ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“ဝန်ဇင်းစာချစ်သူများအတွက် အနီရောင်ပုလဲတစ်ကုံးနဲ့ အချစ်-ဘာလဲမသိ”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ရသဝတ္ထုကြိုက်နှစ်သက်သူ ဝန်ဇင်းစာချစ်သူများအတွက် ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ ထွက်ရှိလာသော စာအုပ်သစ်များနဲ့ မိတ်ဆက်ပေးပါရစေ။ အဲ့ဒီစာအုပ်တွေကတော့ စာရေးဆရာမ လွန်းထားထား ( ဆေးတက္ကသိုလ် ) ရဲ့ “အနီရောင်ပုလဲတစ်ကုံး” နဲ့ စာရေးဆရာမ မြသန္တာရဲ့ “အချစ်-ဘာလဲမသိ” ဆိုတဲ့ ဝတ္ထုတို့ပဲ ဖြစ်ပါတယ်ခင်ဗျ။ 

၁။ “အနီရောင်ပုလဲတစ်ကုံး” = ဒီဝတ္ထုထဲမှာတော့ စာရေးသူဟာ ဆင်းရဲမှာကိုကြောက်တဲ့၊ ပညာမတတ် လူရာမဝင်မှာ မအောင်မြင်မှာကို သေရမှာထက် ပိုမိုကြောက်ရွံ့သူ ဆေးကျောင်းသူ မိန်းကလေးတစ်ယောက်ရဲ့ အကြောင်းကို ရေးဖွဲ့ထားတာပါ။ “ပွင့်ပွင့်လင်းလင်း ပြောပြရလျှင် နီတျာသည် အလှမက်သော၊ အကောင်းကြိုက်သော၊ အောင်မြင်ချင်စိတ် အားကြီးသော၊ အဆင့်အတန်းမြင့်မြင့်၊ ချမ်းချမ်းသာသာ နေလိုသော သွေးနားထင်ရောက်တတ်သည့် မိန်းမစားမျိုးဖြစ်သည်” လို့ စာရေးသူက နီတျာ့ရဲ့ အမူအကျင့်တို့ကို ပြောပြထားတယ်။ ဝတ္ထုထဲမှာတော့ စာဖတ်သူအနေနဲ့ နီတျာကို သတ္တိရှိပြီး ရဲရင့်သူ၊ ထက်ထက်မြက်မြက်နှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတစ်ဦးအဖြစ်လည်း မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

[ “ကျွန်မ အခု ဆေးကျောင်း ပထမနှစ်တက်နေပါတယ်ဦး။ အမှန်တိုင်းပြောရရင် ကျွန်မတို့က ဆင်းရဲပါတယ်။ ကျွန်မ ဆေးကျောင်းတက်ဖို့ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာရပါတယ်။ ဒါကြောင့် ကျွန်မ ဆယ်တန်းကျောင်းသားလေးတွေကို guide လုပ်ပါတယ်။ ကလေးတွေကိုလည်း ကျူရှင်လိုက်ပြပေးပါတယ် .. ။ အခု ညီမလေးကိုပါ ကျူရှင် ပြခွင့်ရခဲ့မယ်ဆိုရင် ကျွန်မ ကျောင်းစရိတ်အတွက် ပိုက်ဆံပိုစုမိမယ်လေ။ ဒါကြောင့် လိုချင်တာပါ” 
ပွင့်လင်းရိုးဖြောင့်လွန်းသော နီတျာ့၏ အဖြေစကားက ဦးရဲ့ ကရုဏာလွှမ်းသော နှလုံးသားကို ဖမ်းဆုပ်လှုပ်ခါနိုင်စွမ်းရှိခဲ့မှန်း နီတျာ မရိပ်မိနိုင်ခဲ့ပါ။ ဦးက ဘာမှ ဆက်မမေးတော့ဘဲ နီတျာ့ကို အလုပ်ခန့်ခဲ့ပါသည်။ နီတျာ့အဖို့ ဝင်ငွေပိုရလေ ပိုက်ဆံပိုစုမိလေ ဆေးကျောင်းစရိတ် ကာမိလေမို့ အလုပ်များများ လုပ်ရသည်ကို ပင်ပန်းသည်ရယ်လို့ မညည်းခဲ့ပါ။ နားချိန်မရှိလောက်အောင် တစ်အိမ်ပြီးတစ်အိမ်ကူးကာ စာပြပေးနေခဲ့ရသည်ကို နီတျာပျော်ရွှင်ခဲ့သည်။ ]

ပုလဲတစ်ကုံးဖြစ်ခွင့်ရမယ်ဆိုရင်တောင် ဖြူစင်အပြစ်ကင်းတဲ့ အဖြူရောင်ပုလဲကုံး မဖြစ်ချင်ဘဲ ရဲရင့်ပြီး ဖောက်ထွက်ထင်ရှားတဲ့ အနီရောင်ပုလဲကုံးသာ ဖြစ်ချင်သူ နီတျာဟာ သူမဘက်က အမြင်အရ “ဦး” လို့ သုံးနှုန်းထားသူ၊ တည်ငြိမ်ရင့်ကျက်ပြီး အထင်ကြီးလေးစားဖွယ်ကောင်းတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သူရဲ့ သမီး ‘ပိုးဖြူဥ’ ကို guide လုပ်ပေးမယ့် ဆရာမဖြစ်လာတဲ့အခါမှာတော့ … စာရေးသူဟာ နီတျာ့ရဲ့ ဘဝကို ဘယ်လိုပုံဖော်သွားမလဲ၊ နီတျာနဲ့ ‘ဦး’ တို့ကြားမှာ မေတ္တာဇာတ်လမ်းတစ်ပုဒ် ဖြစ်လာနိုင်မလား၊ အောင်မြင်လိုစိတ်ပြင်းပြသူ မိန်းကလေးတစ်ယောက်ဖြစ်တဲ့ တျာ့ရဲ့ စိတ်နေသဘာဝနဲ့ အမူအကျင့်တွေက ဘယ်လို အပြောင်းအလဲတွေ ရှိသွားမလဲဆိုတာကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ဒီဝတ္ထုစာအုပ်လေးကို ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ 

၂။ စာရေးဆရာမ မြသန္တာရဲ့ “အချစ်-ဘာလဲမသိ” - ဒီဝတ္ထုထဲမှာတော့ ငယ်ငယ်ကတည်းက မိမိရဲ့ဘဝကို အပူအပင်ကင်းမဲ့ပြီး ပျော်ပျော်ရွှင်ရွှင်နေခြင်းနဲ့ အဆုံးသတ်လိမ့်မယ်လို့ ထင်ခဲ့မိသူ ‘ချစ်ငြိမ်းအိမ်’ ၊ တကယ်တမ်း လောကကြီးထဲ တိုးဝင်လိုက်တဲ့အခါမှာတော့ ထုံးစံအတိုင်း လောကဓံတရားတို့က စောင့်ကြိုနေဆဲ … ။

[ အချစ်သည် ပျော်ရွှင်ကြည်နူးမှုကို တစ်ခါမျှ မပေးခဲ့ပေ။ အထီးကျန်ဆန်မှုကိုသာ ပေးခဲ့ပြီ။ ယခု … ပူလောင်မှုကိုပါ ပေးလာလေပြီ။ အားကိုးအားထား ခင်ပွန်းဦးဇော်မိုးထံတွင် ရနိုင်သော အချစ်ကို မိမိမခံစားဖူးပေ။ ဦးဇော်မိုးထံတွင် အချစ်မရှိ။ ပုတီးသာရှိသည်။ 
ဤသို့ဆိုလျှင် ဦးကြည်အောင်ထံတွင် ရှိနိုင်ပါသလား။ ဟင့်အင်း .. ရှာ၍မတွေ့ပေ။ အရက်သာ ရှိပေလိမ့်မည်။ ဒါမှမဟုတ် ကျော်ဇောဦးထံတွင် အချစ်ရှိနိုင်လား။ ပို၍ မဖြစ်နိုင်။ ကျော်ဇောဦးကား ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို ဂရုစိုက်ကြောက်ရွံ့တတ်သော ဂုဏ်ကိုသာ ခင်တွယ်လိုစိတ်ရှိသူပင် ဖြစ်ပေလိမ့်မည်။ သားသမီးများအပေါ်၌လည်း အချစ်မြှုပ်နှံထားသဖြင့် သားသမီးများက ပြန်လည်တုံ့ပြန်သော စာနာသည့်အချစ် သနားသည့်အချစ် ဘာမှမရှိ။ 
မိမိလိုချင်သော အချစ်တို့ မရှိတော့ပေ။ သားသမီးများအကြောင်းကို စဉ်းစားမိလျှင် ရင်ပွင့်လုမတတ် နာကျင်ကိုက်ခဲမိ၏။ ချစ်ခြင်းမေတ္တာဆိုသည်မှာ မိမိနှင့် ဘာမျှ မသက်ဆိုင်တော့သကဲ့သို့ … ] 

ငယ်စဉ်ဘဝကတည်းက ချစ်ခြင်းမေတ္တာရဲ့ လှည့်စားချက်၊ ရုတ်ချည်းပြောင်းလဲသွားတဲ့ ဘဝအဖြစ်အပျက်မျိုးစုံကို ရင်ဆိုင်ခဲ့ရပြီး၊ နောက်ဆုံးမှာတော့ အိမ်ထောင်ရေးလောကဓံကို ရင်ဆိုင်တွေ့ကြုံနေရသူ တစ်ဦးရဲ့ ဘဝရုပ်ပုံလွှာ၊ လူအမျိုးမျိုး စရိုက်အထွေထွေနဲ့ မတစ်ထောင်သားတို့ရဲ့ ပတ်ဝန်းကျင်ကို ဖြတ်လျှောက်ရသူ အမျိုးသမီးတစ်ဦးရဲ့ ရုပ်ပုံလွှာကို ပုံဖော်ထားတဲ့ ဒီဝတ္ထုက ဘယ်လိုရသမျိုးပေးသွားမှာလဲဆိုတာ စိတ်ဝင်စားလို့ ဖတ်ရှုချင်တယ်ဆိုရင်တော့ ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။ 
…….
ခုလို ရသဝတ္ထုကောင်းတွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်တွေကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။  အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။


Related Posts