ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်း စာချစ်ပရိသတ်ကြီး မင်္ဂလာပါ ။

ဝန်ဇင်း စာချစ်ပရိသတ်တွေအတွက် ယနေ့ထွက် စာအုပ်များ ကဏ္ဍကနေ မိတ်ဆက်ပေးချင်တဲ့ စာအုပ်က​တော့ [ ၁၉၉၁ ခုနှစ်​၊ အမျိုးသားစာ​ပေဆုရ ] စာ​ရေးဆရာမ မြသန္တာရဲ့ "​နော်​ရင်​​မွှေး" ဝတ္ထုပါပဲ။

ဒီဝတ္ထုဟာ ဆရာမရဲ့ ပထမဆုံး လုံးချင်းဝတ္ထုဖြစ်​ပြီး ၁၉၈၂ ခုနှစ်​မှာ မြန်​မာ့အာမခံဝန်ထမ်းဘဝနဲ့ ဖြူးမြို့နယ်​၊ ​တောင်​ငူမြို့နယ်​တို့မှာ တာဝန်​ထမ်း​ဆောင်​စဉ်​ ကြုံ​တွေ့ရတဲ့ ခရီးသွားအ​တွေ့အကြုံ​တွေ၊ ​တောင်​သူလယ်​သမား​တွေနဲ့ ကရင်​ရိုးရာဓ​လေ့​တွေအ​ကြောင်း ကွင်းဆင်း​လေ့လာပြီး ယင်းတို့ကို ဇာတ်​အိမ်​ဖွဲ့ ​ရေးသားခဲ့တယ်​လို့ သိရပါတယ်​။ ဒီဝတ္ထုကို ၆ နှစ်​တိတိ ကြာ​အောင်​ ထုတ်​​ဝေသူမရှိဖြစ်​​​နေလို့ သုံးကြိမ်​တိုင်​တိုင်​​ ပြင်​ဆင်​တည်းဖြတ်​ပြီး စာ​ပေဗိမာန်​မှာ ဝင်​​ရောက်​ယှဉ်​ပြိုင်​တဲ့အခါ ၁၉၈၉ ခုနှစ်​မှာ ဝတ္ထုရှည်​ပထမဆုကို ရရှိခဲ့တယ်​။

ဒါ့အပြင် အကယ်ဒမီစိုးမြတ်သူဇာ ၊ အကယ်ဒမီခင်ဇာခြည်ကျော် ၊ အကယ်ဒမီဇင်ဝိုင်း ၊ အကယ်ဒမီနေအောင် နဲ့ အကယ်ဒမီစိုးသူတို့ ပါဝင်သရုပ်ဆောင်ပြီးရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့ရာမှာလည်း အောင်မြင်ခဲ့တဲ့ဇာတ်ကားတစ်ကားပါ ။

နော်​ရင်​​မွှေး .. သူမဟာ ကရင်​ပြည်​နယ်​မှာ တာဝန်​ကျ​နေတဲ့ ကျန်းမာ​ရေးဝန်းထမ်းတစ်​​ယောက်​၊ သူမကို လုပ်​​ဖော်​ကိုင်​ဖက်​များက က​လေးတစ်​​ယောက်​နဲ့ မုဆိုးမလို့ပဲ သိထားကြတယ်​။ ​နော်​ရင်​​မွှေးရဲ့ အတိတ်​မှာ ဘယ်​လို​တွေ ကြုံဆုံခဲ့သလဲ ......။

အပျို​ဖော်​ဝင်​စအရွယ်​၊ အသက်​ ၁၇နှစ်​ဝန်းကျင်​ ​ကရင်​မ​လေး ​နော်​ရင်​​မွှေးဟာ ဖခင်​နဲ့ အစ်​မဖြစ်​သူတို့ရဲ့ အုပ်​ထိန်းမှု​အောက်​မှာ ​လောကဓံကို မသိနားမလည်​​သေးဘဲ က​လေးဆန်​စွာ ကြီးပြင်းလာခဲ့တယ်​။ ဒီအချိန်​မှာ ​​ကျောင်းဆရာက​လေးတစ်​ဦးနဲ့ ​မေတ္တာမျှမိတယ်​။ ​ပျော်​ရွှင်​စရာအချိန်​​တွေဟာ မြဲမ​နေပါဘူး၊ ​နော်​ရင်​​မွှေးရဲ့ ဘဝကို တစ်​ဆစ်ချိုး​ပြောင်းလဲ​စေမယ့်​ အဖြစ်​အပျက်​​တွေ ​ပေါ်​ပေါက်​လာခဲ့တယ်​။ အစ်​မဖြစ်​သူ မီးဖွားဖို့ ကျန်းမာ​ရေးမှူး​တွေရှိတဲ့ တစ်​ဖက်​ရွာကို ညဉ့်​နက်​သန်း​ခေါင်​ကြီး ဖ​အေနဲ့အတူ လိုက်​ပို့ရင်း လမ်းတစ်​ဝက်​မှာတင်​ အစ်​မက မီးဖွားရင်းဆုံးတယ်​။ အကူအညီ​ပြေး​ခေါ်တဲ့ ဖ​အေဖြစ်​သူဟာ ပိုးထိပြီး ဆုံးတယ်​။ တစ်​ချိန်​တည်းမှာပဲ ​နော်​ရင်​​မွှေးဟာ သူမရဲ့ တွယ်​တာအားထားရာ နှစ်​ဦးစလုံးကို ဆုံးရှုံးလိုက်​ရ​တော့တယ်​။

" မိမိဘဝသည်လည်း ပို၍ပို၍ မှောင်လာလေ၏။ အားကိုးရာ အလင်းရောင်လည်း ကွယ်ပျောက်၍ သွားလေပြီ။ မိမိတစ်ယောက်တည်း အမှောင်ထဲတွင် စမ်းတဝါးဝါးနှင့် ရပ်ရင်းက တွယ်ရာမဲ့နေ၏။ မိမိအဖို့ ကိုယ်ပိုင်အလင်းရောင်ကို မဖန်တီးနိုင်သေး၍ သူတစ်ပါး၏ အလင်းရောင် လေးကိုသာ အမှီပြုအားကိုးနေရသည်။ မိမိနားတွင် ရပ်တည်၍ မားမားမတ်မတ်နေနေသည့် ဆရာသာလျှင်​ အားကိုးဖွယ်ရာ ဖြစ်သည်။ ဆရာသည် မိမိအား အပါးကဲ့သို့ တဝါးမကဲ့သို့ ယုယစောင့်ရှောက်ပြီး အားပေးရှာသည်။ " .... ​နော်​ရင်​​မွှေးဟာ လူ့​လောကထဲ ​ရောက်​ရှိလာတဲ့ ကလေးမလေး နော်သဲဆူးကို မိခင်​သဖွယ်​ ပြုစု​စောင့်​​ရှောက်​ရင်း အ​ဒေါ်အိမ်​မှာ ကပ်​​နေရတဲ့ ဘဝ​လောကဓံ​တွေကို ရင်​စည်းခံစားရ​တယ်​။ ဒါ​ပေမယ့်​ သူမကို အဲ့ဒီ ​လောကဓံ​တွေကို ရင်​ဆိုင်​နိုင်​မယ့်​ ခွန်​အားက သူမရဲ့ သန္နိဋ္ဌာန်​ဖြစ်​တဲ့ ​မိမဲ့ဖမဲ့က​လေးမ​လေး ​နော်​သဲဆူးကို ​တော​တောင်​ရွာဇနပုဒ်​​တွေက လူနာ​တွေကို ပြုစုစောင့်ရှောက်ပေးမယ့် ဆရာဝန်မလေးဖြစ်အောင် ပျိုးထောင်ဖို့ပါပဲ။

လောကဓံကို ကြံ့ကြံ့ခံရင်း တက္ကသိုလ်​ဝင်​တန်းမှာ ​လေးဘာသာဂုဏ်​ထူးနဲ့ ​အောင်​မြင်​ခဲ့​ပေမယ့်​ ​ဆေး​ကျောင်းသူဘဝကို စွန့်​လွှတ်​ပြီး စာ​ပေစာယူတက်​နဲ့ သူနာပြုသင်​တန်းပဲ တက်​တယ်​၊ ချစ်​လှပါတယ်​ဆိုတဲ့ ဆရာ​လေးနဲ့လည်း ရင်​နာစွာ လမ်းခွဲခဲ့ရတယ်​၊ အရာအားလုံးဟာ ​နော်​သဲဆူး​လေးအတွက်​၊ က​လေးမ​​လေးကို မိစုံဖစုံဖြစ်​ပါ​စေ​တော့ဆိုပြီး သူမ​နှလုံးသားကိုစ​တေး၊ ခဲအိုဖြစ်​သူနဲ့ လက်​ထပ်​ဖို့ပြင်​ရာမှာ ဒီခဲအိုရဲ့ အရှုပ်​ဟာ ယူခါနီးမှ ​ပေါ်လာ​တော့ ​ရင်​​မွှေးခမျာ အရှက်​ကွဲပြီး ​နော်​သဲဆူး​လေးကို ကိုယ့်​အားကိုယ်​ကိုး​ပြီး ​​စောင့်​​ရှောက်​ဖို့ မန္တ​လေးကို​ပြောင်း၊ သူနာပြုဘဝနဲ့ ရုန်းကန်​ .... ။

သူနာပြုဘဝမှာ ​ဒေါက်​တာကြည်​ဟန်​က ရင်​​မွှေးကို ​မေတ္တာရှိ​ပေမယ့်​ ကာယကံရှင်​က လက်​မခံနိုင်​​သေး၊ သူမဘဝရဲ့ အထုအ​ထောင်း​တွေက သူမရဲ့ သမီးအဖြစ်​မှတ်​ယူထားတဲ့ ​နော်​သဲဆူး​လေးအ​ပေါ်မှာသာ ​မေတ္တာပုံထားတယ်​။

" ကျွန်​​တော့်​ရဲ့ ပထမဦးဆုံးချစ်သူဟာ အစ်မပါပဲ။ အစ်မကိုပေါင်းစပ်ဖို့ မစဉ်းစားပေမယ့် ကျွန်တော့်အချစ်ကိုတော့ ဘယ်တော့မှ ပြန်မရုပ်သိမ်းနိုင်​ဘူး။ အချစ်ဆိုတာ အတူတကွ ပေါင်းသင်းနေနိုင်​မှ မဟုတ်ပါဘူးဗျာ " ( ​ဒေါက်​တာဟန်​ကြည်​ )

စာ​ရေးသူ ဆရာမမြသန္တာက ​နော်​ရင်​​မွှေး၏ အတိတ်​နဲ့ ပစ္စုပ္ပန်​ကို ဝတ္ထုထဲတွင်​ သင့်​​လျော်​ရာ​နေရာ၌ အံဝင်​​အောင်​ ထည့်​သွင်းထားတယ်​။ ငယ်​ရာမှကြီးသည့်​ ကာလအစဉ်​အတိုင်းမဟုတ်​၊ လက်​ရှိ​ရောက်​​နေဆဲ ကာလမှသည်​ အဓိကကျ​သော ဖြစ်​ရပ်​များ ​ပေါ်​ပေါက်​ခဲ့သည့်​ အတိတ်​ဆီသို့ စာဖတ်​သူကို ဆွဲ​ခေါ်ရင်း ပစ္စုပ္ပန်​ရှိ ​နော်​ရင်​​မွှေးအ​ကြောင်းကိုလည်း မျက်​​ခြေမပြတ်​​စေရ​အောင်​ ဇာတ်​အိမ်​ကို ပိုင်​နိုင်​စွာ ကိုင်​တွယ်​သွားတာ မြင်​​တွေ့ရမှာပါ။

ဒီဝတ္ထုထဲမှာ စာ​ရေးသူက အ​ကြောင်းအရာအချို့ကို မြှုပ်​ကွက်​က​​လေး​တွေအဖြစ်​ တစ်​ထစ်​ချင်း ​​ရေးပြထားပါတယ်​။ ​ပြီး​တော့ တစ်​ဆင့်​ချင်း မသိမသာ ​လှစ်​ဟပြသွားတယ်​၊ ဥပမာ - ​ကျောင်းဆရာ​​လေးရဲ့အ​ကြောင်းကို စာဖတ်​သူက တဖြည်းဖြည်း သိရှိလာ​အောင်​ ပါးနပ်​စွာ ​ရေးသား​ဖော်​ထုတ်​သွားတယ်​။ ဇာတ်​​ကောင်​​တွေရဲ့ စိတ်​ခံစားချက်​​တွေကို ဖြည်းဖြည်း​လေးနဲ့ ​ပေါ်လွင်​လာ​အောင်​ တစ်​စထက်​တစ်​စ ချဲ့ပြသွားပြီး စာဖတ်​သူကိုပါ ဇာတ်​​ကောင်​​တွေနဲ့အတူ ခံစားရ​စေတယ်​​။

ခြုံ​ပြောရရင်​ ဝန်​ဇင်းပရိတ်​သတ်​ကြီးကို အခုမိတ်​ဆက်​လိုက်​တဲ့စာအုပ်​ဟာ လူ့စရိုက်​သဘာဝအဖွဲ့နဲ့ ​လူအားလုံးအ​ပေါ်​ ​ကျောသားရင်​သားမခွဲခြားတဲ့ ​မေတ္တတို့ကို လှပစွာ သရုပ်​​ဖော်​ထားတဲ့ ဝတ္ထု​ကောင်းတစ်​ပုဒ်​ဖြစ်​ပါတယ်​၊ လူ့စရိုက်​သဘာဝကို မွန်​မြတ်​တဲ့စိတ်​ဓာတ်​နဲ့ ​မေတ္တာအရင်းခံတဲ့ နှလုံးသား​ ခံစားချက်​​တွေနဲ့ သိုင်းပတ်​ လွှမ်းခြုံထား​စေတယ်​။ မိမိဝမ်းနဲ့လွယ်​ပြီး ​မွေးထုတ်​ခဲ့သည့်​အလား မိဘမဲ့ခဲ့ရသူ က​လေးမ​လေး ​နော်​သဲဆူးအ​ပေါ် ထားရှိတဲ့ ​မေတ္တာကိုမြင်​ရတာဟာ မျက်​ရည်​လည်​စရာပါပဲ။ ရင်​​မွှေးရဲ့ ​လူနာ​တွေအ​ပေါ် ထားရှိတဲ့ ဂရုဏာ​ကိုလည်း ပီတိဖြစ်​စရာ မြင်​​တွေ့ခံစားရမှာပါ။

အခုဝတ္ထုဟာ ၁၉၉၁ ခုနှစ်​မှာ အမျိုးသားစာ​ပေဆုလည်း ရရှိထားတဲ့ ဝတ္ထုရှည်​တစ်​ပုဒ်​ပါ။ စာ​ရေးသူရဲ့ ဘယ်​လို အ​ရေးအဖွဲ့ တင်​ပြချက်​​တွေ​ကြောင့်​ အမျိုးသားစာ​ပေဆု ရရှိခဲ့သလဲ ? ဝတ္ထုရဲ့ အဓိကဇာတ်​​ကောင်​​တွေဖြစ်​တဲ့ ဆရာ​လေးနဲ့ ​ဒေါက်​တာကြည်​ဟန်​တို့အ​ပေါ် ​နော်​ရင်​​မွှေးရဲ့ ​မေတ္တာသ​ဘောထားက​ရော ? စာ​ရေးသူ တည်​​ဆောက်​ထားတဲ့ ဇာတ်​အိမ်​က စာဖတ်​သူကို ဘယ်​လိုရသမျိုး ခံစားရ​စေမလဲ ? လူ့စရိုက်​သဘာဝကို ဝတ္ထု​ရေးအတတ်​ပညာနဲ့ ဘယ်​လိုရှု​​ထောင့်​က​နေ ​ဖော်​ထုတ်​တင်​ပြထားလဲ ဆိုတာ ...

ကဲ .. ဒီလိုဆိုရင်​ ခုပဲ ဝန်ဇင်းမှာ ဒီစာအုပ်လေး ဝယ်ယူ ဖတ်ရှုလိုက်​ရ​အောင်​လား ခင်​ဗျာ 

Related Posts