Wun Zinn's Choice of the Week (50)


“အသက် ၁၃ နှစ်မှ ၃၁ နှစ်အရွယ်ထိ လူငယ်အားလုံးအတွက် သီးသန့်ရည်ရွယ်ပြီး အရာရာကို ဇွဲရှိရှိနဲ့ ကြိုးစားဖို့ အားပေးတိုက်တွန်းထားတဲ့ စာအုပ်”

………….

ကျွန်မတို့လူသားတိုင်း ဘဝမှာ အမြဲတမ်း ပန်းခင်းလမ်းလို အဆင်ပြေချောမွေ့ မနေနိုင်ပါဘူး။ ဒီရေလိုပဲ ကျွန်မတို့ဘဝတွေက အတက်အကျ များလွန်းပါတယ်။ တစ်ခါတရံ ကြိုးစားပေမဲ့လည်း ကံအားမလျော်တဲ့အခါမှာ ဘာလုပ်လုပ် ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာတာတွေလည်း ကြုံရတတ်ပါတယ်။ အဲ့ဒီလို မှောင်မိုက်တဲ့ နေ့ရက်တွေမှာ ကိုယ့်စိတ်ကို ကိုယ်တိုင် အဖော်ပြုအားပေးပြီး နေတတ်ပါမှ မျှော်လင့်ချက်အလင်းရောင် သမ်းလာတတ်တာမျိုးပါ။ တချို့လည်း ကိုယ့်စိတ်ကို ကိုယ်အရှုံးပေးလိုက်ပြီး ဖြစ်ချင်ရာဖြစ် ဘဝကို ရေစုံမျောလိုက်ကြတာတွေလည်း ကြားခဲ့ မြင်ခဲ့ရဖူးပါတယ်။

မတော်လို့ အဲ့ဒီလိုအခြေအနေနဲ့ တစ်စုံတစ်ယောက်ကများ ကြုံရနေသည်ရှိသော် ကျွန်မပြောချင်တာက လုံးဝစိတ်ဓါတ်မကျပါနဲ့။ ခေါင်းအေးအေးထားပြီး ဆရာကြီ ချစ်နိုင် ( စိတ်ပညာ ) ရဲ့ ‘အရည်အချင်းဆီသို့’ စာအုပ်ကိုသာ ဖတ်ကြည့်လိုက်ဖို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီစာအုပ်လေးထဲမှာ လူမှန်ရင် ဖြစ်တတ်တဲ့ စိတ်ရဲ့သဘောတွေ အကုန်ပါပြီး ကိုယ့်ရဲ့စိတ်ကို ကိုယ့်လက်ထဲမှာပဲ ပိုင်ပိုင်နိုင်နိုင် ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ လမ်းပြထားလို့ပါပဲ။ 

စာအုပ်စဖတ်ချင်းမှာတော့ ဗုဒ္ဓရဲ့ လောကမှာ အလွယ်တကူ ပြီးမြောက်နိုင်တဲ့ အကြောင်းတရားလေးပါးဖြစ်တဲ့ ( ၁ ) ကိုယ်နဲ့ သင့်တော်မယ့် စိတ်ချမ်းသာမှုကိုသာ ပေးနိုင်မယ့် ပတ်ဝန်းကျင် အရပ်ဒေသမှာ နေထိုင်ခြင်း၊ ( ၂ ) နေ့စဉ် ကောင်းမှုကုသိုလ်တွေ အထူးပြုလုပ်ခြင်း၊ ( ၃ ) ဆရာကောင်း မိတ်ဆွေကောင်းတွေကိုပဲ ရွေးချယ်ဆက်ဆံခြင်း၊ ( ၄ ) ဒေါသလွန်ကဲ လောဘလွန်ကဲ မာန်မာနထောင်လွှားတာတွေ ရှောင်ပြီး ကိုယ်စိတ်နှစ်ပါးလုံးကို အကုသိုလ်ကင်းအောင်နေခြင်း စတဲ့ စိတ်ကိုအောင်နိုင်ခြင်း အဆုံးအမနဲ့ စ,ထားလို့ ဗုဒ္ဓဘာသာဝင်တွေတင်မကဘဲ “စိတ်” ဆိုတဲ့ ထိန်းရခက်တဲ့ အရိုင်းအယဉ် သဘောတရား နှစ်မျိုးလုံးကို ပိုင်ဆိုင်နေကြရတဲ့ “စိတ်” ရှိသူ လူသားတိုင်းနဲ့ သက်ဆိုင်နေပါတယ်။ 

ပြီးတဲ့အခါ၊ တစ်ချိန်တုန်းက ‘The League of Nations’ ဆိုတဲ့ စာအုပ်ကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ သေသေသပ်သပ် ပြန်ဆိုနိုင်ခဲ့တဲ့ အသက် ( ၂၅ ) နှစ်အရွယ် လူငယ်ဖြစ်သူ ‘ဦးသန့်’ ဟာ ( ၂၇ ) နှစ်ကြာမှာတော့ နိုင်ငံအားလုံးက ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးတာဝန် ပေးအပ်ခြင်းခံရတဲ့ အကြောင်းကို ယှဉ်ပြီး၊ လူငယ်တိုင်း စိတ်ဓါတ်မကျဘဲ အမြဲ ကြိုးစားနေကြဖို့သာ အဓိကရည်ရွယ်ချက်နဲ့ အားပေးတိုက်တွန်းထားတာ လေးစားဖွယ် ဖတ်ရှုရဦးမှာပါ။

ဒါ့အပြင် အရာရာမှာ အောင်မြင်သူဖြစ်ဖို့ Win-Win စနစ်ကို လက်ကိုင်ထားပြီး သူလည်းနိုင် ကိုယ်လည်းနိုင် သူ့ဘက် ကိုယ်ဘက်မျှအောင် အကောင်းဘက်ကပဲ တွေးမြင်နိုင်အောင် လေ့ကျင့်ယူဖို့နဲ့ အလုပ်ထဲမှာပဲ စိတ်နှစ်ထားပြီး အလုပ်ကိုသာ အဆက်မပြတ် လုပ်နေဖို့ နှိုးဆော်ထားပါသေးတယ်။

ဆရာကြီးချစ်နိုင် ( စိတ်ပညာ ) ကိုယ်တိုင်ကလည်း သူ့ရဲ့ ဘဝတစ်ကွေ့မှာ ဆုံးဖြတ်ချက် အမှားတွေ ချမိပြီး စီးပွားရေးတွေ ကျဆုံး၊ ကိုယ်ပိုင် မိသားစုဘဝလေးအတွက်လည်း မျှော်လင့်ချက်မဲ့နေတုန်း၊ ပြည့်သူ့စာကြည့်တိုက်မှ အချိန်ကြာကြာ စာဖတ်နေရင်းမှ ဒဗလျူကလီးမင့်စတုန်းနဲ့ နပိုလီယန်ဟီးလ်တို့ ပူးတွဲရေးထားတဲ့ ‘The Success Through  A Positive Mental Attitude’ ဆိုတဲ့ စာအုပ်လေးကို ဖတ်မိရာကနေ စာအုပ်ထဲက အကြံပေးချက်တွေအတိုင်း လိုက်နာကျင့်သုံးပြီး ရည်ရွယ်ချက် လမ်းကြောင်းအမှန်ပေါ် ပြန်လည်တည့်မတ်နိုင်ခဲ့တဲ့ ဆရာကြီးရဲ့ ကိုယ်တွေ့အတွေ့အကြုံတွေကိုပါ ထည့်ရေးထားလို့ အရမ်းကို တန်ဖိုးရှိပြီး တကယ်ကို စိတ်ခွန်အားဖြစ်စေမယ့် စာအုပ်ကောင်းလေးတစ်အုပ်ရယ်ပါလို့ အပြောတင်မဟုတ်ဘဲ လက်တွေ့ပါ ခံစားကြည့်ရအောင် ဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ 

စာအုပ်အမည် - အရည်အချင်းဆီသို့
စာရေးဆရာ - ချစ်နိုင် ( စိတ်ပညာ ) 

[ ဝန်ဇင်းတွင် ဝယ်ယူဖတ်ရှုနိုင်မည့် ဈေးနှုန်း - မြန်မာငွေ *၆၀၀* ကျပ် ]

တကယ်လို့ ဖတ်မယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါနော်။
 
အခြားစာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts