Wun Zinn's Choice of the Week (31)


မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဝန်ဇင်းစာချစ်သူများအနေဖြင့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် အားလပ်ချိန်တွေမှာ စာဖတ်ရင်း အချိန်ကို အကျိုးရှိအောင် အသုံးချနိုင်ဖို့ ကျွန်တော်တို့ ဝန်ဇင်းရဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များကဏ္ဍမှ စာအုပ်ကောင်းတစ်အုပ်ကို ရွေးချယ်ထားပါတယ်ခင်ဗျ။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာမောင်ပေါ်ထွန်းရဲ့ “ဟားဗတ်စီးပွားရေးတက္ကသိုလ်မှာ မသင်ခဲ့ရသမျှ” ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ 

စာရေးဆရာက သူဒီစာအုပ်ရဲ့ အမှာစာမှာ ယခုလို ပြောပြပါတယ်။ 
"စီးပွားရေး လုပ်ငန်းဆိုတာ အသစ်တီထွင်မှု၊ အသစ်ပြောင်းလဲမှုကို အမြဲတမ်း တောင်းဆိုနေတဲ့ လုပ်ငန်းမျိုးပါ။ စီးပွားရေးလုပ်ငန်းမှာ ပြုပြင်မှု၊ စွန့်စား လုပ်ကိုင်မှုဆိုတာ ရှိရမယ်။ ဒါပေမယ့် စီးပွားရေး ပညာသင်ကျောင်းတွေက အတိတ်ကိုပဲ ပြန်သွားနေကြတယ်။ အတိတ်က ဖြစ်ရပ်တွေကိုပဲ သင်ပြနေကြတယ်။ ဒီလုပ်ရပ်ဟာ တီထွင်ပြောင်းလဲမှုကို ဖိနှိပ်ထားသလို ဖြစ်နေတယ်။"
မောင်ပေါ်ထွန်း ဘာသာပြန်တဲ့ ဟားဗက်စီးပွားရေးတက္ကသိုလ်မှာ မသင်ခဲ့ရသမျှစာအုပ်ဟာ စီးပွားရေးနဲ့ မကင်းသူတိုင်း ဖတ်မိရင် အကျိုးရှိစေမယ့် စာအုပ်လို့ ပြောချင်ပါတယ်။

တခါက မိတ်ဆွေနှစ်ယောက် လမ်းပေါ်မှာ ဆုံကြတယ်။ သူတို့ချင်း မတွေ့ရတာ နှစ်ပေါင်းအစိတ်လောက် ရှိသွားပြီ။ တစ်ယောက်က သူ့အတန်းမှာ ထိပ်ဆုံးက နေခဲ့သူ၊ လက်ရှိ မြို့နယ်ဘဏ်တစ်ခုမှာ လက်ထောက် မန်နေဂျာ လုပ်နေတယ်။ နောက်တစ်ယောက်က ပညာရေးမှာ ဘာမှ မထူးချွန်ဘူး။ သူလိုကိုယ်လို သာမန်လူတန်းစားပဲ။ အခု သူက ဘာဖြစ်နေသလဲဆိုတော့ ကိုယ်ပိုင် ကုမ္ပဏီ ထောင်ထားတယ်။ သန်းပေါင်းများစွာ ချမ်းသာနေတယ်။ 

ဘဏ်မန်နေဂျာက မေးတယ်။ " မင်း အခုလို အောင်မြင်လာတာ ဘာကြောင့်လဲ? လုပ်စမ်းပါဦး" 
သူ့မိတ်ဆွေ သူဌေးရဲ့ အဖြေက ရိုးရိုးလေးပါပဲ။ " ငါက ကုန်ပစ္စည်း တစ်ခုကို နှစ်ဒေါ်လာနဲ့ ဝယ်တယ်။ ပြီးတော့ ငါးဒေါ်လာနဲ့ ပြန်ရောင်းတယ်။ ရောင်းကုန်တစ်ခုကို ဈေးမြှင့်လိုက်ရင် ပိုက်ဆံ ဘယ်လောက် မြတ်မလဲဆိုတာ တကယ် ပျော်စရာပါပဲသူငယ်ချင်းရေ" 
(မတ်ကော်မက်၏ အမှာစာမှ)
--------------------------------------------
Mark H. McCormack ရေးတဲ့ What They Don't Teach You At Harvard Business School ကို ဟားဗက် စီးပွားရေးတက္ကသိုလ်မှာ မသင်ခဲ့ရသမျှ အမည်နဲ့ မောင်ပေါ်ထွန်း အမည်ပြန်ထားတဲ့ ဒီစာအုပ်ဟာ စီးပွားရေးကို နားလည်လိုသူများ ဖတ်သင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။ စီးပွားရေးဆိုရာမှာ တက္ကသိုလ်ကြီးတွေ၊ သင်တန်းကြီးတွေမှာ သင်တဲ့ ကိန်းကြီး ခန်းကြီး စီးပွားရေး ပညာတွေကို ဒီစာအုပ်မှာ ဖတ်ရမှာ မဟုတ်ပါဘူး။ ဒီစာအုပ်ကို ဘာသာပြန်တဲ့ မောင်ပေါ်ထွန်းကအခြားအမည်တစ်မျိုးနဲ့ မဂ္ဂဇင်းမှာ အရင်ပြန်ခဲ့တာပါတဲ့။ သူပေးခဲ့တဲ့ နာမည်က " လမ်းပေါ်က စီးပွားရေး ပညာ " တဲ့။ သွားရင်း လာရင်း လူအချင်းချင်း ကြားမှာ လိုအပ်နေတဲ့ စီးပွားရေးပညာ အကြောင်းကို ဥပမာလေးတွေနဲ့ နှိုင်းယှဉ်ပြထားတာတွေကို ဖတ်ရမှာပါ။ စာရေးဆရာရဲ့ နှစ်ပေါင်းအစိတ်လောက် ကိုယ်တွေ့ ကြုံခဲ့ရတဲ့ စီးပွားရေးအကြောင်းနဲ့ စီးပွားရေး သင်ခန်းစာတွေကို ပြန်လည် ရေးပြ ရှင်းလင်းထားတာတွေ ဖြစ်ပါတယ်။ စာအုပ်ကို အခန်းငယ်ပေါင်း ၆၀ ကျော်နဲ့ ရေးသား တင်ပြထားတာကို ဖတ်ရမှာပါ။ အခန်းနာမည်အချို့ကို ဖတ်ကြည့်လိုက်ရုံနဲ့တင် စီးပွားရေးပညာအတွက် ဖတ်ရှုဖို့ စိတ်ဝင်စားစေမှာပါ အသေအချာပါပဲ ....

#လူကဲခတ်ခြင်း
#ထင်မြင်ချက်ကို အဖြေမှန်ဟု မယူဆနဲ့
#ထိုးထွင်းဉာဏ်ကို အသုံးချ
#လေးလေးနက်နက် နားထောင်
#လေးလေးနက်နက် လေ့လာ
#အခြေအနေ နေရာဌာနကို အသုံးချ
#အစည်းအဝေးမှာ လေ့လာ
#မထင်တာလုပ်
#ပေးစာဟာ သံတမန်
#လူမှာ အဝတ်
#အချိန်မှန်ပါစေ
#ပြောသလိုလုပ်
#အပျော့ဆွဲနဲ့ အနိုင်ယူ
#မိတ်ဆွေများအောင်လုပ်
#ဆရာရှာ၊ လူယုံမွေး
#မြှောက်တတ်ပါစေ
#အရေးပါတဲ့ ဟာသဉာဏ်
#ပင်တိုင်အတိုင်း ပြုမူ
#ခံစားချက်ကို ကန့်သတ်ထား
#နှစ်ခါ မမှားပါစေနဲ့
#အသေးစိတ် သိအောင်လုပ်
#အခြေအနေကို အသုံးချ
#ကံကောင်းအောင် လုပ်နည်း
#သစ္စာရှိမှု
#စနစ်အတိုင်း ဖြစ်အောင်လုပ်
#တစ်ဖက်လူ လွယ်ကူပါစေ
#နေ့စဉ်တာဝန်နဲ့ ကိုယ်ပိုင်အလုပ်
#ခုကောင်းမှ နောင်ကောင်းမယ်
#အကောင်းဆုံးနဲ့ စတင်
#တန်ရာတန်ဖိုးယူ
#တန်သလောက်ပေး
#အရေးပါသူလို့ ထင်ပါစေ
#စွံအောင် ရောင်းနည်း
#ပြိုင်ဘက်ကို နားလည်
#ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်သလား
#အောင်မြင်မှုကို ဝေပေး
#ရုံးခန်း သန့်ရှင်းပါစေ
#ဆုံးရှုံးမှုကို ကြောက်တဲ့စိတ်

အထက်ပါ အခန်းခေါင်းစဉ်တွေဟာ နာမည်ဖတ်ရှုလိုက်ရုံနဲ့ နေ့စဉ် သင့်ဘဝမှာ ကြုံတွေ့နေရတဲ့ စီးပွားရေး ကိစ္စရပ်တွေမှာအဖြေတစ်ခု ရှာတွေ့ဖို့ ကူညီနိုင်မယ်ဆိုတာ သေချာနေပါတယ်။ ဒါကြောင့်မို့ ခုပဲ ဒီစာအုပ်လေးကို ဖတ်ကြည့်ပါလို့ အသေအချာ လေးလေးနက်နက် တိုက်တွန်းလိုက်ပါရစေ ခင်ဗျာ။ စာရေးဆရာက ဒီစာအုပ်နဲ့ ပက်သက်ပြီး ဟားဗက်တက္ကသိုလ်မှာမဖတ်မနေရ ပြဌာန်းဖို့ကလွဲပြီး တခြားအလိုမရှိကြောင်း ရေးထားခဲ့တာမို့ ဒီစာအုပ်ကို ဖတ်ရှုခြင်းဖြင့် အသိတရား အများအပြား တိုးပွားစေလိမ့်မယ်လို့ အာမခံရဲပါကြောင်း ညွှန်းလိုက်ပါတယ်။ 
ဒါကြောင့် ဒီစာအုပ်လေးကို ဖတ်ရှုမယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ 

…….
ခုလိုမျိုး စာအုပ်ကောင်းတစ်အုပ်ကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ 
အခန်းဆက်ဝတ္ထုရှည်၊ အခန်းဆက်ဆောင်းပါး၊ ရုပ်ပြကာတွန်း၊ အသံထွက်ဇာတ်လမ်း၊ အသံထွက်ရုပ်ပြဇာတ်လမ်း၊ အင်္ဂလိပ်စာလေ့လာစရာ၊ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်ဟာသတွေ၊ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တွေနဲ့ ဦးနှောက်စားစရာ ရှားလော့ဟုမ်းပဟေဠိတွေ အပါအဝင် ဗဟုသုတရဖွယ် အကြောင်းအရာမျိုးစုံကို နေ့စဉ် *အခမဲ့* ဝင်ရောက်ဖတ်ရှုနိုင်မယ့် Wun Zinn Digest ပါဝင်တဲ့ Wun Zinn app နောက်ဆုံး ဗားရှင်းလေးကို http://bit.ly/wz_play လင့်ခ်ကိုနှိပ်၊ အခမဲ့ Download ပြုလုပ်ပြီး စာအုပ်ကောင်းတွေနဲ့အတူ ကဏ္ဍမျိုးစုံကို လေ့လာနိုင် ပြီလို့ သတင်းစကားပါးလိုက်ပါရစေ။
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts