ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ ...

ဒီနေ့မှာ ဝန်ဇင်းစာချစ်သူများအတွက် ယနေ့ထွက်စာအုပ်များကဏ္ဍကနေ ဘာသာပြန်ဝတ္ထုတိုစာအုပ် တစ်အုပ်နဲ့ မိတ်ဆက်ပေးလိုပါတယ်။ အဲ့ဒီစာအုပ်ကတော့ ဘာသာပြန်နဲ့ ပင်ကိုရေး စာရေးဆရာကြီး ( ဆရာ ) မောင်ထွန်းသူရဲ့ "ပြေးနှင့် ဂန္ထဝင်မြောက်ဝတ္ထုတိုများ" ဆိုတဲ့ စာအုပ်ပါပဲ။ ဒီစာအုပ်ကို Flight and other Classical Short Stories အဖြစ်လည်း နာမည်ပေးထားပြီး ကမ္ဘာကျော်စာရေးဆရာတွေရဲ့ ဂန္ထဝင်မြောက် ဝတ္ထုတိုတွေကို စုစည်းထားတာပါ။ 

ယခုစာအုပ်ထဲက ဝတ္ထုတိုတွေဟာ အမေရိကန်၊ ပြင်သစ်၊ ရုရှား၊ အီတလီ၊ ဘူလ်ဂေးရီးယား၊ ဘရာဇီး၊ တောင်အမေရိက ( ကော်စတာရီကာ ) နဲ့ ယစ်ဒစ်ရှ် စတဲ့ နိုင်ငံပေါင်းစုံက ဝတ္ထုတိုတွေဖြစ်လို့ လူမျိုးပေါင်းစုံရဲ့ အကျင့်စရိုက်နဲ့ အတွေးအခေါ်နဲ့ အယူအဆ၊ စိတ်နေသဘောထားတွေကို ရိပ်စားနိုင်မှာ ဖြစ်ပါတယ်။ ဒီ့အပြင် အမျိုးမျိုးသော အကြောင်းအရာတွေကို အမျိုးမျိုးသော ဇာတ်ကောင်တွေနဲ့ ရေးဖွဲ့ထားတဲ့အတွက် ရသပေါင်းစုံကို ခံစားရမှာပါ။ 

ဝတ္ထုတိုတွေနဲ့ ပတ်သက်ပြီးတော့ စာရေးဆရာကြီး မောင်ထွန်းသူက အမှာစာမှာ ယခုလို ပြောကြားထားတာ တွေ့ရပါတယ်။ 
[ နိုင်ငံရပ်ခြား စာရေးဆရာများ၏ တွေးနည်းတွေးဟန်များနှင့် ရေးနည်းရေးဟန်များကိုပါ လေ့လာနိုင်ဖွယ်ရာရှိပါသည်။ ထို့ကြောင့်လည်း ဤဝတ္ထုတိုများသည် စာဖတ်သူများအတွက် တစ်နည်းမဟုတ်တစ်နည်းဖြင့် တစ်စုံတစ်ခုသော အတိုင်းအတာ အကျိုးဖြစ်ထွန်းဖွယ်ရာရှိသည်ဟု ယုံကြည်မိပါသည် ]

ဆရာမောင်ထွန်းသူက ကမ္ဘာ့ဝတ္ထုတိုတွေနဲ့ မြန်မာစာဖတ်ပရိတ်သတ်ကို မိတ်ဆက်ပေါင်းကူးပေးလိုတဲ့ စိတ်ဆန္ဒအရ ယခု ဝတ္ထုတိုတွေကို ဘာသာပြန်ဆိုထားတာလည်း ဖြစ်ပါတယ်။ ဆရာ့ရဲ့ အမှာစာအရ စာဖတ်သူကို ဝတ္ထုတိုကပေးတဲ့ ရသကို ခံစားရုံသက်သက် မဟုတ်ဘဲ နိုင်ငံရပ်ခြား စာရေးဆရာကြီးတွေရဲ့ ဝတ္ထတိုရေးဟန်နဲ့ လူမျိုးခြား ယဉ်ကျေးမှုနဲ့ စရိုက်တွေကိုပါ လေ့လာသိရှိစေလိုတဲ့ စေတနာကို တွေ့ရမှာပါ။ 

အခု ဆရာဘာသာပြန်ထားတဲ့ ဒီဝတ္ထုတိုစာအုပ်ထဲမှာ အမေရိကန်စာရေးဆရာကြီး ဂျွန်စတိန်းဘတ်ရဲ့'ပြေး'၊ ဘရာဇီးစာပေလောကကို တိုးတက်အောင် ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်တဲ့ ဘရာဇီး စာရေးဆရာ ဂျေအမ် မာချာဒူ ဒီအာဇစ်ရဲ့ 'ဖြောင့်ချက်' နဲ့ လူတွေရဲ့ စိတ်သဘောနဲ့ နှလုံးသားခံစားချက်တွေကို ပီပီပြင်ပြင် ဖွဲ့ဆိုနိုင်စွမ်းရှိတဲ့ ရုရှားစာရေးဆရာကြီး အန်ဒရာပလာထိုနော့ရဲ့ 'ရိုဆာ'ဝတ္ထုတို့အပြင် အာဖရိကမှ ကော်စတာရီကန်လူမျိုးတွေရဲ့ စရိုက်ကို သရုပ်ဖော်ထားတဲ့ 'သူရဲကောင်း'၊ ကမ္ဘာကျော် ပြင်သစ်စာရေးဆရာကြီး အဲလ်ဘတ်ကမူးရဲ့ 'ဧည့်သည်' ဝတ္ထုတို့နဲ့ အီတလီစာရေးဆရာကြီး အယ်ဘာတို အယ်ဘာတို မောရေးဗီးယား၊ ရုရှားစာရေးဆရာကြီး အလက်ဇန္ဒားပွတ်ရှ်ကင် ... စသူတို့ရဲ့ ဂန္ထဝင်ဝတ္ထုတိုတွေပါဝင်ပါတယ်။ 

ဒီဝတ္ထုတိုစာအုပ်ကို စ,ဖတ်ဖို့ စာမျက်နှာ စ,လှန်လိုက်တာနဲ့ စာအုပ်တစ်အုပ်လုံး ပြီးဆုံးသည်အထိ စာဖတ်သူကို ဆွဲခေါ်သွားလိမ့်မှာဖြစ်လို့ လက်လွှတ်မခံဘဲ ဝယ်ယူဖတ်ရှုလိုက်ရအောင်ခင်ဗျ။ 
ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့ပါနဲ့ဦး ... ????
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။ 
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 

Related Posts