ယနေ့အတွက် ဖတ်စရာကဏ္ဍ


“မိမိဘဝ တိုးတက်အောင်မြင်လိုသူတိုင်း လက်စွဲထား ဖတ်ရှုရမည့် စာအုပ်တစ်အုပ်”

စာအုပ်အမည် - ဘဝအောင်မြင်တိုးတက်ရေး မေးခွန်းများ ( ၁ )

မေးမြန်းမှုများအား ပြန်လည်ဖြေကြားပေးသူ - ဆရာကြီး ဦးကျော်ကျော်လှိုင် ( Smart Group of Companies ဥက္ကဋ္ဌ ) 

စာအုပ်ဖတ်ညွှန်း - ရွှေ FM မှာ ပြုလုပ်တဲ့ ‘ပျော်ရွှင်တိုးတက်အောင်မြင်ရေး ရွှေတို့အမေး’ အစီအစဉ်ကနေ ထုတ်လွှင့်ခဲ့တဲ့ မေးမြန်းဆွေးကြားမှု ကဏ္ဍကို အပြည့်အစုံ သိရှိ ဖတ်ရှုနိုင်ဖို့ စာအုပ်အဖြစ် ပြန်လည် ထုတ်ဝေထားတာပဲ ဖြစ်ပါတယ်။ ရွှေ FM ပရိသတ်အများစုမှာ ကျေးလက်ဒေသနေ ပြည်သူများပါပဲ။ ဒီစာအုပ်ထဲမှာ ဆရာကြီး ဦးကျော်ကျော်လှိုင်က အဆိုပါ ပြည်သူများနဲ့ စာချင်းဆက်သွယ်ပြီး ပြုလုပ်ခဲ့တဲ့ မေးမြန်းဆွေးနွေးမှု၊ ရွှေ FM သောတရှင်တွေနဲ့ အမေးစကားနဲ့ ဆရာကြီးရဲ့ ဖြေကြားချက်တွေကို ဒီစာအုပ်ထဲမှာ စိတ်ဝင်တစား ဖတ်ရှုကြရမှာပဲ ဖြစ်ပါတယ်ခင်ဗျ။ 

[ စာများကို ဖတ်ရသည့်အခါ ကျေးလက်ဒေသမှ ပြည်သူပြည်သားများ၏ ရိုးရှင်းသည့်ဘဝကို ခံစားနားလည်မိပါသည်။ ယခင် စနစ်ဆိုးကြီး၏ဒဏ်ကို ခံစားခဲ့ရသည့် ခံစားချက်များကိုလည်း ကိုယ်ချင်းစာမိပါသည်။ 

အားကိုးတကြီးဖြင့် မိမိ၏ အခက်အခဲများ၊ သိလိုသည့်အချက်များကို မေးမြန်းသည့် ရွှေ FM ပရိသတ်ကြီး၏ မေးခွန်းများကို ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစား၍ မေတ္တာရှေ့ထားကာ ဖြေဆိုခဲ့ပါသည်။ ကျွန်တော့်ဘဝတွင် အပျော်ရွှင်ဆုံး၊ စိတ်အပါဆုံးနှင့် ပီတိအဖြစ်ဆုံး အလုပ်တစ်ခု ဖြစ်ခဲ့ပါသည်။  ] ( ဆရာဦးကျော်ကျော်လှိုင် ) 

-	လူတစ်ယောက်မှာ မိမိကိုယ်မိမိ ယုံကြည်ချက်ရှိဖို့ ဘယ်လိုလုပ်ဆောင်သင့်သလဲ။
-	အောင်မြင်ချင်ပါတယ်လို့ အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသူတွေကရော သူတို့ရဲ့ စိတ်တွေ အေးချမ်းနိုင်ကြပါသလား။ 
-	အောင်မြင်မှုဆိုတဲ့အရာကို ကိုယ့်ပတ်ဝန်းကျင်က သတ်မှတ်တာလား။ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင် သတ်မှတ်ရမှာပါလား။
-	အောင်မြင်နေတဲ့လူတိုင်းမှာ စိတ်ချမ်းသာရပါသလား။ 
-	အောင်မြင်တဲ့ဘဝတစ်ခု တည်ဆောက်ရာမှာ အမှန်တရားက နံပါတ် ဘယ်လောက်ပါလဲ။ 
-	ကြိုးစားမှုရဲ့ ရလဒ်အမှန်က ဘာလဲ။
-	ကိုယ်ကြိုးစားသလောက် အရာမထင်ဘူး ဖြစ်နေတတ်ပါတယ်။ အောင်မြင်မှုရဖို့ ဘယ်လို ကြိုးစားအားထုတ်မှုမျိုး လိုအပ်ပါသလဲ ( သို့မဟုတ် ) နောက်ထပ် ဘယ်အရာတွေများ ထပ်လိုအပ်ပါသေးလဲ။ 
-	ဘဝမှာ ဖြစ်ချင်တာ မဖြစ်လာခဲ့ရင် ဖြစ်လာတာကို အကောင်းဆုံး လုပ်ရမှာလား ၊ ဖြစ်သင့်တာကို အကောင်းဆုံး လုပ်ရမှာလား။ 

စတဲ့စတဲ့ အောင်မြင်ရေးနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေ အပါအဝင် မိမိဘဝ တိုးတက်မြင့်မားရေးအတွက် အတွေးသစ် အမြင်သစ်တွေ ရရှိသွားစေမယ့် ဘဝတိုးတက်ရေးဆိုင်ရာ မေးမြန်းဖြေကြားမှုတွေ စတာတွေကို ဒီစာအုပ်ထဲမှာ တဝကြီး ဖတ်ရှုလို့ရမှာဖြစ်ပါတယ်။ 

ဒါကြောင့် စာချစ်သူတို့လည်း ဘဝအောင်မြင်ရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်တစားရှိတယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ငွေကျပ် *၁,၀၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ရအောင်လားဗျ။ 

အခြားစာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts