ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်ပရိသတ်ကြီးရေ မင်္ဂလာပါခင်ဗျာ ...

ဒီနေ့မှာ ဝန်ဇင်းစာချစ်ပရိသတ်ကြီးအတွက် ဆက်လက်ပြီး မိတ်ဆက်ပေးလိုတာကတော့ ပြီးခဲ့တဲ့ရက်တွေမှာ တင်ဆက်ခဲ့တဲ့ နဂါးနိုင်ဓား သိုင်းဝတ္ထုကြီးရဲ့ အဆက်ဖြစ်တဲ့ စာစဉ် ( ၄ ) ပါပဲခင်ဗျ။ ဒီစာစဉ်ထဲမှာ ဘယ်လိုအခန်းတွေ ပါဝင်လာမလဲဆိုတာ အနည်းငယ် တင်ပြပါရစေခင်ဗျ။

စာစဉ် ( ၃ ) မှာတုန်းက အဆိပ်ဖြေကျွမ်းကျင်တဲ့ ဆေးဆရာလေး ကျန်းဟူကျင်းဟာ သူ့ရဲ့ ကတိတစ်လုံးအတွက် ခွန်းလွန်တောင်ကို ခရီးထွက်လာကြတယ်။ ထိုအချိန်မှာ အလင်းတမန်တော်ဂိုဏ်းရဲ့ အရေးပါရာရောက်ဆုံး သိုင်းဆရာ ရန်ရောင်ပေါ်ထွက်လာတယ်၊ သူဟာ ခွန်းလွန်ဂိုဏ်းနဲ့ ရန်ညှိုးရှိခဲ့ဖူးသူတစ်ယာက်၊ သူနဲ့ဂိုဏ်းသားတွေနဲ့ တိုက်ခိုက်မှုပြင်းထန်ပြီး ကျန်းဟူကျင်းဟာ လျှို့ဝှက်နှင်းဆီဂေဟာကို ရောက်သွားခဲ့တယ်၊ နှင်းတောင်ဒေဝီနဲ့ တွေ့ဆုံပြီး ကျန်းဟူကျင်းက ချစ်မိသွားခဲ့တယ်။

အခု စာစဉ် ( ၄ ) မှာဆိုရင် သူတို့နှစ်ဦးရဲ့ ချစ်မေတ္တာအပိုင်းကို အစောပိုင်း အခန်းတွေမှာ ရင်ခုန်စွာဖတ်ရှုရဦးမယ်။ ကျန်းဟူကျင်းက နဂါးနိုင်လက်ဝါးစောင်းသိုင်း တတ်တဲ့အကြောင်းနဲ့ သူ့ရဲ့ ရာဇဝင်အမှန်ကို ဖုံးကွယ်ထားခဲ့တယ်၊ ဒီရဲ့ နောက်ဆက်တွဲက ဘယ်လိုသက်ရောက်မှုတွေ ရှိမလဲဆိုတာ အခုစာစဉ် ( ၄ ) က စာဖတ်သူကို ဆွဲဆောင်သွားမှာပါ။ ဒီအချိန်မှာ ပျောက်နေတဲ့ နဂါးနိုင်ဓားရထားတဲ့ ရှက်စွန်းပေါ်လာတယ်၊ ဒါပေမယ့် သူဟာ ရှက်စွန်းအတုလား၊ အစစ်လား ဆိုတာနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ ကျန်းဟူကျင်းကရော ရှက်စွန်းကို နိုင်ပါ့မလား၊ နဂါးနိုင်ဓားရဲ့ ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်သွားမလဲ ...? ဘယ်သူတွေ ကျဆုံးဦးမလဲ ...? ဆိုတာနဲ့အတူ တားမားဆရာတော်ကြီးရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ နေစကြာနဲ့ လစကြာသိုင်းအကြောင်း ...

ဒါတွေကို စာစဉ် ( ၄ ) မှာပါဝင်တဲ့ အတိတ်သစ္စာ၊ ချောက်ကမ်းပါးကြီး၊ ကျမ်းကဆီမှာ၊ သွေးသစ်စွမ်းရည်၊ လက်ရည်စမ်းပွဲ၊ အဆိပ်ပင့်ကူ၊ အလင်းမာန်ဂိုဏ်း ဝိုင်းဖြိုခြင်း၊ ရွှေမင်းသား၊ ရဲရင့်ခြင်းနှင့်သစ္စာတရား၊ ရှာပုံတော်ခရီး၊ သစ္စာတရား စတဲ့ အခန်းတွေမှာ ဖတ်ရှုကြရမှာဖြစ်ပါတယ်။

ကဲ .. ဒီလိုဆိုရင် နာမည်ကြီး သိုင်းဝတ္ထုစာရေးဆရာ ကျင်းရုံရဲ့ နဂါးနိုင်ဓားဝတ္ထုကြီးကို ဖတ်ရှုရအောင် အခုပဲ ဝန်ဇင်းမှာ ဝယ်ယူ ဖတ်ရှုလိုက်ရအောင်လား ခင်ဗျာ ...

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့ပါနဲ့ဦးဗျ ... ????

ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ......

Related Posts