ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်း စာချစ်ပရိသတ်ကြီး မင်္ဂလာပါ ။

ဝန်ဇင်း စာချစ်ပရိသတ်တွေအတွက် ၊ ယနေ့ထွက် စာအုပ်များ ကဏ္ဍကနေ၊ မိတ်ဆက်ပေးချင်တဲ့ စာအုပ်တွေကတော့

ရှေးဟောင်းသုတေသန ပညာရပ်အကြောင်းကို ယေဘုယျသဘောနှင့် ကြိုးပမ်းမှုအဆင့်ဆင့်၊ စုပေါင်းဆောင်ရွက်ပုံ အရပ်ရပ်အကြောင်းတို့ကို ရေးသားထားတဲ့ စာအုပ် ၊ ကျောက်စာကူးယူမှု လုပ်ငန်းသဘောနှင့် လက်တွေ့လုပ်ကိုင်ဆောင်ရွက်ပုံကြောင်း နဲ့ ကျောက်စာကူးယူပုံမှာ တက္ကသိုလ်များတွင် မြန်မာကျောက်စာများနှင့် နိုင်ငံသမိုင်းဌာန၏ အခြေခံလုပ်ငန်းအကြောင်းလည်းဖြစ်သဖြင့် အနည်းနှင့်အများ သဘောပေါက်နိုင်ရန် အတွက်ရေးသားထားသော ၊ ပြုစုသူ ဦးမြင့်အောင် ရဲ့ " မြန်မာ့ရှေးဟောင်းသုတေသနပညာအတွက် ခေတ်အဆက်ဆက်ဆောင်ရွက်ချက်များ"

အင်းဝနန်းတွင်းအနွယ်တော်တစ်ယောက်ရဲ့ မြေး " အသင်္ခယာ" ၊ 
သူက ညီမလေးတစ်ယောက်လိုပဲ သံယောဇဉ်ရှိတယ်ဆိုပေမဲ့ ၊ 
သူ့ကို တိတ်တခိုးလေးချစ်နေရှာပြီး ရိုးသားဖြုစင်တဲ့ "ညိုချော" ၊ 
Ph.D သုတေသနစာတမ်းအတွက် အင်းဝမြို့ကို လေ့လာဖို့ရောက်ရှိလာတဲ့ "ရတနာကြေးမုံ" ၊ 
သူတို့ (၃) ယောက်ကြားက ခန့်မှန်းဖို့ခက်တဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းအပြင် ၊ အင်းဝခေတ်ကာလပုံရိပ်များ ၊ နန်းမတော်မယ်နု နဲ့ မယ်နုအုပ်ကြောင်းကြီး ရဲ့ သမိုင်း စတဲ့ သုတ ၊ ရသ များနဲ့ ပြည့်နှက်နေတဲ့ 
ဆရာမ လှိုင်းကြာဖြူ (လားရှိုး) ရဲ့ "ပြည်တော်ပြန်ချစ်သူ...ရွှေကြေးမုံ"

ရယ်မောပျော်ရွှင်ကြနိုင်ဖို့ ၊ စည်းစိမ်ရှင် ရေးတဲ့ ၊ ထူးထူးခြားခြား "တပ်မတော်လောကဟာသများ"

ဒါဆိုရင် ခုပဲ ဝန်ဇင်းမှာ ဒီစာအုပ်လေး ဝယ်ယူဖတ်ရှုလိုက်ရအောင်...

မနက်ဖြန် ည ၈း၀၀ မှာလည်း ဘယ်စာအုပ်လေးတွေကို အသစ် တင်ဆက်ပေးမယ်ဆိုတာကို သိရှိဖို့ တစ်ခေါက် လာလည်လှည့်ပါဦးနော်..

ဒီကဏ္ဍလေးကို တနင်္လာနေ့မှ သောကြာနေ့ထိ နေ့စဉ် ည ၈း၀၀ တိုင်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်..။

Related Posts