ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်း စာချစ်ပရိသတ်ကြီး မင်္ဂလာပါ ။

ဝန်ဇင်း စာချစ်ပရိသတ်တွေအတွက်၊ ယနေ့ထွက် စာအုပ်များ ကဏ္ဍကနေ မိတ်ဆက်ပေးချင်တဲ့ စာအုပ်ကတော့ စာ​ရေးဆရာမင်းလူ ​ရေးသားခဲ့တဲ့ မဂ္ဂဇင်းဝတ္ထုရှည်​များကို စုစည်းထား​သော "လွန်​​လေပြီး​သောနှလုံးသား" ( မဂ္ဂဇင်းဝတ္ထုရှည်​များ ) စာအုပ်​ပဲ ဖြစ်​ပါတယ်​ခင်​ဗျ။

ဒီစာအုပ်ဟာ ဆရာမင်းလူအ​နေနဲ့ ၁၉၈၀ ခုနှစ်​က​နေ ၁၉၉၀ ခုနှစ်​အတွင်း ကလျာမဂ္ဂဇင်း၊ ချယ်​ရီ၊ စစ်​ပြန်​၊ ​ပေဖူးလွှာ၊ ပန်း​ဝေသီ၊ ဟန်​သစ်​ ... စတဲ့ မဂ္ဂဇင်း​တွေမှာ ​ရေးသားခဲ့တဲ့ မဂ္ဂဇင်းဝတ္ထုရှည်​​တွေကို စုစည်း​ထားတဲ့ စာအုပ်​တစ်​အုပ်​လည်း ဖြစ်​ပါတယ်​။

ဒီဝတ္ထု ( မဂ္ဂဇင်းဝတ္ထုရှည်​ ) ​တွေမှာ ဆရာမင်းလူရဲ့ ငယ်​စဉ်​က​လေးဘ၀နဲ့ ​ကျောင်းသားအရွယ်​၊ လူငယ်​ဘဝ .. စသည်​ တို့မှာ ကြုံ​တွေခဲ့ရတဲ့ အဖြစ်​အပျက်​​တွေနဲ့ သူ့နဲ့အတူ ပါဝင်​ပတ်​သက်​ခဲ့သူ​တွေရဲ့ အတိတ်​ပုံရိပ်​​တွေကို လွမ်း​မောစရာ​ကောင်း​အောင်​ ​ရေးသားထားပါတယ်​။ ဆရာမင်းလူရဲ့ အ​ရေးအသား​တွေကို ကြည့်​ရင်​ ရိုးသားပြီး ချစ်​ဖို့​ကောင်းတာကိုလည်း ​တွေ့ရဦးမှာပါ။ အသစ်​အဆန်း စကားလုံး​တွေ မထွင်​ဘူး၊ လိုတိုရှင်းနဲ့ ရသ​မြောက်​တဲ့ ခံစားချက်​ကို စာဖတ်​သူ ခံစားရ​စေတယ်​။ ဆရာမင်းလူဟာ သူ့ရဲ့ ခံစားချက်​​တွေနဲ့ သူကြီးပြင်းခဲ့တဲ့ ပတ်​ဝန်းကျင်​နဲ့ လူ​တွေအ​ပေါ် သ​ဘောထားကို စာဖတ်​ပရိတ်​သတ်​ထံ ရိုးသားစွာ တင်​ပြထားမှု​တွေကို ဖတ်​ရှုရမှာပါ။

....." One Year Can Be A Whole Life Time " 
..............တစ်​နှစ်​သည်​ တစ်​သက်​စာ ဖြစ်​နိုင်​၏။

`` လူ့ဘဝတွင်​ အသက်​ရှည်​ရှည်​​နေရခြင်း မ​နေရခြင်းသည်​ ပဓာနမဟုတ်​။ အသက်​ရှင်​​နေခိုက်​ အများအကျိုးကို ဘယ်​​လောက်​​ဆောင်​ရွက်​ခဲ့သလဲ ဆို​သော အချက်​သည်​သာ အ​ရေးအကြီးဆုံးဖြစ်​​လေသည်​။ ´´ ဟုဆို၍ ဆရာမင်းလူက ​လောကကြီးအတွင်း အကျိုးရှိစွာ ​နေထိုင်​သွားတဲ့ သူ့ ငယ်​စဉ်​က ဆရာမအ​ကြောင်းကို "ဆရာမကိုနှုတ်​ဆက်​" ဝတ္ထုမှာ ​​​ဖော်​ကျူးထားပါတယ်​။ 

စာအုပ်​ပါ ဝတ္ထု​ခေါင်းစဉ်​ နာမည်​​တွေကိုက ဆရာမင်းလူရဲ့ အတိတ်​က အမှတ်​တရ​တွေကို ပြန်​လည်​ ​ဖော်​ထုတ်​ထားတယ်​ဆိုတာ ခန့်​မှန်းသိရှိနိုင်​တယ်​။ မိသားစု၊ ​မေတ္တာ၊ အချစ်​ နဲ့ လူ့သဘာဝ အ​ကြောင်း​တွေကို ဆရာမင်းလူက သူ့ရဲ့ ခံစားချက်​ အမြင်​အတိုင်း ​​ရေးဖွဲ့ထားတာကို ဒီဝတ္ထု​တွေမှာ မြင်​​တွေ့ခံစားရမှာပါ။

`` ငယ်​စဉ်​ကာလက အဖြစ်​အပျက်​ အ​ကြောင်းအရာတို့သည်​ မ​မေ့မ​လျော့ဘဲ ရှိ​နေတတ်​​လေသည်​။ က​လေးဘ၀တွင်​ အ​တွေ့အကြုံ မ​မေ့မ​လျော့ဘဲ ရှိ​နေတတ်​​လေသည်​။ က​လေးဘဝတွင်​ အ​တွေ့အကြုံ အ​တော်​များများမှာ အသစ်​အဆန်း​တွေ ဖြစ်​​လေ့ရှိသည်​။ နားမလည်​တာ​တွေလည်း အများကြီးရှိသည်​။ " ( နားမလည်​ခြင်း ဒိုင်​ယာရီ ....... မှ )

ဆရာမင်းလူရဲ့ ငယ်​စဉ်​က​လေးဘဝမှာ ကြုံ​​တွေ့ရမှု​တွေကို အဲ့ဒီအချိန်​ကာလက က​လေးတစ်​​ယောက်​ရဲ့ အမြင်​အတိုင်း ပြန်​တင်​ပြထားတယ်​။ ဒါ့အပြင်​ ယင်းကာလ ဖြစ်​ရပ်​​တွေအ​ပေါ် လက်​ရှိ စာ​ရေးဆရာတစ်​​ယောက်​အ​နေနဲ့ ပြန်​သုံးသပ်​ရင်း စာဖတ်​သူကို အ​တွေးစ​လေး​တွေ ​ပေးထားခဲ့ပြန်​တယ်​။

" သဝန်​တိုတယ်​ဆိုတာ မ​ကောင်းဘူးလို့ လူတိုင်းသိကြတာပဲ၊ ကျွန်​​တော်​လည်း သိတာပဲ။ ဒါ​ပေမယ့်​ မတိုဘဲ မ​နေနိုင်​တာ ဘယ့်​နှယ်​ တတ်​နိုင်​ပါ့မလဲ " ဆိုတဲ့အတိုင်း ဆရာမင်းလူက ချစ်​သူစုံတွဲ​တွေရဲ့ သဘာဝဖြစ်​တဲ့ သဝန်​တိုခြင်းနဲ့ ပတ်​သက်​ပြီး "တိုရှည်​" ဝတ္ထုထဲမှာ ပြုံးချင်​စရာ အဖြစ်​အပျက်​တွေနဲ့ ခပ်​သွက်​သွက်​​လေး ​ရေး​သား​ထားတယ်​။

အချစ်​နဲ့ ပတ်​သက်​ပြီး နားလည်ရခက်စွာ ​​​နက်​ရှိုင်းလှတဲ့ ခံစားချက်​​တွေကို စာအုပ်​ရဲ့ ပထမဆုံးဝတ္ထု " အိပ်​မက်​ပြန်​လည်​​ပေးအပ်​ပွဲ " မှာ တင့်လွင်​နဲ့ သင်းသင်းဝင်း ဆိုတဲ့ ဇာတ်​​ကောင်​နှစ်​ဦးရဲ့ လွမ်းစရာ အဖြစ်​အပျက်​​တွေကတဆင့်ဖွင့်ဆိုထားတာကိုလည်း ​တွေ့ရနိုင်​မယ်​။

သည်​အိပ်​မက်​ကို၊ လက်​မခံလို
မီးဖိုသို့လှမ်း၊ ထမင်းကြမ်းတစ်​ဆုပ်
ပြာတစ်​ဆုပ်​ကို၊ သစ်​ငုတ်​မှာတင်
ဝေးသို့နှင်​ပြီ၊
အသင်​၊ အသင့်အိပ်​မက်​ပြန်​ယူပါ။ ( တာ​နော ) .... ဆိုပြီး ဝတ္ထုရဲ့ အဖွင့်​မှာ အချစ်​သစ်​ကို လက်​မခံလိုတဲ့အ​ကြောင်း ဆရာမင်းလူက အိပ်​မက်​ကျမ်း​ကြေနည်းနဲ့ တင်​စား ဖွဲ့နွဲ့ထားတယ်​။ အတိတ်​ကို
 ပြန်​​လှည့်​ကြည့်​နေတတ်ပြီး ခံစားချက်​အမှန်​ကို ထုတ်​​ဖော်​မပြတတ်​တဲ့ ဇာတ်​​ကောင်​​တွေဟာ အချစ်​ရဲ့​လေးနက်​မှုကို ထင်​ဟပ်​​နေ​စေခဲ့တယ်​။

အခုမိတ်​ဆက်​လိုက်​တဲ့ မဂ္ဂဇင်းဝတ္ထုရှည်​စုစည်းမှု စာအုပ်​ထဲမှာ

၁။ အိပ်​မက်​ပြန်​လည်​​ပေးအပ်​ပွဲ
၂။ ရိုးရိုးကြီး​လေး​မေ
၃။ ရာဂျာရယ်​ ရာနီရယ်​ စူလယားရယ်
၎။ နားမလည်​ခြင်း ဒိုင်​ယာရီ
၅။ လွန်​​လေပြီး​သော နှလုံးသား
၆။ ဒီဇာတ်​လမ်းမှာကွယ်
၇။ တိုရှည်
၈။ အ​မှောင်​ရဲသူများ
၉။ ​ရောင်​စုံမီးပုံးက​လေးများ
၁၀။ ဆရာမကိုနှုတ်​ဆက်​ ... စတဲ့ ဝတ္ထု ( ၁၀ ) ပုဒ်​ပါဝင်​ပြီး ဝတ္ထုတစ်​ပုဒ်​တိုင်းစီကို ဖတ်​ရှုလိုက်​တိုင်း အဆုံးမှာ ကြည်​နူးစရာ၊ သံ​ဝေဂရစရာ၊ လွမ်းဆွတ်​ဖွယ်​ နဲ့ ​ကြေကွဲဖွယ်​ ခံစားချက်​​တွေဟာ ဝတ္ထုပါ ဇာတ်​​ကောင်​​တွေကတစ်​ဆင့်  စာဖတ်​သူရဲ့ရင်​ထဲ တသသဖြစ်​​ ကျန်​ရစ်​ခဲ့မှာ​သေချာပါတယ်​။ ဝတ္ထု ၁၀ - ပုဒ်​အနက်​ "လွန်​​လေပြီး​သော နှလုံးသား" ကို စာအုပ်​ရဲ့ ​ခေါင်းစဉ်​အဖြစ်​ ထုတ်​နုတ်​ထားပါတယ်​။ ဘာ​ကြောင့် ဒီဝထ္ထုကိုမှ ​ထုတ်​နုတ်​ထားတာလဲ ... ဆရာမင်းလူက ဒီဝတ္ထုအပြင်​ အခြားဝတ္ထု​တွေမှာ​ရော ဘယ်​လို​တွေ ခံစား​ရေးဖွဲ့ထားလဲ ... စသည်​ဖြင့်​  ဆရာမင်းလူရဲ့ ငယ်​စဉ်​အဖြစ်​အပျက်​များနဲ့ အ​တွေးအမြင်​​တွေကို တစ်​စုတစ်​စည်းတည်း ဖတ်​ရှုချင်​တယ်​ ဆိုရင်​ဖြင့် အခုမိတ်​ဆက်​လိုက်​တဲ့ စာအုပ်​ကို လက်​မလွှတ်​တမ်း ဖတ်​ရှုခံစားသင့်​ပါ​ကြောင်း ဝန်​ဇင်းစာဖတ်​ပရိ​သတ်​ကြီးကို တင်​ပြလိုက်​ရပါတယ် ..... ။

ကဲ .. ဒီလိုဆိုရင်​ ခုပဲ ဝန်ဇင်းမှာ ဒီစာအုပ်လေး ဝယ်ယူ ဖတ်ရှုလိုက်​ရ​အောင်​လား ခင်​ဗျာ ...

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှ​ဝေဖို့လည်း မ​မေ့ပါနဲ့ဦးဗျ ... ????

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ် ခင်​ဗျာ ။

မနက်ဖြန် ည ၈း၀၀ မှာလည်း ဘယ်စာအုပ်လေးတွေကို အသစ် တင်ဆက်ပေးမယ်ဆိုတာကို သိရှိဖို့ တစ်ခေါက် လာလည်လှည့်ပါဦးနော်..

ဒီကဏ္ဍလေးကို တနင်္လာနေ့မှ သောကြာနေ့ထိ နေ့စဉ် ည ၈း၀၀ တိုင်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်..။

Related Posts