ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“ဝန်ဇင်းစာချစ်သူများအတွက် မဖဲဝါကို ဖမ်းမဲ့ကဝေ အပါအဝင် စိတ်ဝင်စားဖွယ်တစ္ဆေဇာတ်လမ်းများ”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 

ဒီနေ့မှာတော့ ဝန်ဇင်းစာချစ်သူတွေအတွက် ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍကနေ အသစ်ထွက်ရှိလာတဲ့ စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီစာအုပ်ကတော့ ထိတ်လန့်ခြောက်ခြားဖို့ကောင်းတဲ့ စိတ်ဝင်စားဖွယ် ဝတ္ထုဇာတ်လမ်းတွေရေးလေ့ရှိသူ ‘တာတေ’ ရဲ့ ညမဖတ်ရစီးရီးထဲက “မဖဲဝါကိုဖမ်းမဲ့ကဝေ” ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်ခင်ဗျ။ 

ထိတ်လန့်ခြောက်ခြားဖွယ်၊ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ပရလောကအကြောင်း၊ သရဲတစ္ဆေနဲ့ ဂမ္ဘီရဖြစ်ရပ်ဆန်းကြယ်တွေကို စိတ်ပါဝင်စားတဲ့ စာချစ်သူတွေအနေနဲ့ ‘တာတေ’ ရဲ့ ‘ညမဖတ်ရ’ စီးရီးတွေကို ဖတ်ရှုဖြစ်ကြလိမ့်မယ် ထင်ပါတယ်။ ဒါ့အပြင် ‘တာတေ’ ဆိုတာနဲ့ ‘မဖဲဝါ’ ကိုပါ ပြေးမြင်မိမှာ သေချာပါတယ်။ အခု စာအုပ်ကတော့ ‘မဖဲဝါ’ ရဲ့ ဇာတ်လမ်းက ဘယ်လိုဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ၊ ဒီအကြောင်းကို ‘မဖဲဝါကိုဖမ်းမဲ့ကဝေ’ ဆိုတဲ့ ဝတ္ထုဇာတ်လမ်းထဲမှာ ဖတ်ရှုမြင်တွေ့ရမှာပါ။ မဖဲဝါအဖမ်းခံရမလား၊ နောက်လာမယ့် ‘ညမဖတ်ရ’ စီးရီးတွေထဲမှာ မဖဲဝါဇာတ်ကောင် ဆက်လက်ပါဝင်နေဦးမလား၊ ဒီမှာတင် ရပ်စဲသွားမလားဆိုတာတော့ ဝန်ဇင်းစာချစ်သူတွေ အပျင်းပြေပဲဖြစ်ဖြစ်၊ တကယ်ကြိုက်လို့ပဲဖြစ်ဖြစ် အတည်ပဲဖြစ်ဖြစ် ဖတ်ရှုအားပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်။

ဒီစာအုပ်ထဲမှာတော့ မဖဲဝါကိုဖမ်းမဲ့ကဝေ အပါအဝင် ကျွဲလူးအိုင်သရဲ၊ လူနီကလေး၊ ကိုယ်ပွားလိုက်ခြင်း၊ ခြေရာတစ်တောင် ငနက်မှောင် … စတဲ့ ပရလောက၊ ဂမ္ဘီရ ဖြစ်ဆန်းကြယ် အကြောင်းအရာတွေကို စိတ်ဝင်တစားနဲ့ ဖတ်ရှုကြရမှာပါ။ 

ကဲ … ဒီနေ့မိတ်ဆက်လိုက်တဲ့ စာအုပ်ထဲမှာ ဘာတွေဖတ်ရှုရမလဲ၊ မဖဲဝါရဲ့ ဇာတ်လမ်းက ဘယ်လိုဖြစ်မလဲ သိရအောင် ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ပို့စ်ကို ပြန်လည်မျှဝေ ( share ) ပေးဖို့ မမေ့နဲ့ဦးနော်။ 

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
………….

“ဒီပို့စ်ကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးဖို့ မမေ့နဲ့ဦးနော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ......

Related Posts