ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“မတူညီတဲ့ရသသုံးမျိုးရရှိမယ့် မတူညီတဲ့ဝတ္ထုသုံးအုပ်” 

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဝန်ဇင်းစာချစ်သူတွေ ဖတ်ရှုနိုင်ဖို့ ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ ဝတ္ထုသုံးအုပ် ထွက်ရှိလာပါတယ်။ အဲ့ဒီဝတ္ထုတွေကတော့ စာရေးဆရာမ လမင်းမိုမိုရဲ့ “ရင်ကွဲနာ” ၊ စာရေးဆရာမ မိုးစက်ပွင့်ရဲ့ “မငိုတတ်သူရဲ့မျက်ရည်” နဲ့ စာရေးဆရာမ မြပုလဲခင်ရဲ့ “ချစ်တဲ့စိတ်” ဆိုတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်။ ဒီစာအုပ်သုံးအုပ်ကတော့ စာချစ်သူတွေအတွက် မတူညီတဲ့ ရသသုံးမျိုးကို ခံစားရစေမှာပါ။ 

( ၁ ) ဦးစွာမိတ်ဆက်ပေးချင်တဲ့ စာအုပ်ကတော့ စာရေးဆရာမ လမင်းမိုမိုရဲ့ “ရင်ကွဲနာ” ဆိုတဲ့ စာအုပ်ပါပဲ။ အားလပ်နေသမျှ ပိုလျှံနေသမျှ အချိန်တိုင်းမှာ ကိုယ့်ဘဝရဲ့ မကျေနပ်ချက်၊ နာကြည်းချက်တွေသာ ရင်ထဲဖွဲ့အုံ့တိုးပွားနေပြီး အသက်လေးဆယ့်တစ်နှစ်မျှသာ အရွယ်နှင့် သွေးတိုးရောဂါရော နှလုံးရောဂါပါရှိတဲ့အပြင် ထစ်ခနဲဆို ဒေါသကလည်း ကြီးတတ်ရာ အလကားနေ ရောဂါတွေတက် ရောဂါတွေတိုးနေသူ ဒေါ်မြသက်စော။ အချစ်နဲ့ အိမ်ထောင်ရေးအကြောင်း၊ ယောက်ျားမိန်းမတွေကြားက ချစ်ခြင်းဆိုတဲ့ အရာနဲ့ သစ္စာ၊ မေတ္တာ၊ စည်းမျဉ်းသတ်မှတ်ချက်တွေကို မေးခွန်းတွေ ထုတ်၊ ခံစားချက်တွေကို အင်တာနက်ပေါ်ရင်ဖွင့်ရင်းနဲ့ ဘဝရဲ့ မကျေနပ်ချက်တွေကို အင်တာနက်ပေါ် စာတွေရေးသားရင်း … 

[ စပြီးရေးလိုက်တယ်ဆိုကတည်းက ပွဲဆူသွားတာ။ ဝိုင်းဝေဖန်ကြတာတွေရော ဗရာဗိုလုပ်ကြတာတွေရော။ တဖြည်းဖြည်းနဲ့တော့ ဒီ “Mommy Anger” လို့ အမည်ပေးထားတဲ့ အမျိုးသမီးကြီးဟာ တမင်တကာ ပွဲထ,လှန့်နေတာ မဟုတ်ဘဲ နှစ်အဆက်ဆက်က ရင်ထဲက အစိုင်အခဲတွေကို ဖျော်ချနေတာပါဆိုတာ ရိပ်မိနားလည်လာပြီးတဲ့အခါတော့ ပုတ်ခတ်တဲ့သူ နည်းသွားတာ စိတ်ဝင်တစား ဝင်ဆွေးနွေးတဲ့ သူတွေပဲ များလာ ]

ဒီဝတ္ထုဟာ လူတွေကြုံတွေ့ရလေ့ရှိတဲ့ အိမ်ထောင်ရေးပြဿနာနဲ့ အချစ်ဆိုတဲ့အရာကို မေးခွန်းထုတ်ထားပြီး သမာရိုးကျဝတ္ထုဇာတ်လမ်းတွေ ဖတ်ရငြီးငွေ့နေသူများအတွက် ဝတ္ထုကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်ခင်ဗျ။ ဒါကြောင့် စာချစ်သူတို့လည်း ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်လေးကို ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။

( ၂ ) ဆက်လက်မိတ်ဆက်ပေးမှာကတော့ စာရေးဆရာမ မြပုလဲခင်ရဲ့ “ချစ်တဲ့စိတ်” ဆိုတဲ့ စာအုပ်ပါပဲ။ [ ဒါများ ‘ကောင်လေးက သမီးကို အရူးအမူးဖြစ်ပြီး သူ့မိဘတွေကို အတင်းချက်ချင်း စီစဉ်ခိုင်းတာတဲ့’ … ယုံချင်စရာကြီး။ သူ့ပုံစံက အေးတိအေးစက်၊ သူ့ကို မိဘတွေက အတင်းအကျပ် စီစဉ်၍ မလွှဲမရှောင်သာပဲ ဝတ်ကျေတန်းကျေ လက်ထပ်ရသည့်ပုံမျိုး။ အဲ့ဒါ ရွက်နုဖြစ်ရမှာ။ အိမ်ထောင်မပြုချင်သေးပါဘူးဆိုတော့ ရွက်နုကို သမီးကညာ အခါမလင့်စေနဲ့ ဆိုရိုးစကားအတိုင်း နားချစီမံလိုသာ လက်ခံလိုက်ရသည်။ ရွက်နု လက်မထပ်ချင်သေး။ 
“အချစ်ဆိုတာဘာလဲ”  ဟုမသိသေး၊ မခံစားရသေးသော ရွက်နုမှာ အိမ်ထောင်သည်ဘဝရောက်ပြီးမှ အချစ်ကို ပြန်လည်တူးဖော် ရှာဖွေရမည်လား။ ] 

မိဘရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားပြီး အလိုလိုက်ခြင်းခံရတဲ့ ရွက်နုရဲ့ဘဝဟာ သောကဆိုတာ ဂျိုနဲ့လားလို့ မေးယူရလောက်အောင်ပင် သာယာချမ်းမြေ့ခဲ့တယ်။ ဒါပေမဲ့ အိမ်ထောင်ပြုဖို့ ရောက်လာတဲ့အချိန်၊ မင်္ဂလာဆောင်တော့မယ့်ဆဲဆဲမှာ စိတ်လှုပ်ရှားလွန်းပြီး တငိုငိုတရယ်ရယ်ဖြစ်နေတဲ့ အရှိန်နဲ့ မတော်တဆ ချော်လဲရာမှ ဦးခေါင်းကို ထိခိုက်သွားပြီး စိတ္တဇဆန်တဲ့အဖြစ်ကို ရောက်သွားတယ်။ 

ဒီ့နောက် ဆက်ဖြစ်လာတဲ့ ဇာတ်လမ်းအပြောင်းအလဲတွေက စိတ်ဝင်စားဖို့ကောင်းလွန်းလို့ ဖတ်ရှုကြည့်ပါဦးလို့ တိုက်တွန်းလိုက်ပါတယ်။ တကယ်လို့ ဝန်ဇင်းမှာ ဖတ်ရှုချင်တယ်ဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်။ 

( ၃ ) နောက်ဆုံးမိတ်ဆက်ပေးမှာကတော့ စာရေးဆရာမ မိုးစက်ပွင့်ရဲ့ “မငိုတတ်သူရဲ့မျက်ရည်”။ ဘယ်အရာကိုမှ အရှုံးမပေးတတ်သူ၊ မဟုတ်မခံစိတ်နဲ့ မာနခပ်ပြင်းပြင်း ရည်ရွယ်ချက်ခပ်ကြီးကြီးနဲ့ နွေတန်ခူးဆိုတဲ့ ‘နွေ’ … နွေဟာ မိဘတွေ တားဆီးတဲ့ကြားတဲ့အခါ ကိုယ်ဝါသနာပါရာ စာပေလမ်းကို ရဲရဲလျှောက်လှမ်းရင်း စာရေးဆရာနွေတန်ခူးအဖြစ် ရှေးရှုနေသူ၊ မိခင်ကွယ်လွန်ပြီးနောက် ညီမလေး ‘နှင်းစက်’ ရဲ့ အစ်မကြီးအမိရာအဖြစ် …. 

“ငါ့နေရာမှာ ဝမ်းနည်းထိုင်ငိုကြွေးတတ်တဲ့ ခပ်ပျော့ပျော့မိန်းမတစ်ယောက်ဆိုရင် မျက်ရည်မြစ်တစ်စင်း ပေါ်ထွန်းလာမှာ ကျိန်းသေပဲ” ( နွေ ) 

စိတ်ဓာတ်မာကျောတဲ့ အစ်မဖြစ်သူနဲ့ နူးညံ့သိမ်မွေ့တဲ့ ညီမဖြစ်သူတို့နှစ်ယောက်ရဲ့ ဇာတ်ကောင်စရိုက်ကို နှိုင်းယှဉ်ရေးဖွဲ့ထားပြီး အဓိကဇာတ်ကောင်ဖြစ်တဲ့ နွေရဲ့ ခံယူချက်၊ အမူအကျင့်နဲ့ ပြတ်သားတဲ့စိတ်ဓာတ်တို့ဟာ ဒီဝတ္ထုထဲ ဘယ်လိုတွေ ဖတ်ရှုမြင်တွေ့ရမလဲ၊ ဘယ်လို ဇာတ်အိမ်မျိုးကို တည်ဆောက်ထားလဲဆိုတာတော့ စာချစ်သူတို့လည်း ဖတ်ရှုကြည့်ပါဦးခင်ဗျ။ ဒီစာအုပ်ကို ဖတ်ရှုမယ်ဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါပြီလို့ ပြောပါရစေခင်ဗျာ။ 

ကဲ ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်ကောင်းတွေကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုကြဖို့ မမေ့နဲ့နော်။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီ စာအုပ်တွေရဲ့ မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။
…………..
“ဝန်ဇင်းစာချစ်သူတို့အနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကို ဖတ်ရှုဖို့စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်”
“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

	

Related Posts