ယနေ့အတွက် ဖတ်စရာကဏ္ဍ


“စာရေးဆရာကြီး ဆရာမြသန်းတင့် မကွယ်လွန်မီနှစ်များအတွင်း နောက်ဆုံး မြန်မာပြန်ဆိုခဲ့သည့် အထင်ကရလက်ရာ - ဒုတိယအုပ်ကို ဝန်ဇင်းမှာ ဆက်လက်ဖတ်ရှုနိုင်ပါပြီ”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ရက်သတ္တပတ်ရဲ့အစ တနင်္လာနေ့မှာ ဝန်ဇင်းစာချစ်သူပရိသတ်ကြီးအတွက် ဝန်ဇင်းမှ သတင်းကောင်း သယ်ဆောင်လာပါတယ်ဗျ။ အဲ့ဒီသတင်းကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေ ( မနေ့က ) မိတ်ဆက်ခဲ့တဲ့ “လူများ၊ သက္ကရာဇ်များ-ဘဝ” ရဲ့ အဆက်ဖြစ်တဲ့ ဒုတိယတွဲဟာ ဒီနေ့မှာပင် ဆက်လက်ထွက်ရှိလာတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ စာရေးဆရာကြီး မြသန်းတင့် မကွယ်လွန်မီနှစ်ပိုင်းအတွင်းမှာ နောက်ဆုံးအဖြစ် မြန်မာပြန်ဆိုခဲ့တဲ့ နာမည်ကြီး လက်ရာတစ်ခုပဲဖြစ်ပြီး စာသမားတိုင်း ဖတ်ရှုထားသင့်တဲ့ စာကောင်းပေကောင်းလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။  

ဒီစာအုပ်ဟာ ဆိုဗီယက်စာရေးဆရာကြီး အီလျာအာရင်ဘတ်ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်တဲ့  “Ilya Ehrenberg’s Memories ; Men, Years-Life” ဆိုတဲ့ စာအုပ်ကို ဆရာမြသန်းတင့်က မြန်မာပြန်ဆိုထားတယ်ဆိုတာကို စာချစ်သူတို့လည်း သိရှိပြီးပါပြီ။ 

ဆိုဗီယက်စာပေရဲ့ အထင်ကရပုဂ္ဂိုလ် အီလျာအာရင်ဘတ်ဟာ စာနယ်ဇင်းသမားတစ်ယောက်ဖြစ်ပြီး စပိန်ပြည်တွင်းစစ် အပါအဝင် ပထမကမ္ဘာစစ် နဲ့ ဒုတိယကမ္ဘာစစ် … စတဲ့ စစ်ကြီးသုံးခုအတွင်းမှာ သတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့ဖူးတယ်။ သမိုင်းပညာရှင်တစ်ဦးလည်းဖြစ်တဲ့ သူဟာ နောက်ပိုင်းမှာတော့ စာပေလောကထဲကို ဝင်ရောက်ခဲ့တယ်။ လူမျိုးစုံ၊ အကြောင်းအရာ အဖြစ်အပျက်မျိုးစုံကို ထိတွေ့ခဲ့ပြီး အတွေ့အကြုံများစွာဖြင့် ဘဝမျိုးစုံကို ဖြတ်သန်းခဲ့သူဖြစ်တဲ့ အာရင်ဘတ်ရဲ့ ဘဝဖြတ်သန်းမှုထဲမှာ ကျွန်တော်တို့ စာဖတ်သူတွေအတွက် သင်ခန်းစာယူစရာ အများအပြားရှိသလို သိမှတ်စရာ ဗဟုသုတတွေလည်း တောင်လိုပုံလို့ … ။ 

[ ကျွန်တော်သည် ခေတ်ပြိုင်များကဲ့သို့ပင် အခက်အခဲ၊ အကွေ့အကောက် အမျိုးမျိုးတို့ကို ဖြတ်သန်းခဲ့ရပါသည်။ ထိုသို့ ဖြတ်သန်းခဲ့ရတိုင်း ကျွန်တော်သည် ထိုအခက်အခဲတို့ကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေကြောင်းကို ကိုယ့်ဘာသာကိုယ် တွေ့လာခဲ့ရပါသည်။ အသက် လေးဆယ့်ခြောက်နှစ်တွင် ကျွန်တော် ဘဝလမ်းကြောင်း ( အာယုလမ်းကြောင်း ) အသက် နှစ်ဆယ့်ခြောက်နှစ်ကထင်ပင် ထင်ရှားပြတ်သားလာပါသည်။ 

လောကတွင် ဘယ်လိုအံကြိတ်၍ နေရမည်ဆိုသည်ကို သိရှိဖို့လိုကြောင်း ကျွန်တော် သဘောပေါက်လာပါသည်။ အဖြစ်အပျက်များကို သဒ္ဒါလေ့ကျင့်ခန်းများကဲ့သို့ သဘောထား၍ မရပါ။ သဒ္ဒါလေ့ကျင့်ခန်းတွင် မှားသွားလျှင် အောက်က မျဉ်းသားထားလိုက်ရုံသာ ရှိပါသည်။ အနာဂတ်သို့ သွားရာလမ်းသည် ကတ္တရာစေးခင်းထားသည့် လမ်းမကြီးမဟုတ်ပါ။ ကဗျာဆရာ ဗာဒေါ့စကီးပြောသကဲ့သို့ ဘဝဆိုသည်မှာ နုတ်ယူ၍လည်းမရ။ ပေါင်းထည့်၍လည်းရသည့် ကိစ္စမျိုးမဟုတ်ပါ။ ] ( ‘ကောင်းကင်ဘုံ ဆယ်ခုနှင့်မလဲပါ’ … မှ ) 

ဒီစာအုပ်ဟာ ဆရာမြသန်းတင့် မကွယ်လွန်မီနှစ်များအတွင်း နောက်ဆုံးအဖြစ် မြန်မာပြန်ဆိုခဲ့တဲ့ အထင်ကရလက်ရာတစ်ခုပါပဲ။ ဒီစာအုပ်က ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာပေ အမျိုးအစားတစ်ခု၊ ဒါပေမဲ့ ကိုယ်တစ်ဦးတည်းအကြောင်းမဟုတ်ဘဲ စာရေးသူဖြတ်သန်းခဲ့ရတဲ့ ခေတ်စနစ်ရဲ့ ပုံရိပ်၊ ဘဝတလျှောက် ရင်ဆိုင်ခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ တွေ့ကြုံခဲ့ရတဲ့ ပုဂ္ဂိုလ်တွေအကြောင်းနဲ့ လူတစ်ဦးရဲ့ အတွေးအခေါ် အသိအမြင် ပြောင်းလဲလာပုံတွေကို မှတ်တမ်းသဘောမျိုး မဟုတ်ဘဲ ရသဝတ္ထုဆန်ဆန် ဖတ်ရှုခံစားကြရမှာပါ။ 

စာရေးဆရာကြီး ဒဂုန်တာရာကလည်း ခုလို မှတ်ချက်ပြုထားတယ်။ 

[ ယခုအခါ အာရင်ဘတ် မရှိတော့ပြီ။ အာရင်ဘတ်က ထောင်ထောင်မောင်းမောင်း၊ သူ ပြင်သစ်တွင် အနေများ၍ “ပါရီကျဆုံးခန်း” ဝတ္ထုမှာ အင်မတန်ဖတ်၍ ကောင်းသော ဝတ္ထုဖြစ်သည်။ မြသန်းတင့် ဘာသာပြန်သောအခါ ပို၍ ကြွတက်လာသည်။ ယခု အာရင်ဘတ်၏ “လူများ၊ သက္ကရာဇ်များ - ဘဝ” ဘာသာပြန်သောအခါ ဆိုဗီယက်စာပေ၊ ရုရှားစာပေ၊ ဥရောပစာပေ၊ ရသဟန်များ အဖွဲ့အနွဲ့ဟန်များကို အသင့်တော်ဆုံး ဘာသာပြန်မှာ မြသန်းတင့်ဖြစ်ပေသည်ဟု တိုး၍ နားလည်ခံစားမိသည်။ ] 

ကိုယ့်ရဲ့ ဘဝအတွေ့အကြုံတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် ဆင်ခြင်နိုင်စေပြီး လောက အတွေးအမြင်တွေကိုပါ မြင့်မားတိုးတက်စေတဲ့စာပေဟာ အတ္ထုပ္ပတ္တိစာပေပဲ ဖြစ်ပါတယ်။ ကမ္ဘာကျော်စာရေးဆရာကြီး အာရင်ဘတ်ရဲ့ စာအုပ်ထဲကနေ စာဖတ်သူများအတွက် ယူစရာ သိစရာ တွေးစရာ အများအပြားကို ရရှိသွားလိမ့်မယ်ဆိုတာကိုတော့ အာမခံ ပြောကြားပါရစေခင်ဗျ။ 

ကဲ … ဒီတော့၊ အီလျာအာရင်ဘတ်ရဲ့ လူများ၊ သက္ကရာဇ်များ - ဘဝ ကို ဆရာကြီး မြသန်းတင့်ရဲ့ မြန်မာပြန်လက်ရာနဲ့အတူ၊ ဘဝအတွေ့အကြုံများစွာကို ဖြတ်သန်းရင်ဆိုင်ခဲ့သူတစ်ဦးရဲ့ အတ္ထုပ္ပတ္တိ ရသစာပေထဲကနေ စာချစ်သူတို့ ဘာတွေရနိုင်မလဲ၊ ဘာတွေဖတ်ရှုရမလဲ သိချင်တယ်ဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။ 
…….
ဆရာကြီး မြသန်းတင့်ရဲ့ ဘာသာပြန်စာအုပ်ကောင်းတွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။


Related Posts