် ဖတ်ချင်သလိုဖတ်၊ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်ရမယ့် စာအုပ်တစ်အုပ်ကတော့ ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ ထွက်ရှိလာပါပြီ။ အဲ့စာအုပ်ကတော့ စာရေးသူ တာတေရဲ့ ‘မဖဲဝါ’ စီးရီးတွေထဲက လက်တလော နောက်ဆုံးထွက်စာအုပ်ပါပဲ။ “မဖဲဝါမွေးတဲ့သား” တဲ့ဗျ။ တာတေရဲ့ ပရိသတ်တွေအတွက်ကတော့ အရင့်အရင်ဇာတ်လမ်းတွေနဲ့ မတူညီတဲ့ ဇာတ်လမ်းတစ်ခု တိုးလာပြန်ပါပေါ့။ 

စာရေးသူ တာတေကတော့ မဖဲဝါကို နှစ်ချုပ်နဲ့ ကန်ထရိုက်ဆွဲထားတယ်လို့ ဆိုရမယ်ဗျ။ ခုပဲကြည့်လေ … မဖဲဝါကို ကလေးမွေးခိုင်းလိုက်ပြန်ပြီ။ အရင်စာအုပ်တွေမှာတော့ သင်္ချိုင်းတစ်ရာမဖဲဝါ၊ သင်္ချိုင်းရှင်မမဖဲဝါ၊ ငရဲခွေးကြီးတွေနဲ့မဖဲဝါ၊ မဖဲဝါစီးတဲ့ကျား စသဖြင့် မဖဲဝါအကြောင်း အမြင့်မှာရောက်နေသလောက် ခုနောက်ပိုင်းမှာတော့ဖြင့် မဖဲဝါတစ်ယောက် ကံနိမ့်နေပုံရတယ်၊ ‘မဖဲဝါကိုကိုက်တဲ့တစေ’္ဆ ထွက်ပေါ်လာပြီး၊ ‘မဖဲဝါကိုဖမ်းမဲ့ကဝေ’ ကိုပါ ပင့်ခဲ့တယ်။ ဒီ့အပြင် ‘မဖဲဝါမဝင်ရ’ အဖြစ် ဆိုလို့ဆို … ခုများတော့ဖြင့် ‘မဖဲဝါမွေးတဲ့သား’ ဆိုပြီး မဖဲဝါကို သမီးတွဲလောင်း သားတွဲလောင်း ဖြစ်စေပါရော့လား။ ( နောက်များဆို မဖဲဝါယောက်ျားတို့၊ မဖဲဝါ EX တို့များ ထွက်လာဦးမလားပဲဗျ … ဟဲဟဲ ) 

[ ဒီလိုကွ၊ ဒီတုန်းက ငါရယ်၊ ဟိုတလောက ဆုံးသွားတဲ့ မြောက်ပိုင်းက ဘိုးတင်အုန်းကြီးရယ်။ ခြံတိုင်ခုတ်ဖို့ဆိုပြီး အရှေ့ဘက်တောကို တက်ကြတာကွ၊ လှည်းကို တောင်ခြေက အိမ်စုလေးမှာ အပ်ပစ်ခဲ့ပြီး ငါတို့နှစ်ယောက် တောင်ပေါ်တက်လာကြတာ၊ ဝေလီဝေလင်းလေးပေါ့ကွာ။ ‘အူဝဲ အူဝဲ’ နဲ့ ကလေးငိုသံကြားတော့ ငါတို့နှစ်ယောက်စလုံး လန့်သွားကြတာကွ။ ဒီတောထဲမှာ ဘယ်သူက ကလေးလာမွေးမှာတုန်း ထွန်းခင်ရာ၊ ဒါနဲ့ ငါက …
“ကိုတင်အုန်း … ကျုပ်တော့ စိတ်ထဲမှာ တစ်မျိုးကြီးပဲဗျ၊ တောထဲ ဆက်မဝင်ဘဲ ပြန်ကြရင် ကောင်းမလား” လို့ တိုင်ပင်တော့ ကိုတင်အုန်းက 
“ဟာကွာ အောင်ဖေရာ၊ အခြေအနေလေးဘာလေး ကြည့်ကြသေးတာပေါ့ကွာ” လို့ပြောပြီး ငါတို့နှစ်ယောက် ငြိမ်ပြီးနားထောင်နေကြတာကွ။ ကလေးကလည်း ငိုနေတာ အသံကို ပြာနေပြီဟေ့။ ] --- ( မဖဲဝါမွေးတဲ့သား … မှ ) 

ဒီစာအုပ်ဟာ “မဖဲဝါ …” စီးရီးခေါင်းစဉ်ဆွဲထားပေမယ့် ရှေ့မှာထွက်ခဲ့တဲ့ စာအုပ်တွေလိုပဲ အခြားဝတ္ထုတွေကိုလည်း ဖတ်ရှုရမှာပါ။ မဖဲဝါမွေးတဲ့သား အပါအဝင် ကဝေ့သွေး၊ သင်္ချိုင်းထဲကဗုံသံ၊ နတ်ခုန်ချောင်း … စတဲ့ ဝတ္ထုတွေကိုလည်း ဖတ်ရှုကြရမှာမို့၊ ကဲ … စာရေးဆရာ တာတေရဲ့ ပရိသတ်တွေအနေနဲ့ ဒီစာအုပ်ထဲ ဘယ်လို ဇာတ်လမ်းမျိုးတွေ ဖတ်ရှုရမလဲ သိချင်တယ်ဆိုရင်တော့ …. ။

ဝန်ဇင်းမှာ ငွေကျပ် *၂၅၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါဦးလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ 
…….
ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်တွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ 
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။
 








မင်္ဂလာပါ ဝန်ဇင်းစာချစ်သူတို့ရေ ….

လာမည့်တနင်္ဂနွေနေ့ ၊ (၂၄.၆.၂၀၁၈) မှာ စာရေးဆရာကြီးများဖြစ်ကြတဲ့ ဆရာလင်္ကာရ
ည်ကျော် ၊ ဆရာ သင့်လူတို့နဲ့ ဝန်ဇင်းစာချစ်သူတို့ အပြန်အလှန်ဆွေးနွေးလို့ရမယ့် ‘စာေ
ပစကားဝိုင်း’ လေး ဝန်ဇင်းရုံးချုပ်တည်ရှိရာဖြစ်တဲ့ အဆောင် (၉) ၊ (၅)လွှာ ၊ MICT Park
 မှာ ပြုလုပ်ပေးသွားဖို့ရှိပါတယ်ခင်ဗျာ့ ။ 
 စကားဝိုင်းဖွဲ့ပြောကြမဲ့ စာပေအကြောင်းအရာများ၊ဆရာ့စာအုပ်များထဲကမှ
 ဆရာလင်္ကာရည်ကျော်ရဲ့ဒေါက်တာရွှေသွေးနှင့် မပန်းမှုံ၊ ဆရာ သင့်လူရဲ့ အို…ဘယ့်အ
စိမ်းတို့မြေ
ဆိုတဲ့ စာအုပ်လေးတွေပဲဖြစ်ပါတယ်…။

ဝန်ဇင်းစာချစ်သူတို့ သဘောကျ ၊ ချစ်ခင်လေးစားရတဲ့ ဆရာတွေနဲ့လည်း တွေ့ရမယ် ၊
 
ကိုယ်နဲ့ဝါသနာတူ စာချစ်ပရိသတ်တွေ နဲ့လည်း ခင်မင်ရင်းနှီးခွင့်ရမယ် ။ 

ဝန်ဇင်းမောင်မောင် ၊ ဝန်ဇင်းမမ တို့နဲ့လည်း တွေ့ရဦးမှာနော်................။ 

စာအုပ်အကြောင်းလည်း ဆွေးနွေးခွင့်ရမဲ့အပြင် ၊ ဆရာတို့ နဲ့ လည်း ဆယ်ဖ်လီဆွဲခွင့်ရ
ဦးမှာ ဆိုတော့ ဘာလိုသေးသလဲဗျာ ။ 

ဒီပွဲကို စိတ်ဝင်စားလို့ တတ်ရောက်ချင်တယ်ဆိုရင်တော့ လူဦးရေကန့်သတ်ထားလို့
 မြန်မြန်စာရင်းပေးသွင်းမှ စိတ်ချရမယ်နော်..။
ပြီးတော့ ဆရာတို့ရဲ့စာအုပ်တွေကိုပါမဲဖေါက်ပေးဦးမှာ ဆိုတော့ကား ….
ဒီထက်ပိုကောင်းတဲ့ အစီအစဉ်တောင် ဒီလောက်မကောင်းနိုင်တော့ဘူး
ခုပဲ..Ph No- 09 426902563 ကို မနက်( ၉ )နာရီမှ ညနေ( ၅ )နာရီ အတွင်း စာရင်းပေးသွင်း
နိုင်ပါတယ်ခင်ဗျာ..။

Related Posts