ယနေ့အတွက် ဖတ်စရာကဏ္ဍ


“သိုင်းဝတ္ထုကြိုက်သူများအတွက် မိုးအေးအေးနဲ့ နှပ်လို့ကောင်းမယ့် ‘သိုင်းလောက၏ စိန်ခေါ်သံ’ ဝတ္ထုရှည်ကြီးကို ဝန်ဇင်းမှာ စတင်ဖတ်ရှုလို့ရပါပြီ”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ …

ဝန်ဇင်းပရိသတ်ကြီးထဲက သိုင်းဝတ္ထုကြိုက်နှစ်သက်သူတွေအဖို့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုကို ကျွန်တော်တို့ဝန်ဇင်းမှ တင်ဆက်လိုက်ပါပြီ။ အဲ့ဒါကတော့ ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ အသစ်ထွက်ရှိလာသော စာအုပ်ဖြစ်တဲ့ စာရေးဆရာ တက္ကသိုလ်နေလင်းအောင်ရဲ့ “သိုင်းလောက၏ စိန်ခေါ်သံ” ဝတ္ထုရှည်ကြီးပဲ ဖြစ်ပါတယ်ခင်ဗျ။ 	

စာရေးဆရာ တက္ကသိုလ်နေလင်းအောင်က ‘Xiao Ao Jiang Hu by Jin Yong’ ကို ဘာသာပြန်ရေးသားထားတာပဲ ဖြစ်ပါတယ်။ ဒီဝတ္ထုဟာ အစမှာတော့ ၁၉၆၇ ခုနှစ် ဧပြီလမှစပြီး ၁၉၆၉ ခုနှစ် အောက်တိုဘာလထိ နာမည်ကြီး ဟောင်ကောင်သတင်းစာဖြစ်တဲ့ “Min Pao” မှာ အခန်းဆက်သိုင်းဝတ္ထုအဖြစ် နှစ်နှစ်ကျော်ကြာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ရေးသားသူကတော့ စာချစ်သူတို့နဲ့ ရင်းနှီးပြီးဖြစ်တဲ့ တရုတ်သိုင်းဝတ္ထုရှည်ကြီးတွေ ရေးလေ့ရှိသူ စာရေးဆရာကြီး ကျင်းရုံ ( Jin Yong ) ပဲ ဖြစ်ပါတယ်ခင်ဗျ။ သူဟာ ‘Min Pao’ နေ့စဉ်သတင်းစာရဲ့ အယ်ဒီတာချုပ်အဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးတဲ့ ဟောင်ကောင်ရဲ့ နာမည်အကျော်ကြားဆုံး စာရေးဆရာတစ်ယောက်ဆိုလည်း မမှားပါဘူး။ ပြောရမယ်ဆိုရင် ဆရာကြီးကျင်းရုံဟာ ယနေ့အချိန်ထိ သက်ရှိထင်ရှားရှိနေသူ ဟောင်ကောင်ရဲ့ Bestseller စာရေးဆရာတစ်ယောက်လို့ ဆိုရမှာပါ။ ( ၁၉၂၄ ခုနှစ်မှာမွေးတဲ့ ကျင်းရုံဟာ အခုဆိုရင် အသက် ၉၄ နှစ်ရှိပါပြီ ) 

“နဂါးနိုင်ဓား” အပါအဝင် စာရေးဆရာကြီး ကျင်းရုံရဲ့ လက်ရာတွေဟာ မြန်မာဘာသာအပြင် အင်္ဂလိပ်၊ ပြင်သစ်၊ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်၊ ထိုင်း၊ မလေးနဲ့ အင်ဒိုနီးရှားဘာသာတွေအထိ ဘာသာပြန်ဆိုခြင်းခံရပြီး သန်းပေါင်း ( ၁၀၀ ) ကျော် ရောင်းချခဲ့ပြီးဖြစ်ပါတယ်။ သူ့ရဲ့ ဝတ္ထုတွေဟာ ရုပ်ရှင်အဖြစ်သာမက တီဗီဇာတ်လမ်းတွဲများ၊ ရုပ်ပြစာအုပ်များအပြင် ဗီဒီယိုဂိမ်းများအထိပါ အောင်မြင်ခဲ့တဲ့ သိုင်းဝတ္ထုရှည်တွေပဲ ဖြစ်ပါတယ်။

သိုင်းဝတ္ထုတွေကို “အပျော်ဖတ်စာပေ” လို့ဆိုကြပေမဲ့ တကယ်တမ်းမှာတော့ သိုင်းဝတ္ထုတွေဟာ နောက်ထပ်နောက်ထပ် စာတွေဖတ်ရှုဖို့ စာဖတ်နှုန်းတိုးစေခဲ့တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပဲဆိုတာကို ငယ်စဉ်ကတည်းက သိုင်းဝတ္ထုဖတ်ခဲ့ဖူးသူတိုင်း နားလည်မိကြမှာပါ။ ဇာတ်ဆောင်များစွာပါဝင်ပြီး ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ထားတဲ့ ဇာတ်အိမ်နဲ့အတူ အတွဲလိုက် ထွက်ရှိလာတဲ့ ဝတ္ထုတွေကို ငြီးငွေ့မှုမရှိဘဲ စွဲစွဲလမ်းလမ်း ဖတ်ခဲ့ကြဖူးမယ်ထင်ပါတယ်။ ဒီလိုမျိုး စာအုပ်တွေကို စွဲလမ်းစွာ ဖတ်ရှုခဲ့ရာကတစ်ဆင့် စာကောင်းပေကောင်း ရွေးချယ်တတ်လာခြင်းနဲ့ မိမိရဲ့ စာဖတ်မှုအဆင့်ကို မြှင့်တင်နိုင်ခဲ့ရာမှာတော့ ခုလို သိုင်းဝတ္ထုတွေအပါအဝင် အပျော်ဖတ်စာပေတွေက အထောက်အကူပြုခဲ့တယ်ဆိုတာကို ငြင်းစရာမရှိပါဘူး။ 

‘မဖြစ်နိုင်ပါဘူးကွာ’ လို့ ဆိုကြတဲ့ သိုင်းပညာတွေနဲ့ ဇာတ်လမ်းထဲ ထည့်သွင်းဖွဲ့စည်းထားပေမဲ့ ဇာတ်ဆောင်စရိုက်တွေကတော့ ပြင်ပလောကမှ မြင်တွေ့ရလေ့ရှိသလို ကောက်ကျစ်စဉ်းလဲခြင်း၊ ရိုးဖြောင့်ခြင်း၊ စွန့်လွှတ်အနစ်နာခံမှု၊ လောဘရမ္မက်ကြီးမှု၊ သံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာ၊ အမုန်းမီးတောက်နဲ့ လက်စားချေလိုမှု … စတဲ့ စတဲ့ လူ့စရိုက်အဖုံဖုံကို ထင်ဟပ်ပြထားတာကြောင့် သိုင်းဝတ္ထုတွေဟာ ယနေ့အချိန်ထိ ဖတ်လို့ကောင်းနေဆဲ ဖြစ်ပါတယ်။ 

ဒီနေ့မှာဆိုလည်း ဖတ်လို့ကောင်းနေဆဲဖြစ်တဲ့ “သိုင်းလောက၏ စိန်ခေါ်သံ” ဝတ္ထုရှည်ကြီးကို ဝန်ဇင်းစာချစ်သူများ မိုးအေးအေးမှာ အိမ်တွင်းအောင်းရင်း ဖတ်ရှုနိုင်ဖို့ ဝန်ဇင်းမှ တင်ဆက်လိုက်ပြီပဲ ဖြစ်ပါတယ်ခင်ဗျ။ ‘စကတည်းက ယဉ်သကို’ ဆိုသလို ခုမိတ်ဆက်လိုက်တဲ့ သိုင်းဝတ္ထုထဲမှာလည်း စကတည်းက စိတ်ဝင်စားဖို့ကောင်းတဲ့ ပဋိပက္ခ၊ တိုက်ခိုက်ခန်းနဲ့ စထားပါ့ဗျာ။

[ “ကျွတ် … ကျွတ် … ကျွတ် … နှမြောစရာကောင်းလိုက်တာ” 
မိန်းမပျိုကလေးသည် ကြောက်လန့်တကြားဖြင့် နောက်သို့ ဆုတ်ခွာသွားတော့သည်။ ကျန်တစ်ယောက် သူ့အဖော်၏ အပြုအမူကို တဟားဟား ရယ်မောရင်း 
“အေးကွာ … မင်းပြောတာ သိပ်မှန်သဟေ့၊ ဒီမိန်းကလေးရဲ့ ကိုယ်လုံးကိုယ်ပေါက်ကတော့ တကယ့်ကို လှပါ့ကွာ … တစ်ထောင်မှာ တစ်ယောက် ဒီလိုကိုယ်လုံးကိုယ်ပေါက်မျိုး ရှိခဲတယ်၊ သူ့မျက်နှာကျတော့လည်း တကယ့်ကို ရုပ်ဆိုးလှပါလား … ဒီလို ရုပ်ဆိုးပုံမျိုးကလည်း တစ်ထောင်မှာ တစ်ယောက်ရှိခဲတယ်ကွ၊ သူ့မျက်နှာက ဖားပြုတ်ကျောပြင်ကြီးနဲ့ မတူဘူးလားဟေ့” 
ဒုတိယလူသည် မိန်းကလေးတစ်ယောက်၏ အရှက်ကို လုံးဝဂရုမစိုက်ဘဲ မိမိပြောချင်သမျှကို ရိုင်းစိုင်းစွာ ပြောချလိုက်ပေသည်။ အရက်ရောင်းချသည့် ဆင်းရဲသူမိန်းကလေးဖြစ်သဖြင့် လေးစားရန်မလိုဟုလည်း ယူဆထားပုံရသည်။ ဒုတိယလူ၏ စကားဆုံးသောအခါ နှစ်ယောက်စလုံး တဝါးဝါးတဟားဟားဖြင့် ရယ်မောနေကြတော့၏။ တစ်လောကလုံးတွင် သူတို့နှစ်ယောက်တည်း ရှိနေသည့်ပမာ ရယ်မောနေကြခြင်းဖြစ်၏။ ထိုသူနှစ်ယောက်၏ စကားသံသည် ကျန်းစီးနယ်သားများ၏ ပြောဟန်နှင့် တူနေသည်။ 
လင်မိန်ကျက်သည် ထိုသူနှစ်ယောက်၏ မထီလေးစား စော်ကားနေပုံကို တွေ့မြင်နေရသောအခါ သူ၏ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ စားပွဲခုံကို ဝုန်းခနဲထုလိုက်သည်။ နှုတ်မှလည်း ကျယ်လောင်သောအသံဖြင့် အော်ဟစ်မေးမြန်းလိုက်သည်။
“ဘယ်ကောင်တွေလဲကွ … ဒီဖုကျိုးမြို့မှာ သောင်းကျန်းနေတာ”
ထိုအခါ လူစိမ်းလူငယ်က ရယ်မောရင်းမှ
“အစ်ကိုကြီး ကျားလောင် ကြားသလားဗျ … ကျုပ်တို့ကို ဆဲနေတာ၊ ကျုပ်တို့ကို ဆဲနေလို့ သိပ်တော့ အထင်မကြီးနဲ့ဗျို့ … ကျားကျားလျားလျားကြီး မဟုတ်ဘူးဗျ၊ မိန်းမလျာလေး … မိန်းမလျာလေး” 
လင်မိန်ကျက်၏ ရုပ်ရည်သည် သူ့အမေနှင့် အလွန်တူသည်။ သူ့အမေမှာ အလွန်ချောမောသကဲ့သို့ လင်မိန်ကျက်သည် အလွန်ချောသည်။ ခန့်ညားချောပုံမျိုးမဟုတ်ဘဲ သိမ်မွေ့ချောမောပုံမျိုး ဖြစ်သဖြင့် မိန်းမလျာဟု ပြောမည့် အပြောမျိုးကို လင်မိန်ကျက် အလွန်ကြောက်သည်။ ထိုသို့အပြောခံရပါက ဒေါသလည်း အလွန်ထွက်တတ်သည်။ 
ယခု … ထိုလူစိမ်းလူငယ်၏ စကားကို ကြားလိုက်ရသောအခါ လင်မိန်ကျက်သည် လုံးဝ ထိန်းသိမ်းနိုင်စွမ်းမရှိတော့ဘဲ ပေါက်ကွဲသွားတော့သည်။ မိမိရှေ့ရှိ အရက်အိုးကို ကောက်ကိုင်လိုက်ပြီး လူစိမ်းလူငယ်အား ပစ်ပေါက်လိုက်တော့၏ ]

ကဲ …. ဝန်ဇင်းပရိသတ်ကြီးတို့လည်း “သိုင်းလောက၏ စိန်ခေါ်သံ” ဝတ္ထုကြီးက စာချစ်သူတို့ကို ဘယ်လို ဆွဲဆောင်သွားမလဲ၊ ဘယ်ဇာတ်ဆောင်တွေကို မြင်တွေ့ရမလဲ သိချင်တယ်ဆိုရင်တော့ ခုမိတ်ဆက်လိုက်တဲ့ နာမည်ကြီး သိုင်းဝတ္ထုစာအုပ်အတွက် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၄၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။
…….
ခုလို သိုင်းစာအုပ်တွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ သိုင်းစာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 


Related Posts